Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်အား ပရိသတ်စိတ်ဝင်စားမှုများပြား
ရီးရဲလ်မက်ဒရစ်အနေဖြင့် ၎င်း၏ ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲဦးထွက်အဖြစ် မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်းတွင် ဇွန် ၁၈ ရက်၌ အယ်လ်ဟီလာအသင်းနှင့် ယှဉ်ပြိုင်မကစားမီ ထိုပွဲစဉ်အပေါ် ပရိသတ်များက ကြီးကြီးမားမား မျှော်လင့်ထားကြသည်။
အဆိုပါပွဲစဉ်မှာ ဇာဗီအလွန်ဆိုအနေဖြင့် ရီးရဲလ်မက်ဒရစ် နည်းပြချုပ်အဖြစ် တရားဝင်ကိုင်တွယ်မည့် ပထမဆုံးပွဲစဉ်လည်းဖြစ်သည်။ ရီးရဲလ်ကွင်းလယ်လူဟောင်းနှင့် လေဗာကူဆင်နည်းပြဟောင်း အလွန်ဆို အသင်းသို့ရောက်ရှိလာသည်မှာ တစ်ပတ်ကျော်သာ ရှိသေးသော်လည်း ၎င်းဖော်ဆောင်မည့် ကနဦးအပြောင်းအလဲများအပေါ် အားလုံးက စိတ်ဝင်စားလျက်ရှိသည်။
နည်းပြဟောင်း ကာလို အန်ဆယ်လော့တီလက်ထက်တွင် ရီးရဲလ်မက်ဒရစ်မှာ ကွင်းအတွင်း အကွာအဝေးလွှမ်းခြုံနိုင်မှုအနည်းဆုံး အသင်းများထဲတွင် ပါဝင်ကာ high press ကစားဟန်ကို အသုံးမပြုသလောက်နီးပါးဖြစ်ပြီး ပြိုင်ဘက်ကို ထိုးနှက်ရန် ကီလီယန် အမ်ဘာပေ၊ ဗင်နီစီယက်စ် ဂျူနီယာနှင့် ရိုဒရီဂိုတို့၏ အမြန်နှုန်းကိုသာ အားပြုကစားလေ့ရှိသည်။
သို့သော် အလွန်ဆိုမှာ လေဗာကူဆင်အား ကိုင်တွယ်ခဲ့စဉ်က high-pressing ကစားဟန်ကို အထူးနှစ်သက်သူဖြစ်ကာ ၎င်း၏ကစားသမားများကလည်း ခံစစ်ကြောင်းမှတစ်ဆင့် ပြိုင်ဘက်အသင်း၏ ကစားကွက်တည်ဆောက်မှုကို ဖြတ်တောက်ထားလေ့ရှိသည်။ ၎င်းအနေဖြင့် ရီးရဲလ်မက်ဒရစ်ကို စတင်တာဝန်ယူပြီးနောက် လေ့ကျင့်ခန်းအစီအစဉ် အနည်းငယ်သာ ပြုလုပ်ထားသည့်အတွက် မိုင်ယာမီမြို့၏ အပူဒဏ်အောက်တွင် ရီးရဲလ်ကစားသမားကိုလည်း ထိုအယူအဆအား သွတ်သွင်းနိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။
အလွန်ဆိုမှာ လေဗာကူဆင်အသင်း၌ သုံးယောက်တန်းခံစစ်အား တိုက်စစ်အားသန် full-back များနှင့် တွဲဖက်ကစားစေသည့် ကစားကွက်ကို မကြာခဏ အသုံးပြုလေ့ရှိသော်လည်း ရီးရဲလ်အသင်း၌ ထိုကစားကွက်ကို ဆက်လက်အသုံးပြုခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လီ‌ဗာပူးလ်အသင်းမှ အင်္ဂလန်နောက်ခံလူ ထရန့် အလက်ဇန်းဒါး-အာနိုးလ် ရောက်ရှိလာခြင်းကလည်း wing-back များ အသုံးပြုသည့် ကစားကွက်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကာ အာနိုးလ်အနေဖြင့်လည်း ဘုန်းမောက်အသင်းမှ ပြောင်းရွှေ့လာသော ဒင်းဟူဆန်နည်းတူ ရီးရဲလ်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးရန် အသင့်ရှိနေမည်ဖြစ်သည်။
…..
— ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေးဗားပလိတ် အနိုင်ရရှိခဲ့ပြီး ဒေါ့မွန်၊ အင်တာမီလန်တို့ သရေရလဒ်သာရရှိ
ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များတွင် ဥရောပကလပ်အသင်းများဖြစ်သည့် ဒေ့ါမွန်နှင့် အင်တာမီလန်တို့မှာ ဖလူမင်နန့်စ်၊ မွန်တာရေးအသင်းတို့နှင့် အသီးသီးသရေကျခဲ့ပြီး သရေတစ်မှတ်သာ ခွဲယူနိုင်ခဲ့သည်။
ဇွန် ၁၇ ရက် ပွဲစဉ်များတွင် တောင်အမေရိကကလပ် ရေးဗားပလိတ်က အူရာဝါရက်ဒ် ဒိုင်းမွန်းစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ရလဒ်အပြတ်သားဆုံးဖြစ်ခဲ့ကာ မာမီလိုဒီ ဆန်းဒေါင်းစ်က အူလ်ဆန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
နယူးဂျာစီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးကလပ် ဖလူမင်နန့်စ်နှင့် ဂျာမနီကလပ် ဒေ့ါမွန်တို့ ဂိုးမရှိသရေကျခဲ့ပြီး ဖလူမင်နန့်စ်အနေဖြင့် ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သည်။
ပါဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်းတွင် ဇွန် ၁၇ ရက် နှောင်းပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အင်တာမီလန်နှင့် မွန်တာရေးအသင်းတို့၏ ပွဲစဉ်၌ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဆာဂျီယို ရာမို့စ်၏ အစောပိုင်း ဦးဆောင်ဂိုးကို လော်တာရို မာတီနက်ဇ်က ပြန်လည်ချေပခဲ့ခြင်းဖြစ်သည်။
…..
— Queen’s Club Championships အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် အယ်လ်ကာရက်ဇ်နှင့် ဒရေပါတို့ ဒုတိယအဆင့်သို့ တက်ရောက်
ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် နိုင်ခြေအမြင့်ဆုံး ကစားသမားနှစ်ဦးဖြစ်သည့် ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ဂျက်ခ် ဒရေပါတို့နှစ်ဦးစလုံး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
စပိန်ကစားသမား အယ်လ်ကာရက်ဇ်မှာ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူပြီးနောက် လန်ဒန်သို့ တက်ကြွလန်းဆန်းစွာ ရောက်ရှိလာခဲ့သည်။ အဆိုပါ ကမ္ဘာ့အဆင့်-၂ ကစားသမားမှာ ပွဲချိန်နှောင်းပိုင်းတွင် အဲလက်စ် ဝေါ်လ်တန်၏ ကျားကုတ်ကျားခဲ တုံ့ပြန်မှုကို ကျော်လွှားကာ ၆-၄၊ ၇-၆ (၇) ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုရာသီ၏ ပထမဆုံး မြက်ခင်းကွင်းပွဲစဉ်၌ နိုင်ပွဲရရှိခဲ့သည်။
အစောပိုင်းပွဲစဉ်အဖြစ် အန်ဒီမာရေး အားကစားရုံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဒရေပါနှင့် အမေရိကန်တင်းနစ်ကစားသမား ဂျန်ဆန် ဘရွတ်စ်ဘီတို့၏ ပွဲစဉ်တွင် ဒရေပါက ၆-၃၊ ၆-၁ ဖြင့် အနိုင်ယူကာ အိမ်ရှင်ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပေးစွမ်းနိုင်ခဲ့သည်။
…..
— တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ဘာလင်အိုးပင်းမှ နုတ်ထွက်
အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်မှာ လည်ပင်းဒဏ်ရာကြောင့် WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သော ဘာလင်အိုးပင်းပြိုင်ပွဲမှ ဇွန် ၁၇ ရက်၌ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ပွဲစဉ်ဇယားအရ ကမ္ဘာ့အဆင့်-၄ တင်းနစ်မယ် ကျိန့်မှာ အဆိုပါပြိုင်ပွဲ ပထမအဆင့်၌ ဝင်ဘယ်ဒန်ချန်ပီယံဟောင်း အယ်လီနာ ရေဘက်ကီနာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ၎င်းနုတ်ထွက်သွားသည့်အတွက် အက်ရှ်လင်း ကရူဂျာနှင့် ရေဘက်ကီနာတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)


……………………….
(English Version)
Plenty of interest as Real Madrid prepares for 2025 Club World Cup debut
Expectations are high ahead of Real Madrid’s debut at the 2025 FIFA Club World Cup, as they face Al Hilal at Hard Rock Stadium in Miami on Wednesday.
The match marks Xabi Alonso’s first official game as Real Madrid head coach. Although the former Madrid midfielder and ex-Bayer Leverkusen boss has had just over a week with the squad, all eyes will be on what early changes he has implemented.
Under former coach Carlo Ancelotti, Real Madrid covered among the least distance on the pitch and rarely applied a high press, instead relying on the pace of Kylian Mbappe, Vinicius Jr. and Rodrygo to hit on the break.
Alonso favored a high-pressing style at Leverkusen, with his players disrupting opponents’ buildup from the back. Whether he can instill that mentality in Madrid after only a few sessions, particularly in Miami’s heat, remains to be seen.
At Leverkusen, Alonso frequently deployed a back three with attacking full-backs. It is unclear if he will adopt a similar system with Madrid.
The arrival of Trent Alexander-Arnold from Liverpool supports the use of wing-backs, and the England international appears poised to make his Real Madrid debut, along with Dean Huijsen, who signed from Bournemouth.
…..
River Plate cruises, Dortmund and Inter draw at Club World Cup
European sides were left frustrated at the FIFA Club World Cup on Tuesday as Borussia Dortmund and Inter Milan shared the points with Fluminense and Monterrey, respectively.
South America’s River Plate claimed the day’s most emphatic victory with a 3-1 defeat of Urawa Red Diamonds while Mamelodi Sundowns edged Ulsan 1-0.
In New Jersey, Brazil’s Fluminense was left to rue its profligacy in a goalless draw with Germany’s Borussia Dortmund.
In the day’s late match at the Rose Bowl in Pasadena, Inter Milan was held to a 1-1 draw by Monterrey after Lautaro Martinez cancelled out an early Sergio Ramos goal.
…..
Alcaraz, Draper into second round at Queen’s club
Top two seeds Carlos Alcaraz and Jack Draper both advanced to the second round of the men’s singles at the Queen’s Club Championships on Tuesday.
Spain’s Alcaraz arrived in London fresh off his second consecutive French Open title. The world No. 2 overcame a late challenge from lucky loser Alex Walton to win his first grass-court match of the season 6-4, 7-6(7).
Earlier, Draper thrilled the home crowd at Andy Murray Arena with a commanding 6-3, 6-1 victory over American Jenson Brooksby.
…..
China’s Zheng withdraws from Berlin Open
China’s Olympic champion Zheng Qinwen withdrew from the WTA 500 Berlin Open on Tuesday due to a right neck injury.
The world No. 4 was scheduled to face former Wimbledon champion Elena Rybakina in the first round. Instead, lucky loser Ashlyn Krueger will take Zheng’s place to play Rybakina