International Organizations
၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် ဂျူဗင်တပ်စ် ဂိုးပြတ်အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ် သရေကျ
ဇွန် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များတွင် မန်ချက်စတာစီးတီးနှင့် ဂျူဗင်တပ်စ်တို့ သက်သောင့်သက်သာဖြင့် အနိုင်ရရှိခဲ့သလို ဆဲလ်ဘတ်ကလည်း နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်မှာ သရေရလဒ်သာ ရရှိခဲ့သည်။
ဖီလာဒဲလ်ဖီးယားမြို့တွင် မော်ရိုကိုကလပ် ဝိုင်ဒက် ကက်ဆာဘလန်ကာအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ဖီးလ်ဖိုဒန်က တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေဖြင့် အဓိက ကစားသမားများကို အနားပေးခဲ့သော်လည်း ပွဲအစကတည်းကပင် စိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် နှစ်မိနစ်တွင် ဆယ်ဗင်ညို၏ ကန်ချက်အား ဂိုးသမား မက်ဒီ ဘန်နာဘစ် ပုတ်ထုတ်ရာမှ ပြန်ထွက်လာစဉ် ဖိုဒန်က ထပ်ဆင့်ပိတ်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပထမပိုင်းပြီးခါနီးတွင် ဂျယ်ရမီ ဒိုကူက ဖိုဒန်၏ ထောင့်ကန်ဘော ကန်တင်မှုမှတစ်ဆင့် အဝေးတိုင်ဆီသို့ မြေမကျကန်သွင်း၍ ဒုတိယအနိုင်ဂိုး သွင်းယူခဲ့သည်။
မိုင်ယာမီမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဆော်ဒီကလပ် အယ်လ်-ဟီလာတို့၏ ပွဲစဉ်၌ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ရီးရဲလ်ကစားသမား ဖက်ဒရီကို ဗယ်လ်ဗာဒီမှာ ပွဲချိန်နှောင်းပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီကို လွဲချော်ခဲ့သည်။
ပွဲချိန် မိနစ် ၃၀ ကျော်တွင် ရီးရဲလ်မက်ဒရစ် ဦးဆောင်ဂိုးရရှိသွားပြီး လျင်မြန်သည့် တန်ပြန်တိုက်စစ်မှတစ်ဆင့် ရိုဒရီဂို၏ အနေတော်ပေးပို့မှုကို ဂွန်ဇာလို ဂါစီယာက အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပထမပိုင်းပြီးခါနီးတွင် ရာအူးလ် အဆန်စီယိုက မားကို့စ် လီယိုနာဒိုအား ဆွဲလှဲခဲ့သဖြင့် အယ်လ်-ဟီလာအသင်း ပင်နယ်တီရရှိခဲ့ရာ ရူဘင် နဲဗက်စ်က ကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။
ဝါရှင်တန်မြို့တွင် ဇွန် ၁၈ ရက် နှောင်းပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဂျူဗင်တပ်စ်နှင့် ယူအေအီးကလပ် အယ်လ်အိန်းတို့၏ ပွဲစဉ်၌ ဂျူဗင်တပ်စ်က ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ရန်ဒါ ကိုလိုမူအာနီနှင့် ဖရန်စစ္စကို ကွန်ဆီကာအိုတို့က နှစ်ဂိုးစီသွင်းယူခဲ့ကာ တူရကီလက်ရွေးစင် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်ကလည်း တစ်ဂိုးသွင်းယူခဲ့သည်။ ဂျူဗင်တပ်စ်အနေဖြင့် ကလပ်ကမ္ဘာ့ဖလား အုပ်စု-G ၌ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
…..
— အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပို ဆော်ပေါ်လိုအသင်း မန်နေဂျာအဖြစ် တစ်ကျော့ပြန်တာဝန်ယူ
အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပိုအား ဘရာဇီး စီးရီးအေကလပ် ဆော်ပေါ်လိုအသင်း မန်နေဂျာအဖြစ် ဒုတိယအကြိမ် ခန့်အပ်လိုက်ကြောင်း အသင်းက ဇွန် ၁၈ ရက်၌ ကြေညာခဲ့သည်။
ဆော်ပေါ်လိုအသင်းအား ၂၀၂၁ ခုနှစ်၌ ရှစ်လကြာကိုင်တွယ်ခဲ့သည့် ခရက်စပိုမှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသော စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
ဘရာဇီးထိပ်တန်းလိဂ် ရာသီအစပိုင်းတွင် ရလဒ်များ ဆိုးရွားနေမှုကြောင့် ဇွန် ၁၇ ရက်က ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် တစ်နိုင်ငံတည်းသား နည်းပြဖြစ်သူ လူးဝစ်စ် ဇူဘယ်လ်ဒီယာ၏ နေရာတွင် ခရက်စပိုက အစားထိုးတာဝန်ယူမည်ဖြစ်သည်။
“ဆော်ပေါ်လိုအသင်းမှာ ခရက်စပို ပထမဆုံးအကြိမ် နည်းပြလုပ်ခဲ့တုန်းက အသင်းနဲ့ သူ့ကြားမှာ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှု၊ ကျေနပ်နှစ်သက်မှုဆိုတဲ့ အရာတွေကို ခိုင်ခိုင်မာမာ အုတ်မြစ်ချနိုင်ခဲ့ပါတယ်” ဟု ဆော်ပေါ်လိုအသင်း ဥက္ကဋ္ဌ ဂျူလီယို ကက်ဆာရက်စ်က အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“သူက အသင်းရဲ့အကြောင်းကို သိထားတဲ့ သိပ်တော်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး ဒီအသင်းမှာ ဆုဖလားရယူဖူးပါတယ်။ အခု သူ ဒီကိုပြန်လာဖို့ အချိန်ရောက်ပါပြီ။ အသင်းကို တကယ်ပြန်ရောက်လာတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်” ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
…..
— နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က သောမတ်စ်ဘတ်ချ်၏ ဥက္ကဋ္ဌသက်တမ်းအတွင်း အောင်မြင်မှုများကို ပြန်လည်သုံးသပ်
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ဥက္ကဋ္ဌဖြစ်သူ သောမတ်စ်ဘတ်ချ်၏ ဦးဆောင်မှုအောက်တွင် အိုလံပစ် လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲမှု၏ တိုးတက်အောင်မြင်မှုများကို မီးမောင်းထိုးပြလျက်ရှိသော အိုလံပစ် အစီရင်ခံစာသစ်ကို ဇွန် ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။
ဘတ်ချ်အနေဖြင့် ဥက္ကဋ္ဌနေရာအား ကာစတီ ကိုဗင်ထရီထံသို့ ဇွန် ၂၃ ရက်၌ လွှဲပြောင်းပေးမည်ဖြစ်သလို IOC ၏ ဒသမမြောက် ဥက္ကဋ္ဌအဖြစ် ကိုဗင်ထရီ ရွေးချယ်ခံရသည့် အထိမ်းအမှတ်အဖြစ် ၁၂၄ ကြိမ်မြောက် အိုလံပစ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုအစီရင်ခံစာ၌ ဘတ်ချ်က အိုလံပစ်လုပ်ငန်းစဉ် ၂၀၂၀ ဖြင့် အစပြုခဲ့ပြီး အိုလံပစ်လုပ်ငန်းစဉ် ၂၀၂၀+၅ အထိ ကြာမြင့်သော ခရီးကို အလေးအနက်သုံးသပ်ထားကြောင်း သိရသည်။
…..
— ကမ္ဘာ့ဂျူဒို ချန်ပီယံရှစ်ပြိုင်ပွဲ (အမျိုးသမီး) ၇၈ ကီလိုတန်းတွင် အဲလစ်စ် ဘယ်လန်ဒီ ရွှေတံဆိပ်ဆွတ်ခူး
ကမ္ဘာ့ဂျူဒို ချန်ပီယံရှစ်ပြိုင်ပွဲ ဆဌမမြောက်နေ့အဖြစ် ဇွန် ၁၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဖိုင်နယ်ပွဲ၌ အိုလံပစ်ချန်ပီယံ အီတလီ ဂျူဒိုအားကစားမယ် အဲလစ်စ် ဘယ်လန်ဒီက အများမျှော်လင့်ထားသည့်အတိုင်းပင် အမျိုးသမီး ၇၈ ကီလိုတန်း၌ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
ဂျပန်နိုင်ငံမှ ခုရဲနာ အိကဲဒါနှင့် ပေါ်တူဂီနိုင်ငံမှ ပက်ထရစ်ရှာ ဆမ်ပါအိုတို့က ကြေးတံဆိပ်ဆွတ်ခူးခဲ့ကာ တရုတ်နိုင်ငံမှ Ma Zhenzhao နှင့် ဆလိုဗေးနီးယားနိုင်ငံမှ Metka Lobnik တို့ကမူ ပဥ္စမနေရာ၌ ရပ်တည်နိုင်ခဲ့သည်။
ခြောက်ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲအပြီးတွင် ဆုတံဆိပ်ရရှိမှုအဆင့်၌ ဂျပန်နိုင်ငံက ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်လေးခုဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။ ဟဲဗီးဝိတ်တန်း ပြိုင်ပွဲကိုမူ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်ရှိ ပက်ပ်လက်စ်လို အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………………………………..
(English Version)
Juve hits five, Madrid held at FIFA Club World Cup
Manchester City and Juventus eased to wins while Real Madrid stumbled and Salzburg found a late winner at the FIFA Club World Cup on Wednesday.
In Philadelphia, Phil Foden scored one goal and set up another as Manchester City secured a 2-0 victory over Morocco’s Wydad Casablanca.
Despite resting key players, the Premier League side controlled the match from the outset with Foden firing home in the second minute after Savinho’s effort was parried away by goalkeeper Mehdi Benabid.
Jeremy Doku doubled the lead just before halftime when he volleyed home at the far post following Foden’s corner.
In Miami, Federico Valverde missed a late penalty as Real Madrid was held to a 1-1 draw by Saudi Arabia’s Al-Hilal.
The Spanish side took the lead just after the half hour through Gonzalo Garcia, who finished a swift counterattacking move by side-footing home after Rodrygo’s perfectly weighted through ball.
Ruben Neves equalized from the penalty spot after Raul Asencio brought down Marcos Leonardo just before halftime.
In Wednesday’s late match, Randal Kolo Muani and Francisco Conceicao scored two goals each as Juventus romped to a 5-0 win over United Arab Emirates outfit Al Ain. Turkey international forward Kenan Yildiz was also on target in Washington DC as the Italian Serie A side went top of Group G.
…..
Hernan Crespo returns as Sao Paulo manager
Former Argentina international striker Hernan Crespo has been appointed manager of Sao Paulo for a second time, the Brazilian Serie A side said on Wednesday.
Crespo, who had an eight-month spell in charge of the club in 2021, agreed to a deal that runs until December 2026.
He replaces compatriot Luis Zubeldia, who was sacked on Tuesday after a poor start to Brazil’s top-flight season.
“The relationship that was built between Crespo and Sao Paulo during the coach’s first stint left firm foundations of mutual respect and admiration,” Sao Paulo president Julio Casares said in a statement on the club’s official website.
“He is a great professional, who already knows the club, won a title here and the time has come for him to return. We are pleased to make this return a reality.”
…..
IOC reviews achievements of Thomas Bach’s presidency
The International Olympic Committee (IOC) on Tuesday released the latest edition of the Olympic Review, highlighting the achievements of the Olympic Agenda reforms under the leadership of President Thomas Bach.
Bach is set to hand over the presidency to Kirsty Coventry on June 23, and Issue 124 of the Olympic Review also marks Coventry’s election as the IOC’s 10th president. In the Review, Bach reflects on the journey that began with Olympic Agenda 2020 and continued through Olympic Agenda 2020+5.
…..
Alice Bellandi claims women’s 78kg gold at judo world championships
Italy’s Olympic champion Alice Bellandi lived up to expectations by winning the women’s 78kg gold medal in a grueling final on the sixth day of the World Judo Championships on Wednesday.
Kurena Ikeda of Japan and Patricia Sampaio of Portugal took home bronze medals, while Ma Zhenzhao of China and Metka Lobnik of Slovenia finished in fifth place.
Japan leads the medal standings with six golds, three silvers, and four bronzes after six days of competition. The heavyweight events will take place at the Papp Laszlo Arena in Hungary’s capital.