Connect with us

Asia

ဘရူနိုင်းနိုင်ငံတွင် အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်ချန်ပီယံရှစ် ကျင်းပပြီးစီး

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်ချန်ပီယံရှစ်၊ ၇၆ ကီလိုအထက်၊ အမျိုးသား အငယ်တန်း kumite ပြိုင်ပွဲပြီးနောက် ဘရူနိုင်းမှ Ak Mohamad Khalil Bin Pg Kamarulzaman (ယာ) နှင့် ဗီယက်နမ်မှ Duong Quang Bao တို့ တုံ့ပြန်နှုတ်ဆက်နေကြသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘီဂါဝန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံတွင် ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၁၉ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက ‌ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၃၁ ခုနှင့် ကြေးတံဆိပ် ၁၇ ခုဖြင့် ဆုဇယားထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၉ ခုနှင့် ကြေးတံဆိပ် ၂၄ ခုဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ယင်းနောက်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က အသီးသီးရပ်တည်ခဲ့ကြသည်။ အိမ်ရှင် ဘရူနိုင်းနိုင်ငံကမူ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၇ ခု ရရှိခဲ့သည်။
ဘရူနိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အချိန်သုံးရက်ကြာ ကျင်းပခဲ့သော အဆိုပါ ချန်ပီယံရှစ်ပြိုင်ပွဲသည် အရှေ့တောင်အာရှနိုင်ငံနှင့် ဒေသ ၁၀ မှ အားကစားသမား ၄၀၀ ကျော်က အသက်အရွယ်အပိုင်းအခြားအလိုက် ပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်ချန်ပီယံရှစ်၊ ၇၆ ကီလိုအထက် အမျိုးသား အငယ်တန်း kumite ပြိုင်ပွဲပြီးနောက် ဆုပေးပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရှင် ဘရူနိုင်းမှ Ak Mohamad Khalil Bin Pg Kamarulzaman (ဝဲဘက် တတိယ) ၊ ငွေတံဆိပ်ဆုရှင် ဗီယက်နမ်မှ Duong Quang Bao (ဝဲဘက် ဒုတိယ) ၊ ကြေးတံဆိပ်ဆုရှင် အင်ဒိုနီးရှားမှ Alexandro Putra Irawan Variel (ယာဘက် တတိယ) နှင့် ထိုင်းမှ Chokmoh Kawintep (ယာဘက် ဒုတိယ) တို့ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်ချန်ပီယံရှစ်၊ ၆၈ ကီလိုအောက် အမျိုးသား အငယ်တန်း kumite ပြိုင်ပွဲအတွင်း အင်ဒိုနီးရှားမှ Holden Rezvan Asar Akhtar (ရှေ့တန်း ယာဘက်) နှင့် ထိုင်းမှ Noisakul Soraphat (ရှေ့တန်း ဝဲဘက်) တို့ ယှဉ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Southeast Asia Karate Federation Championship concludes in Brunei
BANDAR SERI BEGAWAN, June 20 (Xinhua) — The 12th Southeast Asia Karate Federation Championship concluded Thursday in Brunei.
Vietnam topped the medal table with 28 gold, 31 silver, and 17 bronze medals. Indonesia ranked second with 11 gold, nine silver, and 24 bronze, followed by Thailand and Malaysia. Host nation Brunei earned one gold, one silver, and seven bronze medals.
The three-day championship, held in Brunei for the first time, drew more than 400 athletes from 10 Southeast Asian countries and regions, competing across various age divisions.
Photo 1: Ak Mohamad Khalil Bin Pg Kamarulzaman (R) of Brunei and Duong Quang Bao of Vietnam react after the junior kumite male 76+ kg match at the 12th Southeast Asian Karate Federation Championship in Bandar Seri Begawan, Brunei, June 19, 2025. (Xinhua/Li Meng)
Photo 2: Gold medalist Ak Mohamad Khalil Bin Pg Kamarulzaman (3rd L) of Brunei, silver medalist Duong Quang Bao (2nd L) of Vietnam, bronze medalists Alexandro Putra Irawan Variel (3rd R) of Indonesia and Chokmoh Kawintep (2nd R) of Thailand pose for photos during the awarding ceremony for the junior kumite male 76+ kg event at the 12th Southeast Asian Karate Federation Championship in Bandar Seri Begawan, Brunei, June 19, 2025. (Xinhua/Li Meng)
Photo 3: Holden Rezvan Asar Akhtar (Front R) of Indonesia competes with Noisakul Soraphat (Front L) of Thailand during the junior kumite male -68 kg match at the 12th Southeast Asian Karate Federation Championship in Bandar Seri Begawan, Brunei, June 19, 2025. (Xinhua/Li Meng)