Connect with us

North America

အမေရိကန်က အီရန်၏ နျူကလီးယား အဆောက်အအုံများတည်ရှိရာ နေရာသုံးခုကို တိုက်ခိုက်ခဲ့ဟု ထရမ့် ပြော

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Marine One ရဟတ်ယာဉ်ပေါ်မှ ဆင်းလာပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

“ဖော်ဒိုး၊ နာတန့်ဇ်နှင့် အက်စ်ဖာဟန်” အပါအဝင် အီရန်နိုင်ငံရှိ နျူကလီးယား အဆောက်အအုံများတည်ရှိရာ နေရာသုံးခုကို တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။“အခုဆိုရင် လေယာဉ်အားလုံး အီရန်လေပိုင်နက်ထဲကနေ ထွက်လာပါပြီ။ အဓိကနေရာဖြစ်တဲ့ ဖော်ဒိုးကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေ ကြဲချခဲ့ပါတယ်” ဟု ထရမ့်က Truth Social ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ ရေးသားခဲ့သည်။ အီရန်အနေဖြင့် “ယခုစစ်ပွဲကို ရပ်တန့်ရန်” သဘောတူလက်ခံရမည်ဟု အဆိုပါ တိုက်ခိုက်မှုအပြီးတွင် ထရမ့်က Truth Social ၌ ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Marine One ရဟတ်ယာဉ်ပေါ်မှ ဆင်းလာပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကလည်း အီရန်၏ နျူကလီးယား အဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ “သင်တို့က ဒီတိုက်ခိုက်မှုကို စတင်လိုက်ပြီမို့လို့ ကျုပ်တို့က အဆုံးသတ်ပေးရပါလိမ့်မယ်” ဟု အီရန်နိုင်ငံပိုင်ရုပ်သံ တင်ဆက်သူက ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ထရမ့်အနေဖြင့် အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် ရည်ရွယ်ခြင်းမရှိဘဲ အီရန်အား ဆွေးနွေးပွဲဆီသို့ ပြန်ရောက်လာအောင် တွန်းအားပေးလိုခြင်းဖြစ်ကြောင်း CNN က ဆိုသည်။

CBS သတင်းဌာနကလည်း တိုက်ခိုက်မှုများမှာ အမေရိကန်၏ အစီအစဉ်သာဖြစ်ကြောင်း၊ အီရန်၌ အစိုးရအပြောင်းအလဲကို ဖော်ဆောင်ရန် ရည်ရွယ်ခြင်းမရှိကြောင်း အမေရိကန်က အီရန်အား ဇွန် ၂၁ ရက်၌ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထရမ့်အနေဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို အလုံးစုံဖြိုခွင်းမည့် အစ္စရေး၏ ကြိုးပမ်းမှုအား အထောက်အကူပေးသည့်အနေဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကို မကြုံစဖူးအခြေအနေအထိ မြင့်တက်စေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။

အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်လာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် စစ်စခန်းများအပေါ် အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လာ‌နိုင်သည်ဟုလည်း ပြည်တွင်းမီဒီယာများက ဆိုသည်။ (Xinhua)

…………………………………………….
(English Version)
Trump says U.S. attacked 3 Iranian nuclear sites
WASHINGTON, June 21 (Xinhua) — U.S. President Donald Trump said Saturday that the United States has completed attacks on three nuclear sites in Iran, including “Fordow, Natanz and Esfahan.”
“All planes are now outside of Iran airspace. A full payload of BOMBS was dropped on the primary site, Fordow,” he said on the social platform Truth Social.
Tehran must agree to “end this war,” Trump wrote on Truth Social after the strikes.
Iran’s state-run IRNA news agency acknowledged attacks on the country’s nuclear facilities.
An Iranian state television commentator said that “you started it and we will end it,” according to a CNN report.
Trump isn’t planning additional U.S. strikes on Iran and wants to “propel Tehran back to negotiations,” said CNN.
CBS News said that the United States reached out to Iran diplomatically Saturday to say the strikes are all the U.S. plans and that regime change efforts are not planned.
Trump’s decision to intervene directly in support of Israel’s attempt to dismantle Iran’s nuclear program marks a historic escalation in the Middle East, local media said.
The intervention may provoke retaliation from Tehran against U.S. troops and military installations across the region, local media reported.
English Caption
U.S. President Donald Trump steps off Marine One upon his return to the White House in Washington, D.C., the United States, on June 21, 2025. (Xinhua/Hu Yousong)