International Organizations
၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားတွင် မန်စီးတီးနှင့် ဂျူဗင်တပ်စ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်လည်း နောက်တစ်ဆင့်တက်နိုင်ရန် နီးစပ်လာ
ဇွန် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များအပြီးတွင် မန်ချက်စတာစီးတီးနှင့် ဂျူဗင်တပ်စ်တို့ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း ပါချူကာကို တစ်ပွဲလုံးနီးပါး တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။
ဖီလာဒဲလ်ဖီးယားမြို့တွင် ဂျူဗင်တပ်စ်နှင့် မော်ရိုကိုကလပ် ဝီဒက် ကက်ဆာဘလန်ကာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်က အသက် ၂၀ အရွယ် တူကီယဲလက်ရွေးစင် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တစ်ပွဲကစားရန် ကျန်ရှိနေသော်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဂျူဗင်တပ်စ်အနေဖြင့် နှစ်ပွဲကစားပြီးချိန်တွင် ခြောက်မှတ်ရရှိထားကာ ဝီဒက်မှာမူ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သည့် အယ်လ်အိန်းနှင့် ပွဲစဉ်တွင် မည်သည့်ရလဒ် ထွက်ပေါ်စေကာမူ ပြိုင်ပွဲမှထွက်ခွာရမည်ဖြစ်သည်။
ရှားလော့မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် မက္ကဆီကိုကလပ် ပါချူကာတို့၏ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုပြိုင်ပွဲ၌ ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်မှာ ရမှတ်လေးမှတ်ဖြင့် အုပ်စု-H တွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ပါချူကာမှာမူ အောက်ဆုံးတွင်ရှိနေကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်တော့မည် မဟုတ်ပေ။
အခြားပွဲစဉ်တစ်ပွဲဖြစ်သော မန်ချက်စတာစီးတီးနှင့် ယူအေအီးကလပ် အယ်လ်အိန်းတို့ အတ္တလန်တာမြို့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ချက်စတာစီးတီးက ၆ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
စီးတီးအတွက် အနိုင်ဂိုးများကို အီလ်ကေး ဂွန်ဒိုဂန်က နှစ်ဂိုး၊ ကလော်ဒီယို အက်ရှီဗယ်ရီ၊ အော်စကာဘော့ဘ်၊ ရာယန်ချာကီနှင့် အာလင် ဟာလန်းတို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး ဟာလန်းမှာ ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရရှိခဲ့သည့်အတွက် စီးတီးအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
ထိုပွဲစဉ်၌ အယ်လ်အိန်းအသင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးပေါက်တည့်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရပြီဖြစ်သည်။
…..
— ဆန်းတို့စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နေမာ နီးစပ်နေ
ဘရာဇီး စီးရီးအေကလပ် ဆန်းတို့စ်အသင်း၏ ဝါရင့်တိုက်စစ်မှူး နေမာမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု အသင်းဥက္ကဋ္ဌဖြစ်သူက ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် နေမာ၏ လက်ရှိစာချုပ်မှာ ဇွန် ၃၀ ရက်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၎င်းအနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ရှိနေသည်ဟု ဘရာဇီးမီဒီယာများက ဖော်ပြလျက်ရှိသည်။
သို့သော် ဆန်းတို့စ်အသင်းက ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်ကစားသမားဟောင်းကို ဆက်လက်ထိန်းထားနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိသလို မကြာမီ သဘောတူညီမှု ရယူနိုင်မည်ဟုလည်း ယုံကြည်လျက်ရှိသည်။
“ကျွန်တော်တို့ နေမာရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပါတယ်” ဟု ကလပ်အသင်း ဥက္ကဋ္ဌ မာဆယ်လို တေးရှေရာက ဘရာဇီးအသံလွှင့်ဌာန Radio Bandeirantes သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုက အတော်လေးတိုးတက်နေပြီး နေမာအနေနဲ့ အသင်းမှာ ဆက်ရှိနိုင်မယ့် သဘောတူညီချက်သစ်တစ်ရပ်ရဖို့ အလွန်နီးစပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ဘရာဇီးအသင်းအတွက် ၇၉ ဂိုး သွင်းယူထားကာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ ပြင်းထန် ဒူးအရွတ်ဒဏ်ရာ ရရှိပြီးချိန်မှစ၍ ပုံမှန်ခြေစွမ်းပြနိုင်ရန်နှင့် ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်ရန် ရုန်းကန်ခဲ့ရသည်။
နေမာမှာ ငယ်ဘဝ ကလပ်အသင်းဖြစ်သည့် ဆန်းတို့စ်အသင်းထံ ခြောက်လစာချုပ်ဖြင့် ဇန်နဝါရီလ၌ ပြောင်းရွှေ့လာပြီးနောက် ယခုနှစ်အတွင်း ဆန်းတို့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပါဝင်ကစားထားပြီး သွင်းဂိုးသုံးဂိုးနှင့် ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ထားသည်။
…..
— Queen’s Club ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် အယ်လ်ကာရက်ဇ် ချန်ပီယံဆုဆွတ်ခူး
Queen’s Club ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၂ ရက်က ကျင်းပခဲ့ရာ ဆီဒင်-၁ ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ချက်ကြယ်ပွင့်ကစားသမား ဂျီရီ လီဟက်ကာကို ၇-၅၊ ၆-၇ (၅)၊ ၆-၂ ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်သည်။
ATP 500 ပြိုင်ပွဲအမျိုးအစား မြက်ခင်းကွင်းပြိုင်ပွဲဖြစ်သည့် Queen’s Club တွင် ၂၀၂၃ ခုနှစ်ကလည်း ချန်ပီယံဖြစ်ခဲ့ဖူးသည့် အယ်လ်ကာရက်ဇ်က ၎င်းအနေဖြင့် ယခုလအစောပိုင်းက ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ကာကွယ်နိုင်ပြီးနောက် မြက်ခင်းကွင်း၌ နှစ်ရက်သာ လေ့ကျင့်ချိန်ရခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင် ဆုဖလားကိုင်မြှောက်နိုင်မည်ဟု မျှော်လင့်မထားခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အဆိုပါ စပိန်သားမှာ လီဟက်ကာ၏ တုံ့ပြန်ကစားပုံကြောင့် ဒုတိယပွဲလတ်တွင် ရှုံးနိမ့်ခဲ့သော်လည်း အဆုံးအဖြတ်ပွဲတွင်မူ အရေးပါသော အခိုက်အတန့်များတွင် အသာစီးယူနိုင်ခဲ့သည်။
“ကျွန်တော် ဘာမျှော်လင့်ချက်မှမထားဘဲ ဒီကိုလာခဲ့တာပါ။ မြက်ခင်းကွင်းပေါ်မှာ ကျင့်သားရပြီး တိုးတက်ဖို့လိုနေသေးတဲ့ အရာတွေ၊ ပိုကောင်းအောင်လုပ်ရမယ့် အရာတွေကို သိနိုင်ဖို့ နှစ်ပွဲသုံးပွဲ ကစားကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာပါ” ဟု ဂရင်းစလင်း ချန်ပီယံငါးဆုရှင်က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ဝင်ဘယ်ဒန်အိုးပင်း ချန်ပီယံဆုကိုလည်း မကြာမီ ကာကွယ်ရမည်ဖြစ်သည်။
…..
— စည်းချက်ညီ ကျွမ်းဘားအားကစား အငယ်တန်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်ကျွမ်းဘားမယ် ဝမ်ချီ သမိုင်းဝင် ဆုတံဆိပ် ဆွတ်ခူး
ဇွန် ၂၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် FIG အငယ်တန်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ဘောလုံးနှင့်အတူ အလှပြကျွမ်းဘားကစားရသည့် ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စည်းချက်ညီ ကျွမ်းဘားအားကစားမယ် ဝမ်ချီက ငွေတံဆိပ်ဆွတ်ခူးခဲ့ကာ အငယ်တန်း ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ဆုရရှိသော ပထမဆုံး တရုတ်ကျွမ်းဘားကစားသမား ဖြစ်လာခဲ့သည်။
ဝမ်မှာ ဘောလုံး၊ ဖဲကြိုးတို့နှင့် အလှပြကျွမ်းဘားကစားရသော ပြိုင်ပွဲနှစ်ခုစလုံး၏ လက်ရည်စစ်ပွဲ၌ တတိယရရှိခဲ့ပြီးနောက် ထိုပြိုင်ပွဲနှစ်ခုစလုံးတွင် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဘောလုံးနှင့်အတူ အလှပြကျွမ်းဘားကစားရသော ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ၎င်းအနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ရမှတ် ၂၅.၉၅၀ ရရှိခဲ့ကာ ဖိုင်နယ်အဆင့်သို့ တက်ရောက်လာသူများအနက် ရသမြောက်မှုတွင် ရမှတ် ၉.၇၀၀ ဖြင့် အများဆုံးရရှိခဲ့သည်။ (Xinhua)
……………………..
(English Version)
City, Juve advance as Madrid closes in at Club World Cup
Manchester City and Juventus reached the last 16 of the FIFA Club World Cup on Sunday while Real Madrid moved closer with a gritty win over Pachuca despite playing nearly the entire match with 10 men.
In Philadelphia, 20-year-old Turkiye international forward Kenan Yildiz scored twice as Juventus routed Morocco’s Wydad Casablanca 4-1 to clinch a knockout phase spot with a game to spare.
Juventus now has six points from its two games while Wydad is eliminated irrespective of its last group-stage fixture against Al Ain.
In Charlotte, Real Madrid registered its first win of the tournament with a 3-1 defeat of Mexican side Pachuca.
The victory lifted Real Madrid to the top of Group H with four points while Pachuca is last and cannot advance to the next stage.
In Atlanta, Ilkay Gundogan struck twice as Manchester City trounced Al Ain of the United Arab Emirates 6-0.
Claudio Echeverri, Oscar Bobb, Rayan Cherki and Erling Haaland were also on target – the latter from the penalty spot – as City secured its place in the next round.
Al Ain had only 26% of the possession and managed only one shot on target, sealing its early exit from the competition.
…..
Neymar ‘close’ to extending Santos deal
Veteran forward Neymar is close to extending his contract with Santos, the Brazilian Serie A club’s president said on Sunday.
The 33-year-old’s current deal is set to expire on June 30 and local media have linked him with a possible move to Major League Soccer.
But Santos has intensified efforts to retain the former Barcelona and Paris Saint-Germain star in recent days and is confident a deal will be finalized soon.
“We are talking to Neymar’s representatives,” club president Marcelo Teixeira told Radio Bandeirantes. “We are making great progress with our negotiations and are very close to a new agreement that would allow Neymar to stay for a new period.”
Neymar, Brazil’s all-time leading scorer with 79 goals, has struggled for form and fitness since returning from a ruptured anterior cruciate ligament sustained in October 2023.
He has made just 12 appearances across all competitions for Santos this year, scoring three goals and providing three assists, after rejoining his boyhood club on a six-month contract in January.
…..
Alcaraz triumphs at Queen’s club
Top seed Carlos Alcaraz defeated Czech hopeful Jiri Lehecka 7-5, 6-7(5), 6-2 to claim the title at the Queen’s Club Championships on Sunday.
Alcaraz, who also won the grass-court ATP 500 event in 2023, admitted he didn’t expect to lift the trophy this time, having only practiced on grass for two days after taking time off following his successful French Open title defense earlier this month.
The 22-year-old Spaniard was tested by Lehecka, dropping the second set, but gained the upper hand during key moments in the decider.
“I came here with no expectations at all. I just came here with a goal to play two, three matches, try to feel great on grass and give myself the feedback of what I have to improve, what I have to better,” said the five-time Grand Slam winner, who will soon begin his Wimbledon title defense.
…..
Wang Qi wins historic medal at Rhythmic Gymnastics junior worlds
Chinese rhythmic gymnast Wang Qi won a silver medal in the ball event at the third FIG Junior World Championships on Sunday, becoming the first Chinese athlete to reach the podium at the junior worlds.
Wang advanced to the finals in both the ball and ribbon events after placing third in each of the qualifiers. In the ball final, she delivered an outstanding performance to score 25.950, earning the highest artistry score of 9.700 among all finalists.