Connect with us

Africa & Middle East

အီရန်နှင့် အပစ်အခတ်ရပ်စဲမှု အသက်ဝင်လာပြီးနောက် နိုင်ငံတစ်ဝန်း ကန့်သတ်ချက်များကို အစ္စရေး ရုပ်သိမ်း

အီရန်-အစ္စရေး အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာပြီးနောက် အစ္စရေးနိုင်ငံ အလယ်ပိုင်း တဲလ်အဗစ်မြို့၌ စိတ်အေးလက်အေး နေထိုင်လျက်ရှိသော ပြည်သူများကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Gideon Markowicz/JINI via Xinhua)

ဂျေရုဆလမ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
အစ္စရေးအစိုးရက နိုင်ငံတစ်ဝန်း အရေးပေါ် ကန့်သတ်ချက်များကို ဇွန် ၂၄ ရက် ညနေခင်းက ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် သီတင်းနှစ်ပတ်နီးပါးကြာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားမှုကို အဆုံးသတ်ခဲ့သည့် ထိရှလွယ်သော အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာပြီးနောက် ပုံမှန်အခြေအနေသို့ သတိဖြင့် ပြန်လည်ဦးတည်နေသည်ကို အရိပ်အမြွက်ပြသလျက်ရှိသည်။
အစ္စရေး တာဝန်ရှိသူများအနေဖြင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူ ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ၁၂ ရက်စစ်ပွဲ၏ နောက်ဆက်တွဲအခြေအနေကို ဆန်းစစ်အကဲဖြတ်ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကာ အစ္စရေးစစ်တပ် အကြီးအကဲများကမူ တိုက်ပွဲများ ရပ်တန့်နေသော်လည်း အီရန်နှင့် ၎င်း၏မဟာမိတ်များအပေါ် ပိုမိုကျယ်ပြန့်သော စစ်ဆင်ရေး ပြီးဆုံးရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
ကန့်သတ်ချက်များအား ပယ်ဖျက်မှုမှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် စတင်အသက်ဝင်လာသည့်အတွက် အစ္စရေးနိုင်ငံရှိ နေရာဒေသအားလုံး၌ စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် အများပြည်သူဆိုင်ရာ အခမ်းအနားများ ပြန်လည်ဖွင့်လှစ်မှု အပါအဝင် အရပ်သားများ၏ သွားလာလှုပ်ရှားမှုများကို အပြည့်အဝ ပြန်လည်စတင်နိုင်မည်ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသနှင့် ကပ်လျက်တည်ရှိသော ရပ်ရွာဒေသများမှာမူ ညွှန်ကြားချက်များအတိုင်း ဆက်လက်နေထိုင်ရမည်ဖြစ်ကာ လူ ၂,၀၀၀ အထိ စုဝေးခွင့်ရှိကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ချက်များ ဖြေလျှော့မှုမှာ သဘောတူညီချက်ကို ချိုးဖောက်၍ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု နှစ်နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲခဲ့သည့်အတွက် မတည်မငြိမ် စတင်ခဲ့ရသော အပစ်အခတ်ရပ်စဲမှုကို ဆက်လက်ထိန်းသိမ်းထားသည့် ရှေ့ပြေးလက္ခဏာတစ်ခုပင်ဖြစ်သည်။ အီရန်နိုင်ငံတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာနေရာများနှင့် နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထားသော အစ္စရေး၏ ဇွန် ၁၂ ရက် လျှပ်တစ်ပြက်တိုက်ခိုက်မှုက ယခုစစ်ပွဲကို အစပျိုးခဲ့ခြင်းဖြစ်သည်။
သီတင်းနှစ်ပတ်နီးပါးအတွင်း အီရန်၏ ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်မှုများကြောင့် အစ္စရေးနိုင်ငံတစ်ဝန်းရှိ နေရာ ၅၂ နေရာကို ထိမှန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဇွန် ၂၄ ရက်၌ ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် တိုက်ခိုက်မှုရှစ်ခုအတွင်း လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အစ္စရေး၏ နိုင်ငံလုံးဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ Magen David Adom ကမူ ဒဏ်ရာရသူ ၁,၃၁၉ ဦး ရှိသည့်အနက် ဒဏ်ရာပြင်းထန်သူ ၁၇ ဦး၊ အတန်သင့် ဒဏ်ရာပြင်းထန်သူ ၂၉ ဦးနှင့် အသေးစားဒဏ်ရာရသူ ၈၇၂ ဦးရှိကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ ဖြစ်ပွားစဉ်အတွင်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပိတ်ထားခဲ့သည့် တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နိုင်ငံမြောက်ပိုင်း ဟိုင်ဖာမြို့ရှိ လေဆိပ်တစ်ခုအား အပြည့်အဝ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အစ္စရေးလေကြောင်းအာဏာပိုင်အဖွဲ့က ဆိုသည်။
အစ္စရေးကာကွယ်ရေးတပ် စစ်ဦးစီးချုပ် အီယာလ် ဇာမီယာမှာ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ဇွန် ၂၄ ရက်က အခြေအနေအပေါ် အကဲဖြတ်သုံးသပ်ခဲ့ပြီး အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခမှာ ပြီးဆုံးရန် အလှမ်းဝေးနေသေးကြောင်း သတိပေးခဲ့သည်။ “ကျွန်တော်တို့ဟာ အရေးပါတဲ့အဆင့်ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ အီရန်အပေါ် စစ်ဆင်ရေးက မပြီးဆုံးသေးပါဘူး” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့စစ်ဆင်ရေးရဲ့ အောင်မြင်မှုအပေါ် အခြေခံပြီး အဆင့်သစ်တစ်ခုကို ဖော်ဆောင်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)


………………..
(English Version)
Israel lifts nationwide restrictions after ceasefire with Iran takes effect
JERUSALEM, June 24 (Xinhua) — Israel lifted nationwide emergency restrictions on Tuesday evening, signaling a cautious return to normalcy after a fragile ceasefire with Iran took hold, ending nearly two weeks of intense cross-border attacks.
The decision came as Israeli officials assessed the aftermath of the 12-day war, which left dozens dead and over 1,000 wounded, while military leaders warned that despite a pause in fighting, the broader campaign against Iran and its allies was far from over.
Israel’s Home Front Command announced in a statement that the cancellation of the restrictions, which took effect at 8 p.m. local time (1700 GMT), allows all regions of the country to resume full civilian activity, including the reopening of schools, workplaces, and public gatherings. Communities adjacent to the Gaza Strip will remain under guidelines allowing gatherings of up to 2,000 people.
The easing of restrictions marks a tentative sign that the truce is holding after a shaky start, during which both countries accused each other of violating the terms by continuing to launch strikes. An Israeli surprise attack targeting military sites and nuclear scientists across Iran on June 12 sparked the war.
Police said Tuesday that Iranian missile barrages had struck 52 locations across Israel during nearly two weeks of fighting. Eight of the attacks caused fatalities, killing one soldier and 27 civilians. Magen David Adom, Israel’s national rescue service, said 1,319 people were injured, including 17 seriously, 29 moderately, and 872 lightly.
Israel’s Airports Authority said that Ben Gurion International Airport near Tel Aviv and a smaller airport in the northern city of Haifa had resumed full operations after periods of partial or total shutdown during the hostilities.
Israel Defense Forces Chief of Staff Eyal Zamir held a situational assessment with senior officers on Tuesday and warned that the conflict with Iran is far from over. “We have concluded a significant phase, but the campaign against Iran is not over,” he said. “We are entering a new phase based on the achievements of the previous one.”
English Caption
People enjoy themselves after a ceasefire between Iran and Israel took effect in Tel Aviv, central Israel, on June 24, 2025. (Gideon Markowicz/JINI via Xinhua)