International Organizations
ကလပ်ကမ္ဘာ့ဖလားတွင် ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာသော်လည်း ပုံမှန်ခြေစွမ်းပြန်ရရန် အချိန်ယူရမည်ဟု ရိုဒရီ ပြော

အော်လန်ဒို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီက ၎င်းအနေဖြင့် ဒဏ်ရာပျောက်ကင်းပြီးနောက် လက်ရှိကျင်းပနေသော ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း၏ အဖွင့်ပွဲစဉ်နှစ်ပွဲ၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနေပြီ ဖြစ်သော်လည်း အကောင်းဆုံးပုံစံကို ပြန်လည်ရရှိရန် အချိန်ယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။
စပိန်လက်ရွေးစင်ကစားသမား ရိုဒရီမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် ပြင်းထန် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိပြီးနောက် ပြီးခဲ့သည့်ရာသီ၌ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ရာသီ နှောင်းပိုင်းတွင် အသင်းအတွက် ခေတ္တပါဝင်ကစားခဲ့ပြီးနောက် အမေရိကန်တွင် ကျင်းပလျက်ရှိသည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၎င်း၏ ကြံ့ခိုင်မှုအခြေအနေမှာ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်သည်။
“ကျွန်တော် ဒီမှာရှိနေရတာ အရမ်းကျေနပ်မိသလို အရမ်းလည်းပျော်ပါတယ်။ ဘောလုံးပြန်ကစားဖို့အတွက်ဆိုရင် ဒါက သိပ်ကောင်းတဲ့ ပြိုင်ပွဲတစ်ပွဲပါပဲ။ အသင်းနဲ့ ပြန်ပြီးပူးပေါင်းနိုင်တဲ့အတွက် တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်” ဟု ဂျူဗင်တပ်စ်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရိုဒရီက ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အတော်လေး ကြံ့ခိုင်မှုရှိနေပြီလို့ ခံစားမိပါတယ်။ ဒီလုပ်ငန်းစဉ်က အချိန်ကြာသွားပေမဲ့ ကျွန်တော် အချိန်ယူနေရတုန်းပါပဲ။ အရေးအကြီးဆုံးကတော့ စိတ်ဓာတ်မကျဘဲ အာရုံစူးစိုက်ထားပြီး သန်သန်မာမာရှိဖို့ပါပဲ” ဟု ရိုဒရီက ၎င်း၏ ကြံ့ခိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ ပြောပြခဲ့သည်။ (Xinhua)
……………………………………………….
(English Version)
Rodri says return to form will take time despite Club World Cup progress
ORLANDO, June 26 (Xinhua) — Manchester City’s Rodri has continued his long return from injury at the ongoing FIFA Club World Cup with substitute appearances in his side’s opening two group matches, but the midfielder says it will take some time to get back to his best.
Spain international Rodri missed nearly all of last season after tearing his cruciate knee ligament against Arsenal in September 2024. After a brief appearance at the end of the campaign, he is stepping up his recovery in the U.S.-based tournament.
“I feel very good and very happy to be here. It’s an amazing tournament to start to play football again. I’m really excited to join the team again,” Rodri said ahead of City’s final group game against Juventus.
“I feel very, very strong, to be honest. The process was long, but I was taking my time. The most important thing was to keep focused and be strong, not be sad or whatever,” the midfielder said of his recovery.