Connect with us

International Organizations

ဟယ်ရီကိန်း၊ ဂျာအိုနဲဗက်စ်တို့၏ ခြေစွမ်းပြမှုဖြင့် ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီတို့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ရောက်

နယူးယောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် အသီးသီးအနိုင်ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီတို့မှာ ကွာတားဖိုင်နယ်တွင် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ဖလာမင်ဂိုအသင်း၏ ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး ဟယ်ရီကိန်း၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပီအက်စ်ဂျီကလည်း လီယွန်နယ် မက်ဆီ ပါဝင်ကစားနေသည့် အင်တာမိုင်ယာမီကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ပီအက်စ်ဂျီနှင့် အင်တာမိုင်ယာမီတို့၏ ပွဲစဉ်အား အတ္တလန်တာမြို့တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်နှင့် ဖလာမင်ဂိုအသင်း၏ ပွဲစဉ်၌ ဖလာမင်ဂို ကစားသမား အဲရစ်ပူလ်ဂါ ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဟယ်ရီကိန်းက အဝေးကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့သဖြင့် ဘိုင်ယန်အသင်းက ဦးဆောင်ဂိုးများ စောစောစီးစီး ရရှိခဲ့သည်။
ဂျာဆန်က ၁၅ ကိုက်အကွာမှ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း လီယွန် ဂေါ့ဇ်ကာက ပြိုင်ဘက်ခံစစ် ရှင်းထုတ်လိုက်သည့် ဘောလုံးကို ရင်ဘတ်ဖြင့်ထိန်း၍ ၂၅ ကိုက်အကွာမှ အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား အော်ဂတ်စတင် ရော့စီ မကာကွယ်နိုင်ခဲ့သဖြင့် ဘိုင်ယန်အသင်း တတိယဂိုးရရှိခဲ့သည်။
ထို့နောက် ဖလာမင်ဂိုက ဆက်တိုက်ဖိအားပေး တိုက်စစ်ဆင်ခဲ့ရာ ပွဲကစားချိန် မိနစ် ၆၀ မတိုင်မီ မိုက်ကယ် အိုလစ်ဆီ လက်ထိခဲ့သဖြင့် ရရှိလာသော ပင်နယ်တီကို ဂျော်ဂျင်ညိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
သို့သော် ကင်းမစ်ချ်၏ အနေတော်ပေးပို့မှုမှတစ်ဆင့် ဟယ်ရီကိန်းက ဂိုးသမား‌ရော့စီကိုကျော်၍ အနိမ့်ဘောကန်သွင်းကာ အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပီအက်စ်ဂျီနှင့် အင်တာမိုင်ယာမီအသင်း၏ ပွဲစဉ်၌ ပီအက်စ်ဂျီက ဂျာအို နဲဗက်စ်၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် လေးဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီအနေဖြင့် အဆိုပါသွင်းဂိုး လေးဂိုးစလုံးကို ပထမပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဗီတင်ညာ၏ သေသပ်တိကျသော အလွတ်တည်ကန်ဘောမှတစ်ဆင့် ပေါ်တူဂီလက်ရွေးစင်ကစားသမား နဲဗက်စ်က အဝေးတိုင်ဆီသို့ ခေါင်းတိုက်သွင်း၍ ဥရောပချန်ပီယံတို့အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ဖေဘီယန် ရူအိစ်နှင့် တွဲလုံးမှတစ်ဆင့် နဲဗက်စ်က အသာအယာပိတ်သွင်း၍ ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့သည်။
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီမှာ ပြိုင်ဘက်အား စနစ်တကျတုံ့ပြန်နိုင်ခဲ့ခြင်းမရှိသလို ညာခြမ်းမှ ဒီဆရဲဒူး၏ ဖြတ်တင်ဘောပေးပို့မှုမှာ တိုမတ်စ် အဗီလက်စ်၏ ရင်ဘတ်နှင့်ထိကာ ဂိုးဝင်သွားသဖြင့် ပီအက်စ်ဂျီအသင်း တတိယဂိုး ရရှိခဲ့သည်။ ထို့နောက် မော်ရိုကိုညာနောက်ခံလူ အက်ခရက်ဖ် ဟာကီမီ၏ ရှစ်ကိုက်အကွာမှ ကန်သွင်းချက်မှာ ဂိုးဘားတန်းထိ၍ ပြန်ထွက်လာခဲ့ရာ ၎င်းကပင် ထပ်ဆင့်ပိတ်သွင်း၍ စတုတ္ထဂိုး သွင်းယူခဲ့သည်။
ဘလွန်းဒီအော်ဆု ရှစ်ကြိမ်ရရှိထားသည့် မက်ဆီအနေဖြင့် အသင်းဟောင်းနှင့် ရင်ဆိုင်ရသည့် ပွဲစဉ်၌ ပွဲချိန်ဒုတိယပိုင်းတွင် အင်တာမိုင်ယာမီအတွက် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး သေသပ်လှပသော လိမ်ခေါက်ဖြတ်ကျော်မှုများ ပြုလုပ်နိုင်ခဲ့သလို ၎င်း၏ခေါင်းတိုက်ချက်မှာလည်း ဂိုးပေါက်နှင့်ကပ်၍ လွဲချော်ခဲ့သည်။ သို့သော် အင်တာမိုင်ယာမီမှာ ချေပဂိုးများရရှိရန် လုံလောက်သည့် စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ဘဲ ဥရောပထိပ်တန်းကလပ်နှင့် မေဂျာလိဂ်ကလပ်အသင်းကြား အရည်အသွေးကွာဟမှုကို ပီအက်စ်ဂျီက လက်တွေ့ပြသသွားခဲ့သည်။ (Xinhua)


……………………………….
(English Version)
Kane, Neves lead Bayern, PSG to Club World Cup quarters
NEW YORK, June 29 (Xinhua) — Bayern Munich and Paris Saint-Germain will meet in a tantalizing FIFA Club World Cup quarterfinal after winning their round-of-16 matches on Sunday.
In Miami, Harry Kane struck twice as Bayern Munich progressed with a 4-2 victory over a spirited Flamengo while Paris Saint-Germain eliminated Lionel Messi’s Inter Miami with a 4-0 rout in Atlanta.
Bayern went ahead early at Hard Rock Stadium courtesy of an Erick Pulgar own goal and Kane doubled the lead with a long-range effort after a turnover.
Gerson reduced the deficit by rifling home from 15 yards before Leon Goretzka controlled a defensive clearance with his chest and thumped a 25-yard drive past Agustin Rossi.
The Brazilian side continued to press and Jorginho converted from the penalty spot after a Michael Olise handball just before the hour.
But the Bundesliga champions pulled away again through Kane, who slotted a low shot past Rossi after Kimmich’s perfectly weighted pass.
Earlier, Joao Neves scored twice as Paris Saint-Germain netted four first-half goals en route to a comprehensive win over Inter Miami.
Portugal international Neves opened the scoring for the European champions by meeting a sumptuous free-kick from compatriot Vitinha to head home at the far post. Neves then combined with Fabian Ruiz for an easy tap-in.
Nothing went right for the MLS club and Tomas Aviles inadvertently chested the ball into his own net after Desire Doue’s cross from the right flank. Moroccan right-back Achraf Hakimi fired home a fourth goal after his initial attempt from eight yards rebounded off the bar.
Eight-time Ballon d’Or winner Messi, playing against his former club, did his best to lift Inter Miami in the second half with a series of vintage dribbles and a near-miss with a header. But his team could do little more than limit the damage as PSG showed the gulf in quality between Europe’s elite and the MLS.