International Organizations
အိုလီဗီယာ ဂျရူး လော့စ်အိန်ဂျလိစ်အက်ဖ်စီမှ ထွက်ခွာမည်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျရူးက ၎င်းအနေဖြင့် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီ (LAFC) အသင်း၌ တစ်နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းမှထွက်ခွာရန် သဘောတူညီမှုရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။
အဆိုပါ အသက် ၃၈ နှစ်အရွယ် ကစားသမား၏ စာချုပ်သက်တမ်းမှာ ဒီဇင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ကာ ၎င်းအနေဖြင့် ဇွန် ၂၉ ရက်က ဗန်ကူးဗားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ LAFC အတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားပေးခဲ့သည်။
“ကျွန်တော့်ကစားသမားဘဝမှာ ပျော်ရွှင်ချမ်းမြေ့စရာ ကာလတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေကိုရော အသင်းဖော်တွေနဲ့ LAFC က ဝန်ထမ်းအားလုံးကိုပါ ကျေးဇူးတင်စကား ပြောချင်ပါတယ်” ဟု ဂျရူးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“LAFC ရဲ့ အောင်မြင်မှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ကျေနပ်ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့တာနဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရခဲ့တာတွေက ဒီအသင်းမှာ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
ဂျရူးအနေဖြင့် ၂၀၂၄ ခုနှစ် မေလတွင် အေစီမီလန်အသင်းမှ ကယ်လီဖိုးနီးယားအခြေစိုက် ကလပ်အသင်းဆီသို့ ပြောင်းရွှေ့လာပြီးနောက် ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် အမေရိကန်တွင် ကျင်းပလျက်ရှိသည့် ဖီဖာကလပ်ကမ္ဘာ့ဖလား၌ လူစားဝင်ကစားသမားအဖြစ် နှစ်ပွဲအပါအဝင် LAFC ၏ ပွဲစဉ်သုံးပွဲစလုံးတွင် ပါဝင်ကစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို LAFC မှာလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပေ။ (Xinhua)
………………………..
(English Version)
Giroud to leave Los Angeles FC
LOS ANGELES, June 28 (Xinhua) — French striker Olivier Giroud said Friday that he had reached an agreement to leave Los Angeles FC after just one year with the Major League Soccer club.
The 38-year-old, whose contract had been due to expire in December, will make his last appearance for LAFC in a home match against Vancouver on Sunday.
“I want to thank all of the fans, my teammates and the staff at LAFC for making this an enjoyable stop in my career,” Giroud said in a statement.
“I am happy to have played a part in the success of LAFC. From winning a trophy last season to participating in the Club World Cup, this has been a great experience in LA for me and my family.”
Giroud scored five goals in 37 appearances for the Californian side after joining from AC Milan in May 2024. He featured in all three of the club’s matches at the FIFA Club World Cup in the United States – twice as a substitute – but failed to score as LAFC bowed out before the knockout phase.