International Organizations
ဝင်ဘယ်ဒန်ပြိုင်ပွဲက ၂၅ ကြိမ်မြောက် ဂရင်းစလင်းဆုဖလား ရယူရန် အကောင်းဆုံးအခွင့်အရေး ဖြစ်နိုင်ဟု ဂျိုကိုဗစ် ပြော

လန်ဒန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ဆားဘီးယား တင်းနစ်အကျော်အမော် နိုဗက် ဂျိုကိုဗစ်က ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၂၅ ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုကို စံချိန်တင် ကိုင်မြှောက်နိုင်ရန် ၎င်းအတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နိုင်သည်ဟူသော အချက်ကို သဘောတူလက်ခံခဲ့ကြောင်း သိရသည်။
ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၂၅ ကြိမ်မြောက် ဂရင်းစလင်းဆုဖလားကို ဆွတ်ခူးနိုင်မည့် အကောင်းဆုံးအခွင့်အရေးဖြစ်ကာ ယခုနှစ် မြက်ခင်းကွင်း ဂရင်းစလင်းပြိုင်ပွဲ၌ နောက်ဆုံးပါဝင်နိုင်မည့် ပြိုင်ပွဲဖြစ်သည်ဟူသော အချက်ကို လက်ခံယုံကြည်ခြင်းရှိမရှိ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲအကြို ဇွန် ၂၈ ရက် သတင်းစာရှင်းလင်းပွဲ၌ အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်အား မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ဒါက ကျွန်တော်နောက်ဆုံးပါဝင်နိုင်မယ့် ပြိုင်ပွဲဟုတ်မဟုတ်ဆိုတာ သေချာမသိသေးသလို ကျွန်တော် နောက်ထပ်ယှဉ်ပြိုင်မယ့် ပြင်သစ်အိုးပင်း ဒါမှမဟုတ် တခြား ဂရင်းစလင်းပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း သေချာမသိသေးပါဘူး” ဟု ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် အကြိမ် ၂၀ မြောက် ပါဝင်မည့် ဂျိုကိုဗစ်က ဆိုသည်။
“ကျွန်တော့်ဆန္ဒကတော့ နောက်ထပ်နှစ်အတန်ကြာ တင်းနစ်ဆက်ကစားဖို့ပါပဲ။ ကျွန်တော် အမြင့်ဆုံးအဆင့်မှာ ဆက်ကစားနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်သန်စွမ်းပြီး စိတ်ဓာတ်တက်တက်ကြွကြွ ရှိချင်ပါတယ်။ ဒါက ရည်မှန်းချက်ဆိုပေမဲ့ အခုအချိန်မှာ လုံးဝကြိုမသိနိုင်ဘူးလေ” ဟု ၎င်းက ပြောသည်။
ဝါရင့်ကစားသမား ဂျိုကိုဗစ် (ဆီဒင်-၆) မှာ ပြင်သစ်ကစားသမား အလက်ဇန်းဒါး မူလာနှင့် အဖွင့်ပွဲစဉ်၌ ရင်ဆိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဆိုလျှင် ယခုနှစ်အစောပိုင်းက ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်တွင် ၎င်းအား အနိုင်ယူခဲ့သည့် ကမ္ဘာ့အဆင့်-၁ ဂျန်းနစ် ဆင်နာနှင့် တစ်ကျော့ပြန်ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
…………………
(English Version)
Wimbledon could be best chance for 25th Grand Slam title: Djokovic
LONDON, June 28 (Xinhua) — Serbian legend Novak Djokovic agreed that Wimbledon could offer his best chance to claim a record-extending 25th Grand Slam title.
While attending the pre-Championships press conference on Saturday, the 38-year-old was asked if he believed this year’s Wimbledon could be his best chance to win the 25th Grand Slam title and could it be his last dance at the grass-court Grand Slam this year.
“Whether it could be my last dance, I’m not sure, as I’m not sure about Roland Garros or any other Slam that I play next,” said Djokovic prior to his 20th appearance at Wimbledon.
“My wish is to play for several more years. I would love to be healthy physically and also mentally motivated to keep on playing at the highest level. That’s the goal, but you never know at this stage.”
The sixth-seeded veteran will face Frenchman Alexandre Muller in the opening round. If he reaches the semifinals, he could meet world No. 1 Jannik Sinner who defeated him in the French Open semifinals earlier this year.