International Organizations
၂၀၂၅ ခုနှစ် ဇွန် ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပေါ်တူဂီက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နေးရှင်းလိဂ် ဆုဖလားကို ဒုတိယအကြိမ် ဆွတ်ခူး
ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပေါ်တူဂီအသင်းနှင့် စပိန်အသင်းတို့ မြူးနစ်မြို့တွင် ဇွန် ၈ ရက်က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပုံမှန်ပွဲကစားချိန် ပြီးဆုံးသည်အထိ တစ်ဖက်နှစ်ဂိုးစီ သရေကျနေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ပေါ်တူဂီက ၅-၃ ဂိုးဖြင့် အနိုင်ရရှိကာ နေးရှင်းလိဂ်ဆုဖလားကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ယခုပွဲစဉ်၌ ခရစ္စတီယာနို ရော်နယ်ဒိုက သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။
ရော်နယ်ဒိုမှာ ဂျာမနီအသင်းနှင့် ကစားခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူခဲ့သလို ဗိုလ်လုပွဲတွင်လည်း ပွဲကစားချိန် ၆၁ မိနစ်တွင် ချေပဂိုးသွင်းယူကာ ပေါ်တူဂီအသင်း၏ ချန်ပီယံမျှော်လင့်ချက်များကို အသက်ဆက်ပေးခဲ့သည်။ ယခုပွဲစဉ်၌ သွင်းဂိုးတစ်ဂိုး ရရှိခဲ့ခြင်းကြောင့် ရော်နယ်ဒိုမှာ နိုင်ငံအသင်းအတွက် ၂၂၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၈ ဂိုးအထိ စံချိန်တင်သွင်းယူထားနိုင်ပြီဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အား ၅-၄ ဂိုးဖြင့် အနိုင်ယူခဲ့သည့် စပိန်အသင်းက ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်တွင် ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမား လာမင်း ယမားလ်၏ ပါးပါးနပ်နပ် ပေးပို့မှုမှတစ်ဆင့် မာတင် ဇူဘီမန်ဒီက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် ငါးမိနစ်အကြာတွင် ပေါ်တူဂီအသင်း ချေပဂိုးရရှိသွားပြီး နူနို မန်ဒက်စ်က စပိန်ဂိုးသမား အူနိုင်း ဆိုင်မွန်ကိုကျော်ကာ အပြင်းကန်သွင်းခဲ့ခြင်းဖြစ်သည်။
ပထမပိုင်း မပြီးဆုံးမီတွင် ပက်ဒရီက ပေါ်တူဂီခံစစ်ကိုကျော်၍ ပေးပို့ခဲ့ရာ မစ်ကယ် အိုယာဇာဘယ်က တည်တည်ငြိမ်ငြိမ် အဆုံးသတ်နိုင်ခဲ့သဖြင့် စပိန်အသင်းက ၂-၁ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၆၁ မိနစ်တွင် မန်ဒက်စ်၏ ဖြတ်တင်ဘောကြောင့် စပိန်ဂိုးဧရိယာအတွင်း ဖရိုဖရဲဖြစ်နေစဉ် ရော်နယ်ဒိုက အရေးပါသော ချေပဂိုးကို သွင်းယူပေးခဲ့သည်။
ထို့နောက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် နှစ်သင်းစလုံးက သုံးဂိုးစီ ဂိုးဝင်အောင်သွင်းနိုင်ခဲ့သော်လည်း စပိန်အသင်းမှ လူစားဝင်ကစားသမား အယ်လ်ဗာရို မိုရာတာ၏ ကန်ချက်ကို ဒီယိုဂို ကော်စတာ ကာကွယ်နိုင်ခဲ့သည်။
ထို့နောက် ပေါ်တူဂီအသင်းမှ ရူဘင် နဲဗက်စ်က အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင်သွင်းယူနိုင်ခဲ့သဖြင့် ပေါ်တူဂီအသင်း အောင်ပွဲခံနိုင်ခဲ့သည်။
…..
— နည်းပြဖြစ်သူနှင့် အဆင်မပြေမှုကြောင့် ပိုလန်အသင်းမှ လီဝန်ဒေါစကီး နုတ်ထွက်
နည်းပြချုပ်ဖြစ်သူ Michal Probierz အပေါ် အယုံအကြည်မရှိသည့်အတွက် ပိုလန်လက်ရွေးစင်အသင်းမှ နုတ်ထွက်ကြောင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက ဇွန် ၈ ရက်၌ ကြေညာခဲ့သည်။
အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးမှာ ပိုလန်အသင်းအတွက် ၁၅၈ ပွဲ ပါဝင်ကစားထားပြီး ၈၅ ဂိုး သွင်းယူထားကာ အသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သလို ၂၀၁၄ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။ သို့သော် နည်းပြ Probierz ကိုင်တွယ်နေသမျှကာလပတ်လုံး ၎င်းအနေဖြင့် အသင်းအတွက် ကိုယ်စားပြုကစားပေးတော့မည် မဟုတ်ကြောင်း ဘာစီလိုနာ တိုက်စစ်မှူးက ပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ပီယော့တာ ဇယ်လင်စကီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း နည်းပြ Probierz က လီဝန်ဒေါစကီးအား အသိပေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေမှုမှာ လူသိရှင်ကြား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“နည်းပြ Michal Probierz ရဲ့ ဆုံးဖြတ်ချက်အရ ပီယော့တာ ဇယ်လင်စကီဟာ ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာပါပြီ။ နည်းပြဖြစ်သူကလည်း ရောဘတ်လီဝန်ဒေါစကီးကိုတင်မကဘဲ တစ်သင်းလုံးကိုရော ထရိန်နင်ဝန်ထမ်းတွေကိုပါ အသိပေးပြီးပါပြီ” ဟု ပိုလန်ဘောလုံးအဖွဲ့ချုပ် (PZPN) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက် ထုတ်ပြန်ပြီး မရှေးမနှောင်းတွင် လီဝန်ဒေါစကီးက သီးခြား ကြေညာချက်ထုတ်ပြန်ကာ အသင်းမှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
…..
— ဘရာဇီးအသင်းအနေဖြင့် ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ရန် ကက်စီမီရို တိုက်တွန်း
ဘရာဇီးအသင်းအနေဖြင့် ဇွန် ၁၀ ရက်တွင် ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အသင်း၏ ပင်ကိုတိုက်စစ်စွမ်းရည်များကို ပြန်လည်ဖော်ထုတ်နိုင်ရန် ရည်မှန်းထားကြောင်း ဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုက ပြောကြားခဲ့သည်။
နည်းပြသစ် ကာလို အန်ဆယ်လော့တီ ပွဲဦးထွက်ကိုင်တွယ်သည့် ပွဲစဉ်အဖြစ် ဂွါယာကီမြို့၌ အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဂိုးမရှိသရေကျခဲ့ပြီး အဆိုပါပွဲစဉ်၌ ဘရာဇီးအသင်းမှာ ခံစစ်ကစားပုံ စနစ်တကျရှိခဲ့သော်လည်း တိုက်စစ်ပိုင်းမှာမူ ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။
အသင်းနှင့် နှစ်နှစ်နီးပါး ဝေးကွာနေခဲ့ပြီး နည်းပြသစ် အန်ဆယ်လော့တီလက်ထက်တွင် ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရသည့် ကက်စီမီရိုက ဘရာဇီးအနေဖြင့် ဆော်ပေါ်လိုမြို့ရှိ ကော်ရင်သီယန်စ် အားကစားကွင်း၌ ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ခြေစွမ်းပြနေသည့် ပြိုင်ဘက်အသင်းအား ဖြိုခွင်းနိုင်ရန် ကြိုတင်ပြင်ဆင်သည့် ချဉ်းကပ်မှုပုံစံကို ပိုမိုကျင့်သုံးရန် လိုအပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
…..
— အယ်လ်ကာရက်ဇ်က ဆင်နာအား အကြိတ်အနယ်ကစားကာ အနိုင်ယူခဲ့ပြီး ပြင်သစ်အိုးပင်း ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူး
ဇွန် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကားလို့စ် အယ်လ်ကာရက်ဇ်က နှစ်ပွဲရှုံးနိမ့်နေရာမှ အကြိတ်အနယ်ကစားကာ ဂျန်းနစ်ခ် ဆင်နာ (ဆီဒင်-၁) အား ၄-၆၊ ၆-၇ (၄)၊ ၆-၄၊ ၇-၆ (၃)၊ ၇-၆ (၁၀-၂) ဖြင့် အနိုင်ယူ၍ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်မှာ ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ အချိန်အကြာဆုံး ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ငါးနာရီကျော်အထိ ကြာမြင့်ခဲ့သလို အသက် ၂၂ နှစ်အရွယ် စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်မှာလည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပြင်သစ်အိုးပင်း (Roland Garros) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ရာဖေးနာဒယ်နှင့် ဂူစတာဗို ကူအာတင်တို့၏နောက် နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်လာသည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။ (Xinhua)
……………………………………………………………………………………….
(English Version)
Portugal edges Spain in shootout thriller to clinch second Nations League title
Cristiano Ronaldo scored again as Portugal claimed its second UEFA Nations League title, overcoming Spain 5-3 on penalties after a tense 2-2 draw in Munich on Sunday.
Having scored the winner against Germany in the semifinal, Ronaldo equalized in the 61st minute of the final to bring Portugal back into the game for a second time. This extended his record of international goals to 138 in 221 appearances.
Spain, who had stunned France 5-4 in the semifinal, started brightly and were rewarded in the 21st minute when Martin Zubimendi scored from close range following a clever pass from 17-year-old Lamine Yamal. Portugal responded swiftly through Nuno Mendes, whose angled drive beat goalkeeper Unai Simon just five minutes later.
Spain regained the lead moments before halftime when Pedri played a defense-splitting pass to Mikel Oyarzabal, who finished confidently to make it 2-1. However, Ronaldo leveled the match with a scrappy but vital finish after Mendes’ cross caused chaos in the Spain box.
In the penalty shootout, both teams converted their first three attempts. The turning point came when Spain’s late substitute Alvaro Morata saw his tame effort saved by goalkeeper Diogo Costa.
Ruben Neves then stepped up and fired home the winning penalty, sparking scenes of jubilation on the Portuguese bench.
…..
Lewandowski quits Poland national team amid rift with coach
Robert Lewandowski has withdrawn from the Poland national team, citing a “loss of trust” in head coach Michal Probierz, the striker announced Sunday.
Lewandowski, 36, is Poland’s all-time leading scorer with 85 goals in 158 appearances, and had served as captain since 2014. But the Barcelona forward said he would no longer represent the national team as long as Probierz remains in charge.
The rift became public after Probierz informed Lewandowski on Sunday that midfielder Piotr Zielinski would take over the captaincy.
“By decision of coach Michal Probierz, Piotr Zielinski became the new captain of the Poland team. The coach personally informed Robert Lewandowski, the entire team and the training staff of his decision,” the Polish Football Association (PZPN) said in a statement. Shortly afterward, Lewandowski issued a statement of his own.
…..
Casemiro calls for Brazil to step forward
Veteran midfielder Casemiro says Brazil will look to rediscover its attacking instincts when it meets Paraguay in a FIFA World Cup qualifier on Tuesday.
Brazil held Ecuador to a goalless draw in Guayaquil on Thursday in Carlo Ancelotti’s debut as manager, showing defensive discipline but little attacking threat.
Casemiro, recalled by Ancelotti to the national squad after an absence of almost two years, said Brazil would need to take a more proactive approach to break down an in-form Paraguay at Corinthians Arena in Sao Paulo.
…..
Alcaraz rallies to beat Sinner in five sets to retain French Open title
Carlos Alcaraz rallied from two sets down and saved three championship points to beat top seed Jannik Sinner 4-6, 6-7 (4), 6-4, 7-6 (3), 7-6 (10-2) on Sunday and retain his French Open title.
In the longest-ever French Open final that lasted over five hours, the 22-year-old Spaniard became only the third man since 2000 to win back-to-back men’s singles titles at Roland Garros after Rafael Nadal and Gustavo Kuerten.