Africa & Middle East
ဆီးရီးယား၊ လက်ဘနွန်တို့နှင့် တရားဝင်ဆက်ဆံရေး ထူထောင်ရန် လမ်းဖွင့်ထားဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ဆီးရီးယား၊ လက်ဘနွန်တို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် စိတ်ဝင်စားသော်လည်း မည်သည့် အနာဂတ်သဘောတူညီချက်အတွက်မဆို သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသမှ ထွက်ခွာမည်မဟုတ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် ဆီးရီးယား၊ လက်ဘနွန်တို့နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိဘဲ ၁၉၄၈ ခုနှစ်၌ အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန်မှစ၍ ယင်းနှစ်နိုင်ငံစလုံးနှင့် ရန်ဘက်အသွင် တည်ရှိခဲ့ခြင်းဖြစ်သည်။
“အစ္စရေးအနေနဲ့ အေဘရာဟမ် သဘောတူညီချက်ကိုရော ငြိမ်းချမ်းမှုနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်မှု အဝန်းအဝိုင်းကိုပါ ချဲ့ထွင်ဖို့ စိတ်ဝင်စားပါတယ်” ဟု ဂျေရုဆလမ်၌ ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး ဘီယာတေး မိုင်း-ရိုက်ဆင်ဂါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း ဆားက ပြောကြားခဲသည်။
“ကျွန်တော်တို့အနေနဲ့ ဆီးရီးယား၊ လက်ဘနွန်တို့လို အိမ်နီးချင်းနိုင်ငံတွေကို ငြိမ်းချမ်းမှု၊ ပုံမှန်ဆက်ဆံရေးထူထောင်မှု အဝန်းအဝိုင်းထဲမှာ ထည့်သွင်းဖို့ စိတ်ဝင်စားမှုရှိသလို တစ်ဖက်မှာလည်း အစ္စရေးရဲ့ ပဓာနကျတဲ့ အကျိုးစီးပွားတွေနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
“ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်မှာပဲဖြစ်ဖြစ် ဂိုလန်ကုန်းမြင့်ဒေသဟာ အစ္စရေးနိုင်ငံရဲ့ နယ်မြေတစ်စိတ်တစ်ဒေသအဖြစ် ဆက်ရှိနေမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စရေးက ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဂိုလန်ကုန်းမြင့်ဒေသအား ထိန်းချုပ်ထားခဲ့ပြီး နောက်ပိုင်းတွင် ယင်းဒေသအား သိမ်းယူထားခဲ့ရာ ကမ္ဘာ့နိုင်ငံအများစုက ထိုလုပ်ရပ်အား အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။
ဆီးရီးယားတွင် ဘာရှာ အယ်လ်-အာဆတ်အစိုးရ ပြိုလဲသွားပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် အစ္စရေးတပ်ဖွဲ့ဝင်များက ကုလသမဂ္ဂ၏ စောင့်ကြပ်မှုအောက်တွင်ရှိသော ကြားခံစစ်မဲ့ဇုန်ထဲသို့ ဝင်ရောက်လာခဲ့ပြီး အစ္စရေးနှင့် ဆီးရီးယား နှစ်ဖက်စလုံးကို အပေါ်စီးမှမြင်တွေ့ရသည့် ဟာမွန်တောင်၌ တပ်စွဲထားခဲ့သည်။ အစ္စရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းနေရာ၌ အချိန်တိုးမြှင့်၍ တပ်စွဲထားဖွယ်ရှိသည်ဟု အစ္စရေးတာဝန်ရှိသူများက ပြောကြားထားသည်။ (Xinhua)

ဂိုလန်ကုန်းမြင့်ဒေသရှိ ကြားခံဇုန်၌ အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Israeli FM says open to establishing official ties with Syria, Lebanon
JERUSALEM, June 30 (Xinhua) — Israel is interested in establishing diplomatic relations with Syria and Lebanon but will not withdraw from the occupied Golan Heights as part of any future agreement, Israeli Foreign Minister Gideon Sa’ar said on Monday.
Israel has no official diplomatic ties with Syria or Lebanon and has been in a state of hostility with both countries since 1948, when the State of Israel was established.
“Israel is interested in expanding the Abraham Accords and the circle of peace and normalization,” Sa’ar said during a joint press conference in Jerusalem with Austrian Foreign Minister Beate Meinl-Reisinger.
“We have an interest in including countries such as Syria and Lebanon — our neighbors — in the circle of peace and normalization, while safeguarding Israel’s essential and security interests,” he said.
“In any peace agreement, the Golan will remain part of the State of Israel,” he added.
Israel captured the Golan Heights from Syria during the 1967 Middle East war and later annexed it, a move not recognized by most of the international community.
Following the collapse of Bashar al-Assad’s regime in Syria, Israeli forces entered the UN-monitored demilitarized buffer zone in early December 2024 and later deployed troops on Mount Hermon, which overlooks both Israeli and Syrian territory. Israeli officials have said the forces are expected to remain there for an extended period.
English Caption 1
Barriers are seen along the northern Israeli border with Lebanon on March 10, 2025. (Photo by Gil Cohen Magen/Xinhua)
English Caption 2
Israeli troops are seen in the buffer zone in the Golan Heights, on Dec. 15, 2024. (Photo by Jamal Awad/Xinhua