Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ထရမ့်၏ သဘောထားပြောင်းလဲမှုက မရေရာမှုများကို ဖြစ်ပေါ်စေ

ယူကရိန်းနိုင်ငံ Toretsk မြို့အား ရုရှား၏ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် ယူကရိန်းတင့်ကားတစ်စီးအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ရက် ၅၀ အတွင်း ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ရာဇသံပေးမှုကို ရုရှားနိုင်ငံက ဇူလိုင် ၁၅ ရက်၌ ပယ်ချခဲ့ပြီး “ကြီးလေးသော စည်းကြပ်ခွန်များ” ချမှတ်မည်ဟူသော ခြိမ်းခြောက်မှုမှာ လက်ခံနိုင်စရာမရှိဟု တုံ့ပြန်ပြောကြားခဲ့သည်။ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရိုင်ယာကော့ဗ်က ရုရှားအနေဖြင့် ယူကရိန်း ပဋိပက္ခအား သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေးကို ထောက်ခံပြီး ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေကြောင်း အလေးအနက်ပြောကြားခဲ့သည်။

“ဒါပေမဲ့လည်း သင့်တင့်လျောက်ပတ်တဲ့ တုံ့ပြန်မှုမရှိရင်၊ ကျွန်တော်တို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို သံခင်းတမန်ခင်း နည်းလမ်းနဲ့ အထမြောက်အောင် မလုပ်နိုင်ဘူးဆိုရင် အထူးစစ်ဆင်ရေးကို ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှား၏ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာရှိနေသည်ဟု ဆိုသည်။ “အမေရိကန်နဲ့ နေတိုးအဖွဲ့ကလည်း ဒါကို အလေးအနက်ထားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရက် ၅၀ အတွင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုမရရှိပါက အမေရိကန်အနေဖြင့် ရုရှားအပေါ် အလွန်ကြီးလေးသော စည်းကြပ်ခွန်များ သတ်မှတ်မည်ဟု အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးနှင့် အတူရှိနေစဉ် ထရမ့်က ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ရုရှား၏ ပယ်ချမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်က ၁၀၀ ရာခိုင်နှုန်း တစ်ဆင့်ခံ စည်းကြပ်ခွန်ဟု ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ စီးပွားရေးအရ ဒဏ်ခတ်မှုဟူ၍ အဓိပ္ပာယ်သက်ရောက်ကြောင်း အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်က ပြောကြားခဲ့သည်။

ထိုစည်းကြပ်ခွန်များမှာ ရုရှား၏ စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်မှုရှိစေမည်ဟု နေတိုးမဟာမိတ်အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ် မတ်ထ် ဝစ်တိတ်ကာက ပြောကြားခဲ့ပြီး ရုရှားထံမှ ရေနံဝယ်ယူနေသော နိုင်ငံများအပေါ် တစ်ဆင့်ခံ စည်းကြပ်ခွန်များ ကောက်ခံခြင်းဖြစ်သည်ဟု ရည်ညွှန်းပြောဆိုခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့ စစ်ပွဲဖြစ်ပွားနေသော်လည်း အမေရိကန်က အဓိကအားဖြင့် ဓာတ်မြေဩဇာ၊ အဇီဝမူလ ဓာတုပစ္စည်းများနှင့် နျူကလီးယား ကုန်ကြမ်းပစ္စည်းများ အပါအဝင် ရုရှားထုတ်ကုန်များကို အလုံးအရင်း ဆက်လက်တင်သွင်းလျက်ရှိသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အဓိက ကုန်ပစ္စည်းပေးသွင်းသော နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

အမေရိကန်အနေဖြင့် ပက်ထရီယော့ ဒုံးကျည်စနစ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို နေတိုးအဖွဲ့ထံမှတစ်ဆင့် ယူကရိန်းအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ယင်းလက်နက်များအား မကြာမီ စတင်ပေးပို့မည်ဖြစ်ကြောင်းလည်း ထရမ့်က ရူတေးအား ပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများက ၂၀၃၅ ခုနှစ် အရောက်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ရန် သဘောတူညီခဲ့ပြီးနောက် ၎င်းအစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကာ နေတိုးအဖွဲ့အနေဖြင့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများကို ပိုမိုမျှဝေတာဝန်ယူရန် ထရမ့်၏ ကာလကြာမြင့်စွာ တွန်းအားပေးမှုအား လိုက်လျောသည့်အနေဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထရမ့်၏ သဘောထားပြောင်းလဲမှု

နေတိုးအဖွဲ့ထံမှတစ်ဆင့် လက်နက်များပေးပို့မည့် သဘောတူညီချက်အား ကြေညာကာ စည်းကြပ်ခွန်ဖြင့် ခြိမ်းခြောက်ခဲ့ပြီး တစ်ရက်အကြာ ဇူလိုင် ၁၅ ရက်၌ ထရမ့်က ၎င်းအနေဖြင့် မည်သည့်ဘက်ကမှ ရပ်တည်ခြင်းမရှိဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် မော်စကိုအား တိုက်ခိုက်ခြင်းမပြုရန်လည်း ယူကရိန်းအား ထရမ့်က တိုက်တွန်းခဲ့ပြီး တာဝေးပစ်လက်နက်များ ထောက်ပံ့မည်ဆိုလျှင် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့တို့အား တိုက်ခိုက်နိုင်ခြင်းရှိမရှိ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား မေးမြန်းခဲ့သည်ဟူသော သတင်းဖော်ပြချက်ကို ငြင်းပယ်ခဲ့သည်။
“ဗိုလိုဒီမာ ခင်ဗျား မော်စကိုကို တိုက်ခိုက်နိုင်လား။ စိန့်ပီတာစဘတ်ကိုရော တိုက်ခိုက်နိုင်လား” ဟု ဇူလိုင် ၄ ရက် ဖုန်းပြောဆိုမှုအတွင်း ထရမ့်က မေးမြန်းခဲ့သည်ဟု သတင်းရင်းမြစ်နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Financial Times သတင်းစာက ဖော်ပြခဲ့သည်။ ဇယ်လန်းစကီးကလည်း “တိုက်နိုင်တာပေါ့ဗျာ။ ကျွန်တော်တို့ကို လက်နက်ပေးမယ်ဆိုရင် တိုက်နိုင်ပါတယ်” ဟု ပြန်ဖြေခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံအား ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5fK
…………………………………………………
(English Version)
Trump’s shifting stance on Russia-Ukraine conflict sparks confusion
MOSCOW/KIEV, July 17 (Xinhua) — Russia on Tuesday rejected U.S. President Donald Trump’s 50-day ultimatum to agree to a Ukraine ceasefire, dismissing the threat of “severe tariffs” as unacceptable.
Russian Deputy Foreign Minister Sergey Ryabkov emphasized that Moscow favors a diplomatic resolution to the Ukraine conflict and is ready to negotiate.
“However, if this is not met with a proper response, if we cannot reach our set goals through diplomacy, then the special military operation will go on,” he said, adding that Moscow’s position is unshakable. “We expect Washington and NATO to take this seriously.”
The rejection came just days after Trump, speaking in the Oval Office alongside NATO Secretary General Mark Rutte, declared that the United States would impose “very severe tariffs” on Russia if a ceasefire agreement was not reached within 50 days.
U.S. Commerce Secretary Howard Lutnick said Trump’s reference to 100 percent secondary tariffs meant “economic sanctions.”
The tariffs, according to U.S. ambassador to NATO Matt Whitaker, will “dramatically impact the Russian economy,” as he referred to the secondary sanctions on countries buying oil from Russia.
Despite the Russia-Ukraine conflict, Washington continues to import large quantities of Russian goods — mainly fertilizers, inorganic chemicals and nuclear materials — of which Russia remains a key global supplier, the BBC reported.
Trump also told Rutte that the United States would supply weapons to Ukraine through NATO, including Patriot missile systems, with deliveries starting soon.
The move came as NATO members agreed to increase defense spending to 5 percent of GDP by 2035 — a decision that, according to CNN, aligns with Trump’s longstanding push for greater financial burden-sharing.
TRUMP’S SHIFT
On Tuesday, just a day after announcing the NATO weapons deal and threatening tariffs, Trump told reporters he was not on anyone’s side.
He also advised Ukraine not to strike Moscow, contradicting a report that he had asked Ukrainian President Volodymyr Zelensky whether Ukraine could hit both Moscow and St. Petersburg if supplied with long-range weapons.
“Volodymyr, can you hit Moscow? … Can you hit St. Petersburg, too?” Trump allegedly asked in a July 4 phone call, according to two sources cited by the Financial Times. Zelensky reportedly replied, “Absolutely. We can if you give us the weapons.”
English Caption
This photo taken on Aug. 15, 2024 shows a Ukrainian tank destroyed during Russian attacks in Toretsk. (Photo by Peter Druk/Xinhua)