International Organizations
ဝူဗ်အသင်း၏ Hall of Fame စာရင်းတွင် ဂျိုတာအား ထည့်သွင်းဂုဏ်ပြု

လန်ဒန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဒီယိုဂို ဂျိုတာ၏ မြက်ခင်းစိမ်းပေါ်တွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများ၊ ၎င်း အချိန်မတိုင်မီ ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဘောလုံးလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုများအတွက် ဂုဏ်ပြုသည့်အနေဖြင့် ဂျိုတာအား အသင်း၏ Hall of Fame စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ပရီးမီးယားလိဂ်ကလပ် ဝူဗ်အသင်းက ဇူလိုင် ၁၇ ရက်၌ ကြေညာခဲ့သည်။
ဝူဗ်ဂန္ထဝင်ကစားသမား ဂျွန်ရစ်ချက်ဒ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကော်မတီက အမှီအခိုကင်းစွာ စီစဉ်ဆောင်ရွက်နေသည့် Hall of Fame ပြတိုက်အနေဖြင့် ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗားတို့ ရင်နင့်ဖွယ် ကွယ်လွန်သွားခဲ့ပြီးနောက် ယခုကဲ့သို့ မကြုံစဖူး လှိုက်လှိုက်လှဲလှဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ပရီးမီးယားလိဂ် ကလပ်အသင်းက ဆိုသည်။
ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူ အသက် ၂၅ နှစ်အရွယ် အန်ဒရေ ဆေးလ်ဗားတို့မှာ စပိန်နိုင်ငံ ဇာမိုရာမြို့တွင် ဇူလိုင် ၃ ရက်က ယာဉ်မတော်တဆမှုအတွင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အန်ဒရေမှာလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်သည်။
ပေါ်တူဂီလက်ရွေးစင် ကစားသမားဖြစ်သူ ဂျိုတာမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ အက်သလက်တီကို မက်ဒရစ်မှ ဝူဗ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၄ ဂိုး သွင်းယူနိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတွင် ဝုဗ်အသင်း ချန်ပီယံရှစ်တွင် ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိစေရန် ဂျိုတာက အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သည်။
“ပုံမှန်အားဖြင့် အသင်းရဲ့ ပြတိုက်မှာ အမြတ်တနိုးအထားရဆုံး အရာအဖြစ် စာရင်းသွင်းသတ်မှတ်တာတွေဟာ သီတင်းပတ်ပေါင်းများစွာ လပေါင်းများစွာ အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေပါ” ဟု ဝူဗ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဒီဖြစ်စဉ်မှာတော့ ဆုံးဖြတ်ချက်က တညီတညွတ်တည်းရှိခဲ့ပြီး အသင်းပရိသတ်တွေရော ပိုမိုကျယ်ပြန့်တဲ့ ဘောလုံးရပ်ဝန်းရဲ့ ပြင်းပြင်းပြပြ ခံစားမှုနဲ့ ဒီယိုဂို ချန်ရစ်ခဲ့တဲ့ အံ့ဩလောက်ဖွယ် အမွေအနှစ်ကို ထင်ဟပ်စေပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဝူဗ်အသင်းအနေဖြင့် ၎င်းတို့၏ လာမည့် အိမ်ကွင်းပွဲစဉ် နှစ်ပွဲဖြစ်သည့် ဩဂုတ် ၉ ရက်၌ ဆယ်လ်တာဗီဂိုအသင်းနှင့် နောက်ဆုံး ရာသီကြိုခြေစမ်းပွဲတွင်လည်းကောင်း၊ ထို့နောက် တစ်ပတ်အကြာတွင် မန်ချက်စတာစီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင်လည်းကောင်း ဂျိုတာနှင့် အန်ဒရေတို့အား အောက်မေ့ဂုဏ်ပြုသွားမည်ဟု သိရသည်။ (Xinhua)
………………………..
(English Version)
Jota inducted into Wolves Hall of Fame
LONDON, July 17 (Xinhua) — Wolves announced on Thursday that Diogo Jota has been inducted into the club’s Hall of Fame, paying tribute to both his outstanding contributions on the pitch and the profound impact his untimely passing has had on the footballing world.
The Hall of Fame, which is run independently by a committee chaired by Wolves legend John Richards, made this rare and heartfelt decision swiftly following the tragic deaths of Jota and his younger brother, Andre Silva, the Premier League club said.
Jota and his 25-year-old brother, Andre Silva – also a professional footballer – died in a car accident on July 3 in Zamora, Spain.
The Portugal international joined Wolves from Atletico Madrid in July 2017, scoring 44 goals in 131 appearances for the club. He played a crucial role in helping Wolves secure the Championship title in the 2017-18 season, earning promotion to the Premier League.
“Inductions into the most coveted part of the club’s museum are typically the result of detailed discussions over many weeks or months,” Wolves said in a statement.
“But in this case, the decision was unanimous – a reflection of the overwhelming emotion felt by supporters and the wider football community, and the remarkable legacy Diogo leaves behind.”
Wolves will commemorate the lives of Jota and Andre at two upcoming home fixtures – their final pre-season friendly against Celta Vigo on August 9, and their Premier League opener against Manchester City a week later.
English Caption
Flowers and tributes to Diogo Jota are left outside Anfield Stadium in Liverpool, Britain, July 3, 2025. (Xinhua)