Connect with us

Europe

ဗြိတိန်နှင့် ဂျာမနီ ကာကွယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ သို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတားမာ (Keir Starmer) နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz တို့ ရောက်ရှိလာပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတားမာ (Keir Starmer) နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz တို့က ဇူလိုင် ၁၇ ရက်တွင် ကာကွယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကဏ္ဍအပါအဝင် နယ်ပယ်အသီးသီးကို လွှမ်းခြုံထားသည့် ကျယ်ပြန့်သော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ ဗြိတိန်နှင့် ဂျာမနီတို့အကြား အရေးပါဆုံးသော စာချုပ်ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။
အဆိုပါသဘောတူစာချုပ်တွင် နှစ်နိုင်ငံပူးတွဲစစ်ရေးနှင့် လေ့ကျင့်ရေးများ ပြုလုပ်ရန်၊ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် သတင်းအချက်အလက်စစ်ပွဲများကို တန်ပြန်ရန်၊ လက်နက်တင်ပို့မှုများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် လိုအပ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အချက်များ ပါဝင်ကြောင်း သိရသည်။
ဤစာချုပ်တွင် နှစ်နိုင်ငံစလုံးသည် ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏ဆိုးကျိုးများကို ဖြေရှင်းရန် ပဲရစ် သဘောတူစာချုပ် တွင် ဖော်ပြထားသည့်အတိုင်း ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးမတိုင်မီ အဆင့်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် မကျော်လွန်စေရန်ဟူသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
ဥရောပသမဂ္ဂ-ဗြိတိန် သဘောတူညီချက်များ မူဘောင်အတွင်းမှနေ၍ နှစ်နိုင်ငံကုန်သွယ်မှုကို အားကောင်းစေခြင်း၊ လွတ်လပ်ပွင့်လင်းသော ဈေးကွက်များအပေါ် ကတိကဝတ်ပြုခြင်းအပြင် အလုပ်အကိုင်တိုးမြှင့်ခြင်းနှင့် အရည်အသွေးမြင့် အလုပ်အကိုင်များ ပိုမိုဖန်တီးခြင်းတို့အတွက်လည်း နှစ်နိုင်ငံစလုံးက အဆိုပါသဘောတူစာချုပ်တွင် ကတိပြုထားကြသည်။
ကင်ဆင်တန်စာချုပ် (Kensington Treaty) ဟု အမည်ပေးထားသော ဤစာချုပ်သည် ဗြိတိန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ အကြား “ပထမဆုံးသော စာချုပ်” ဖြစ်ပြီး “ယနေ့ခေတ်တွင် နှစ်နိုင်ငံဆက်ဆံရေး၏ ရင်းနှီးမှုကို သက်သေပြခြင်း” ဖြစ်ကြောင်း စတားမာက ပြောကြားခဲ့သည်။
ဤစာချုပ်သည် “ကမ္ဘာကြီး၌ မတည်ငြိမ်မှုများ အမှန်တကယ် ရှိနေချိန်တွင် နှစ်နိုင်ငံ၏ ခိုင်မာပြီး ရင်းနှီးသော ဆက်ဆံရေး” ကို မီးမောင်းထိုးပြနေကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ ၌ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတားမာ (Keir Starmer) နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz တို့ လက်ဆွဲနှုတ်ဆက်နေကြပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
English Version
Britain, Germany sign defense, migration deal
LONDON, July 17 (Xinhua) — British Prime Minister Keir Starmer and German Chancellor Friedrich Merz on Thursday signed a wide-ranging bilateral deal covering various areas including defense and migration, which is believed to be the most significant treaty between Britain and Germany since the end of World War II.
The treaty includes security and defense items requiring the two countries to conduct joint military and training exercises, counter cyber threats and information warfare, and coordinate on arms exports.
In the treaty, the two countries have also reaffirmed their commitment to limit global temperature to 1.5 degrees Celsius above pre-industrial levels, which is laid out in the Paris Agreement on tackling climate change and its negative impacts.
The treaty also pledges strengthening bilateral trade within the framework of European Union-Britain agreements and the commitment to free and open markets, as well as increasing employment and growing the number of high-quality jobs.
Dubbed as the Kensington Treaty, Starmer said it was “the first of its kind ever” between the two countries and was evidence of “the closeness of our relationship as it stands today.”
He added that this treaty highlighted the two countries’ “strong and close relationship at a time of real volatility in the world.”
English Caption
Photo 1 – British Prime Minister Keir Starmer (L) and German Chancellor Friedrich Merz arrive at 10 Downing Street in London, Britain, on July 17, 2025. (Xinhua)
Photo 2 – British Prime Minister Keir Starmer (L) shakes hands with German Chancellor Friedrich Merz at 10 Downing Street in London, Britain, on July 17, 2025. (Xinhua)