Connect with us

Latin America

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်က ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက် ထုတ်ပြန်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော BRICS မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ဖိုရမ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်က ထုတ်ပြန်ခဲ့ရာ AI ပါဝင်သောဂျာနယ်လစ်ဇင်နှင့် တတ်သိပညာရှင်သုတေသနကို စူးစမ်းလေ့လာရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းလျက် ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းအဆိုပြုချက်တွင် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ဖြန့်ချိမှုအခင်းအကျင်းအား ပုံဖော်ရာတွင် စုပေါင်းအင်အား တည်ဆောက်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်များရှေ့ဆက်ရန် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ အသိဉာဏ်မျှဝေမှုဂေဟစနစ်သစ် ထူထောင်ရန် ဉာဏ်ရည်ရှိသောထုတ်လုပ်မှု တွန်းအားပေးရေးဆိုင်ရာ အရေးပါသော သဘောတူညီချက် ဖွဲ့စည်းထားကြောင်း သိရသည်။
နည်းပညာလက်ဝါးကြီးအုပ်မှုများနှင့် အချက်အလက် ဗိုလ်ကျစိုးမိုးမှု စသည့် စည်းစနစ်ပိုင်းဆိုင်ရာ အန္တရာယ်များ ဆိုးရွားလာသည့်တစ်ချိန်တည်းမှာပင် AI အဆင့်ဆင့်ကူးပြောင်းလာမှုက ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်အခင်းအကျင်းကို ပုံဖော်လျက်ရှိသလို ကမ္ဘာ့တောင်ဘက်ခြမ်းတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိသည်ကို ဖိုရမ် တက်ရောက်ဆွေးနွေးသူများက သဘောတူခဲ့ကြသည်။
“စည်းလုံးညီညွတ်သော BRICS နိုင်ငံများ – ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် စာမျက်နှာသစ် ရှေ့ဆက်ဖော်ဆောင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါဖိုရမ်ကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၏ ကိုယ်စားလှယ် ၂၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
BRICS Media and Think Tank Forum releases initiative on AI cooperation, development
RIO DE JANEIRO, July 17 (Xinhua) — The BRICS Media and Think Tank Forum released an initiative on AI cooperation and development on Wednesday, calling for joint efforts to explore AI-empowered journalism and think tank research.
The initiative formed important consensus on building synergies to reshape global communication, deepening collaboration to forge new models of industrial cooperation, and leveraging intelligent production to build a new ecosystem of knowledge sharing.
The participants agreed that the AI revolution is reshaping the global information landscape, creating new opportunities for digital transformation in the Global South, while exacerbating systemic risks such as technological monopolies and data hegemony.
Under the theme “BRICS United: Forging a New Chapter for Global South,” the forum, held from Tuesday to Thursday, attracted over 250 delegates spanning media outlets, think tanks, government institutions, enterprises from 36 countries, including BRICS member states and partner nations, as well as regional organizations.
Photo: The BRICS Media and Think Tank Forum is held in Rio de Janeiro, Brazil, July 16, 2025. (Xinhua/Wang Tiancong)