Politics, Law & Military
တရုတ်နိုင်ငံက ကျောင်းတွင်း အစားအသောက် ဝန်ဆောင်မှုဆိုင်ရာ ပထမဆုံးသော အမျိုးသားစံနှုန်း ထုတ်ပြန်

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကျောင်းတွင်း အစားအသောက် ဝန်ဆောင်မှုများအား အထူးရည်ရွယ်သည့် ၎င်း၏ ပထမဆုံးသော အမျိုးသားစံနှုန်းကို ထုတ်ပြန်ခဲ့ပြီး ယင်းစံနှုန်းသည် ယခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် ဈေးကွက်ကြီးကြပ်ရေး စီမံအုပ်ချုပ်မှုဌာနက ဇူလိုင် ၂၁ ရက်တွင် ကြေညာခဲ့သည်။ကျောင်းတွင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်များသည် မူလတန်း၊ အလယ်တန်းနှင့် သူငယ်တန်းကျောင်းများသို့ အစားအစာပြင်ဆင်ပို့ဆောင်ခြင်း ဝန်ဆောင်မှုများပေးသည့် လုပ်ငန်းများအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လားဆမြို့တွင် စားသောက်ကုန်လုပ်ငန်းတစ်ခုမှ ဝန်ထမ်းများ ဟင်းသီးဟင်းရွက်များ လှီးဖြတ်ပြင်ဆင်နေကြပုံကို ၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် လက်ရှိ၌ မူလတန်း၊ အလယ်တန်းနှင့် သူငယ်တန်းကျောင်းပေါင်း ၄၆၀,၀၀၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၃၇ သန်း ကျော် ရှိသည်။
အဆိုပါ လမ်းညွှန်ချက်များတွင် ကျောင်းတွင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများသည် အစားအစာဘေးကင်းရေး စီမံခန့်ခွဲမှုနှင့် စစ်ဆေးခြင်းအတွက် အချိန်ပြည့်ဝန်ထမ်းများကို သတ်မှတ်တာဝန်ပေးထားရမည်ဟု ဖော်ပြထားသည်။
ယင်းလုပ်ငန်းများသည် ဆန်၊ ဂျုံမှုန့်နှင့် ဆီကဲ့သို့သော အဓိကပါဝင်ပစ္စည်းများကို သတ်မှတ်ထားသော ပေးသွင်းသူများထံမှ ဝယ်ယူရမည်ဖြစ်ပြီး ဝယ်ယူသော ကုန်ကြမ်းအသုတ်တိုင်းအတွက် စစ်ဆေးမှုအစီရင်ခံစာများကို ထိန်းသိမ်းထားရန် လိုအပ်သည်။
အစားအစာပြင်ဆင်ခြင်းလုပ်ငန်းစဉ်များကို အင်တာနက်ချိတ်ဆက်ထားသော ပွင့်လင်းမြင်သာမှုရှိ စားဖိုဆောင် စောင့်ကြည့်စနစ်တွင် ထည့်သွင်းထားရမည်ဖြစ်ပြီး အဓိက လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို ကျောင်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ဖြစ်ကြောင်း လမ်းညွှန်ချက်များအရ သိရသည်။ (Xinhua)
——————————-
English Version
China launches first national standard on school meal services
BEIJING, July 21 (Xinhua) — China has released its first national standard specifically targeting school meal services, scheduled to take effect on Dec. 1 this year, the country’s State Administration for Market Regulation announced Monday.
The Guidelines for the Management of School Meal Service Enterprises will apply to enterprises that provide meal preparation and delivery services to primary and secondary schools and kindergartens.
China now has more than 460,000 primary and secondary schools and kindergartens, involving over 237 million students.
The guidelines stated that enterprises must designate full-time staff responsible for food safety management and inspection.
Enterprises are required to purchase major ingredients such as rice, flour and oil from designated suppliers, and retain testing reports for each batch of raw materials.
Meal preparation should be integrated into the internet-enabled transparent kitchen monitoring system, with key operational procedures publicly accessible to schools, parents and students, according to the guidelines.
English Caption
Photo 1 – Staff members of a catering company chop vegetables in Lhasa, southwest China’s Tibet Autonomous Region, May 12, 2022. (Xinhua/Zhang Rufeng)
Photo 2 – Pupils enjoy lunches at a primary school in Lhasa, southwest China’s Tibet Autonomous Region, May 12, 2022. (Xinhua/Zhang Rufeng)