Europe
“ဂါဇာတွင် အရပ်သားများ ထိခိုက်ခံစားရမှုများ” အတွက် အစ္စရေးအား နိုင်ငံ ၂၈ နိုင်ငံက ပြစ်တင်ရှုတ်ချ

လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
နိုင်ငံ ၂၈ နိုင်ငံနှင့် တန်းတူညီမျှမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ ဥရောပသမဂ္ဂ ကော်မရှင်နာတို့က ဂါဇာဒေသတွင် အရပ်သားများ ထိခိုက်ခံစားရမှုများအတွက် အစ္စရေးအား ပြစ်တင်ရှုတ်ချခြင်းနှင့် စပ်လျဉ်းသော ပူးတွဲကြေညာချက်ကို ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ဂါဇာတွင် အရပ်သားတွေ ထိခိုက်ခံစားနေရတာတွေက အရင်ကထက် ပိုပြီးဆိုးဝါးလာပြီ။ အကူအညီတွေ နည်းနည်းချင်းပေးနေတာတွေနဲ့ အရပ်သားတွေ လူမဆန်စွာ သတ်ဖြတ်ခံရတာတွေကိုလည်း မိမိတို့ရှုတ်ချပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ “အကူအညီတွေ ရရှိဖို့ ကြိုးစားရှာဖွေနေချိန်မှာ ပါလက်စတိုင်းပြည်သူ ၈၀၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတာ သိပ်ကိုကြောက်စရာ ကောင်းပါတယ်” ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ထို့ပြင် “အရပ်သားများအား အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် အစ္စရေးအစိုးရ၏ ငြင်းပယ်မှုကလည်း လက်မခံနိုင်ဖွယ်ရာဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တာဝန်ဝတ္တရားများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဂါဇာစစ်ပွဲ ချက်ချင်း ရပ်တန့်ရန်လည်း တိုက်တွန်းကြောင်း” ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
အစ္စရေးအစိုးရအနေဖြင့် “အကူအညီများ ဝင်ရောက်နိုင်ရေးအတွက် အတားအဆီးများကို ချက်ချင်း ရုပ်သိမ်းပေးရန်၊ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) ကို ၎င်းတို့၏ အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဘေးကင်း ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်နိုင်ရန်” စသည်တို့အတွက်လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။
ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါ၊ ဂျပန်နှင့် အခြားအနောက်နိုင်ငံများဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးထားသည့် အဆိုပါ ထုတ်ပြန်ချက်က သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေများ၏ ပိုင်နက်များနှင့် လူဦးရေအဆင့်အတန်းအား ပြုပြင်ပြောင်းလဲရန် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ကန့်ကွက်ထားကြောင်း သိရသည်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုထုတ်ပြန်ချက်မှာ “အမှန်တရားနှင့် အချိတ်အဆက်လွဲနေကြောင်း” ပြန်လည်တုံ့ပြန်ခဲ့ပြီး ဟားမက်စ်အနေဖြင့် ဓားစာခံများလွှတ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မရရှိခြင်းအတွက် တစ်ဦးတည်းသော တာဝန်ရှိသူသာလျှင်ဖြစ်ကြောင်း စွပ်စွဲထားသည်။
“ဒီထုတ်ပြန်ချက်က ဟားမက်စ်တွေကို ဖိအားပေးဖို့ ပျက်ကွက်နေသလို ဟားမက်စ်ရဲ့ အခန်းကဏ္ဍနဲ့ ဒီအခြေအနေအတွက် တာဝန်ယူမှုတာဝန်ခံမှုတွေကို အသိအမှတ်ပြုဖို့လည်း အားနည်းနေပါတယ်” ဟု ဝန်ကြီးဌာနက ကြေညာချက်၌ ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
28 countries condemn Israel over “suffering of civilians in Gaza”
LONDON, July 22 (Xinhua) — Twenty-eight countries and the European Union Commissioner for Equality, Preparedness and Crisis Management issued a joint statement on Monday, condemning Israel for the suffering of civilians in Gaza.
“The suffering of civilians in Gaza has reached new depths. We condemn the drip feeding of aid and the inhumane killing of civilians,” said the statement. “It is horrifying that over 800 Palestinians have been killed while seeking aid.”
“The Israeli Government’s denial of essential humanitarian assistance to the civilian population is unacceptable. Israel must comply with its obligations under international humanitarian law,” the statement added, urging an immediate end to the war in Gaza.
The statement called on the Israeli government to “immediately lift restrictions on the flow of aid and to urgently enable the UN and humanitarian NGOs to do their life-saving work safely and effectively.”
Signed by the foreign ministers of Britain, France, Italy, Canada, Japan, and other Western countries, the statement also opposes any attempts to alter the territorial or demographic status of the occupied Palestinian territories.
In response, the Israeli Foreign Ministry rejected the statement as being “disconnected from reality” and accused Hamas of being “the only party responsible for the lack of a deal for the release of hostages and a ceasefire.”
“The statement fails to focus the pressure on Hamas and fails to recognize Hamas’s role and responsibility for the situation,” the ministry said in an announcement.
Photo: A man searches among the rubble of a destroyed building in the southern Gaza Strip city of Rafah, on March 19, 2024. (Photo by Yasser Qudih/Xinhua)