Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဝီဖာ ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်

ဟနွိုင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်း ဝီဖာ ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ အခြေခံအဆောက်အအုံ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် Hung Yen နှင့် Ninh Binh ပြည်နယ်များအကြား ကမ်းရိုးတန်းဒေသများအား တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် အမြင့်ဆုံး ၈၈ ကီလိုမီတာအထိ ရှိကာ ယင်းမှာ Beaufort စကေး အဆင့် ၈-၉ နှင့် ညီမျှကြောင်း၊ လေပြင်းတိုက်ခတ်မှုအနေဖြင့် အဆင့် ၁၁ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းရေးစင်တာအရ သိရသည်။
နံနက် ၈:၃၀ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် Dien Bien ပြည်နယ်ရှိ ကြိုးတံတား တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ရာ လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း Voice of Vietnam က သတင်းဖော်ပြခဲ့သည်။
ထို့ပြင် Hung Yen ပြည်နယ်၊ Tien Hai ရပ်ကွက်ရှိနေရာများစွာ၌လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒေသခံများအနေဖြင့် မီးစက်များအတွက် လောင်စာဆီဝယ်ယူရန် ဓာတ်ဆီအရောင်းဆိုင်များသို့ လောင်စာဆီပုံးများ သယ်ဆောင်သွားကြသည်ကို တွေ့မြင်ရကြောင်း VnExpress ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
ထို့ပြင် နိုင်ငံအလယ်ပိုင်း ပြည်နယ်များဖြစ်သော Thanh Hoa နှင့် Nghe An တို့တွင်လည်း မိုးရေချိန် ၁၅၀ မီလီမီတာမှ ၂၀၀ မီလီမီတာအထိ ရွာသွန်းခဲ့ရာ မြေပြိုခြင်းများနှင့် ရုတ်တရက် ရေကြီးရေလျှံမှုအန္တရယ်ကို ထုတ်ပြန်ထားကြောင်း ဒေသန္တရအာဏာပိုင်များက သတိပေးထားကြောင်း သိရသည်။ (Xinhua)
…………………………………..
(English Version)
Typhoon Wipha causes heavy rains, power outages after landfall in Vietnam
HANOI, July 22 (Xinhua) — Typhoon Wipha made landfall in northern Vietnam on Tuesday morning, bringing torrential rains, power outages, and infrastructure damage, Vietnam News Agency reported.
The typhoon struck coastal areas between Hung Yen and Ninh Binh provinces, sustaining maximum winds of 88 km per hour, equivalent to level 8-9 on the Beaufort scale, with gusts reaching level 11, according to the National Center for Hydro-Meteorological Forecasting.
At around 8:30 a.m., a suspension bridge in Dien Bien province partially collapsed due to prolonged heavy rains, injuring four people, the Voice of Vietnam reported.
Power outages were reported in parts of Tien Hai commune in Hung Yen province.
Residents were seen bringing fuel containers to gas stations to purchase fuel for generators, local media outlet VnExpress reported.
Meanwhile, central provinces such as Thanh Hoa and Nghe An recorded rainfall of 150 to 200 mm, raising the risk of landslides and flash floods, local authorities warned.