International Organizations
မားကပ်စ် ရက်ရှ်ဖို့ဒ် ဘာစီလိုနာအသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် အပြောင်းအရွှေ့ အပြီးသတ်နိုင်ရန် ပိုမိုနီးစပ်လာ

မက်ဒရစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်အနေဖြင့် ဇူလိုင် ၂၁ ရက်က စပိန်ကလပ် ဘာစီလိုနာအသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် အပြောင်းအရွှေ့အား အပြီးသတ်နိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်မှာ ဆေးစစ်မှုခံယူရန် ဘာစီလိုနာအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး အပြောင်းအရွှေ့အား နာရီပိုင်းအတွင်း အပြီးသတ်နိုင်ဖွယ်ရှိကာ ဇူလိုင် ၂၃ ရက်၌ ၎င်းအား ဘာစီလိုနာကစားသမားအဖြစ် တရားဝင် မိတ်ဆက်ဖွယ်ရှိကြောင်း စပိန်နှင့် ဗြိတိန် မီဒီယာများက ဖော်ပြလျက်ရှိသည်။
ရက်ရှ်ဖို့ဒ်အနေဖြင့် ကနဦး တစ်ရာသီအငှားစာချုပ်ဖြင့် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့မည်ဖြစ်ကာ ဘာစီလိုနာအသင်းက ၎င်းအား ၂၀၂၅-၂၀၂၆ ခုနှစ် ရာသီကုန်၌ ယူရို ၃၅ သန်းဝန်းကျင် (အမေရိကန်ဒေါ်လာ ၄၁ သန်း) ဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိကြောင်း သိရသည်။
ရက်ရှ်ဖို့ဒ်မှာ ပြီးခဲ့သည့် ဘောလုံးရာသီ ဒုတိယရာသီဝက်တွင် အက်စတွန်ဗီလာအသင်း၌ အငှားထွက်ကစားခဲ့သဖြင့် နှစ်ရာသီဆက်တိုက် အငှားထွက်ကစားမှု ဖြစ်လာမည်ဖြစ်ကာ ၎င်းအနေဖြင့် အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားခဲ့ပြီး ၄ ဂိုး သွင်းယူခဲ့သည်။ (Xinhua)
…………………
(English Version)
Rashford moves closer to Barcelona after passing medical
MADRID, July 21 (Xinhua) — Marcus Rashford moved closer to completing his move to FC Barcelona from Manchester United on Monday when he underwent his medical with the Spanish club.
Both Spanish and British media reported that the 27-year-old was at Barcelona’s training facilities for medical tests, with the move expected to be finalized within hours and his official presentation scheduled for Wednesday.
Rashford will join Barcelona on an initial season-long loan, with the club holding an option to make the transfer permanent for around 35 million euros (41 million U.S. dollars) at the end of the 2025-26 season.
This marks Rashford’s second consecutive loan spell after spending the second half of last season at Aston Villa, where he scored four goals in 17 appearances across all competitions.
English Caption
Marcus Rashford (Top R) of Aston Villa competes during the UEFA Champions League round of 16 match between Club Brugge and Aston Villa FC at the Jan Breydel Stadium in Bruges, on March 4, 2025. (Xinhua/Peng Ziyang)