Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ် ဂါဇာ၌ အလုံးစုံ အောင်ပွဲရရန် လိုအပ်ဟု အစ္စရေး ပြော

ဂါဇာစီးတီး အယ်လ်-ယာမော့ခ် အားကစားကွင်းရှိ ယာယီခိုလှုံရေးစခန်းတစ်ခု၌ အိုးအိမ်စွန့်ခွာခဲ့ရသည့် ပါလက်စတိုင်း ကလေးငယ်များအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ဂါဇာစစ်ပွဲတွင် အလုံးစုံ အောင်ပွဲရရှိရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ် အကြီးအကဲ အီယာလ် ဇာမီယာနှင့် အခြား အကြီးတန်းတပ်မှူးများနှင့်အတူ စစ်မျက်နှာအသီးသီး၏ အခြေအနေကို ဆန်းစစ်အကဲဖြတ်မှု ပြုလုပ်စဉ် ကက်ဇ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး၏ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ဟာ စစ်ရေးရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပါပြီ။ ကျွန်တော်တို့အတွက် ဂါဇာနဲ့ ယီမင်တို့မှာ အပြီးမသတ်ရသေးတဲ့ စစ်နယ်ဝန်းနှစ်ခု ကျန်ရှိနေတာမို့ အဲဒီနှစ်ခုစလုံးမှာ အပြည့်အဝအောင်ပွဲရဖို့ ကြိုးပမ်းရမှာပါ” ဟု ကက်ဇ်က ဆိုသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသလို အဆိုပါ ဆွေးနွေးမှုများအတွင်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိနေသည်ဟု အစ္စရေးမီဒီယာများက ယင်းနေ့အစောပိုင်းတွင် ဖော်ပြလျက်ရှိစဉ် ကက်ဇ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဓိကအားဖြင့် အစ္စရေးဓားစာခံအားလုံး ပြန်လည်လွတ်မြောက်ရေး၊ ဟားမက်စ်အဖွဲ့ လက်နက်ချရေး အပါအဝင် ချမှတ်ထားသော စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်ရန် အရေးကြီးကြောင်း ကက်ဇ်က အလေးထားပြောဆိုခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
ကက်ဇ်က အီရန်အား စစ်ပွဲပြန်လည်ဆင်နွှဲနိုင်သည့် အလားအလာရှိနေကြောင်း၊ ယခင်လက တိုတောင်းသော စစ်ပွဲအတွင်း ရရှိခဲ့သော အောင်မြင်မှုများကို ထိန်းထားနိုင်ရန် လိုအပ်ပြီး အီရန်အနေဖြင့် ယင်း၏ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပြန်လည်မစတင်နိုင်ရေး သေချာစေမည့် ထိရောက်သော ထိန်းသိမ်းကြပ်မတ်ရေး စီမံချက်တစ်ရပ် ဖော်ဆောင်ရမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် လက်ဘနွန် အပါအဝင် စစ်ဆင်ရေးနယ်မြေ အသီးသီးရှိ လုံခြုံရေးဇုန်များနှင့် ထိန်းချုပ်ရေးဇုန်များတွင် အစ္စရေးစစ်တပ် တပ်စွဲထားခြင်းမှာ အစ္စရေး လူမှုအသိုက်အဝန်းများကို ကာကွယ်ရမည့် လုံခြုံရေး လိုအပ်ချက်အရဖြစ်ကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်အနေဖြင့် အနောက်ဘက်ကမ်းဒေသရှိ ဒုက္ခသည်စခန်းများတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လိုအပ်လာပါက အခြား ဒုက္ခသည်စခန်းများတွင်လည်း စစ်ဆင်ရေးလုပ်ဆောင်သွားမည်ဟု ကက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

ဂါဇာစီးတီးရှိ အယ်လ်-ရှီဖာ ဆေးရုံတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအတွက် ဝမ်းနည်းပူဆွေးနေသည့် ပါလက်စတိုင်းပြည်သူများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Israel says “full victory” needed in Gaza as ceasefire talks continue
JERUSALEM, July 22 (Xinhua) — Israeli Defense Minister Israel Katz said Tuesday that Israel must act for a complete victory in the war in Gaza.
Katz spoke at a multi-front situation assessment with Israeli army chief Eyal Zamir and other senior commanders, according to a statement issued by the minister’s office.
“We are at the closest point to meeting the war’s goals. We have two remaining open theaters in Gaza and Yemen, and we must work toward a full victory in both,” Katz said.
His remarks came amid the ongoing talks in Doha, Qatar, for a ceasefire agreement in Gaza, and reports earlier in the day in Israeli media of significant progress.
According to the statement, Katz stressed the importance of meeting the war’s goals as set, primarily the return of all Israeli hostages and the surrender of Hamas.
He added that there is a possibility of a renewal of the war against Iran, stressing the need to preserve the “achievements” of the brief war last month, while formulating an effective enforcement plan to ensure that Iran does not restore its nuclear and missile projects.
Katz also claimed that the Israeli army’s presence at the control points and in the security zones in the various sectors, including in Syria and Lebanon, is a “security need” for the defense of Israeli communities.
He added that the Israeli army will remain inside refugee camps in the West Bank, and if necessary, will also operate in additional ones.
English Caption 1
Displaced Palestinian children are seen at a temporary shelter in al-Yarmouk Stadium in Gaza City, July 21, 2025. (Photo by Rizek Abdeljawad/Xinhua)
English Caption 2
Palestinians mourn for victims who were killed during an Israeli airstrike at the al-Shifa hospital in Gaza City, on July 21, 2025. (Photo by Mahmoud Zaki/Xinhua)