Connect with us

Asia

ပါတီတွင်း ဖိအားပေးမှုများ မြင့်တက်နေခိုက် ရာထူးမှနုတ်ထွက်ရန် ရည်ရွယ်ထားဟု ဂျပန်ဝန်ကြီးချုပ် အရိပ်အမြွက်ပြောကြား

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Franck Robichon/Pool via Xinhua)

တိုကျို၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
မကြာမီက ပြီးဆုံးခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့မှုအပေါ် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) တွင်း ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ၎င်းအနေဖြင့် ဩဂုတ်လ နောက်ဆုံးထား၍ ရာထူးမှနုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း ၎င်း၏ အနီးကပ်လက်ထောက်များအား အသိပေးခဲ့သည်ဟု Mainichi သတင်းစာက ဇူလိုင် ၂၃ ရက်၌ ဖော်ပြခဲ့သည်။
အီရှီဘာအနေဖြင့် ဇူလိုင် ၂၃ ရက် နှောင်းပိုင်းတွင် LDP ပါတီမှ အကြီးတန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ ၎င်း၏ နိုင်ငံရေးအနာဂတ်အား ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
အီရှီဘာက ရွေးကောက်ပွဲတွင် အရေးနိမ့်မှု၊ ရာထူးမှနုတ်ထွက်ပေးရန် ပါတီတွင်း တောင်းဆိုမှုများ ပိုမိုအရှိန်မြင့်လာသည့်တိုင် ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် ဆုံးဖြတ်ထားသည်ဟု အစောပိုင်းတွင် ကြေညာထားခြင်းဖြစ်ကာ ၎င်း မည်သည့်အချိန်တွင် နုတ်ထွက်မည်ကိုမူ တိတိကျကျ မသိရသေးဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်မှ တင်သွင်းသော အမေရိကန်သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမှု အပါအဝင် အမေရိကန်နှင့် ဂျပန်အကြား ကုန်သွယ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
ထိုကုန်သွယ်ရေး သဘောတူညီချက်က ၎င်း၏ နိုင်ငံရေး အနာဂတ်အပေါ် မည်သို့သက်ရောက်မှု ရှိမည်နည်းဟု မေးမြန်းရာတွင် အီရှီဘာက “သဘောတူညီချက်ပါ အကြောင်းအရာတွေကို အလုံးစုံ ဆန်းစစ်လေ့လာတာတွေ မပြီးမချင်း ကျွန်တော့်အနေနဲ့ မှတ်ချက်ပေးလို့ မရပါဘူး” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Japanese PM signals intention to resign amid mounting party pressure
TOKYO, July 23 (Xinhua) — Japanese Prime Minister Shigeru Ishiba has conveyed to close aides his intention to step down by August, following the Liberal Democratic Party’s (LDP) internal review of its devastating loss in the recent House of Councillors election, Mainichi newspaper reported on Wednesday.
Ishiba is expected to meet with senior LDP figures later on Wednesday to discuss his political future.
Though Ishiba had initially announced his decision to remain in office despite the election setback, calls for his resignation have since intensified within the party, and the exact timing of his departure remains uncertain, according to the report.
U.S. President Donald Trump said on social media that the U.S. and Japan had made a trade deal that includes a 15 percent tariff that will be levied on U.S. imports from the country.
Asked about how the trade deal would affect his political future, Ishiba said, “I cannot comment until I thoroughly examine the contents of the agreement.”
English Caption
Japanese Prime Minister Shigeru Ishiba, also president of Japan’s ruling Liberal Democratic Party (LDP), meets the press at the LDP headquarters in Tokyo, Japan, July 20, 2025. (Franck Robichon/Pool via Xinhua)