Connect with us

International Organizations

အက်သလက်တစ် ဘီဘာအိုအသင်းက အိုဆာဆူနာအသင်းမှ ညာနောက်ခံလူ အရီဆိုကို ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ

မက်ဒရစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ညာနောက်ခံလူ ဂျီးဆပ် အရီဆို (Jesus Areso) သည် ၎င်း၏ကစားသမားဘဝတွင် ဒုတိယအကြိမ်မြောက်အဖြစ် အိုဆာဆူနာအသင်းမှ အက်သလက်တစ် ဘီဘာအိုအသင်းသို့ ဇူလိုင် ၂၂ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အရီဆိုသည် ယူရို ၁၂ သန်း (အမေရိကန်ဒေါ်လာ ၁၄ သန်း) နီးပါးရှိသော စာချုပ် ဖျက်သိမ်းကြေးဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အက်သလက်တစ် ဘီဘာအိုအသင်းက အက်သလက်တီကို မက်ဒရစ်အသင်း၏ အရီဆိုအား စိတ်ဝင်စားမှုကို ကျော်လွှားကာ ၂၀၃၁ ခုနှစ် ဇွန်လကုန်အထိ ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် အရီဆို၏ အဆိုပါပြောင်းရွှေ့မှုသည် ၂၀၁၇ ခုနှစ်တွင် အက်သလက်တစ် ဘီဘာအိုအသင်းက ၎င်းအား ယူရို ၄၅၀,၀၀၀ ဖြင့် ပထမဆုံးအကြိမ် ခေါ်ယူခဲ့ပြီးနောက် အိုဆာဆူနာအသင်းမှ အက်သလက်တစ် ဘီဘာအိုအသင်းသို့ ဒုတိယအကြိမ် ပြောင်းရွှေ့ခြင်းဖြစ်သည်။
အရီဆိုက ကလပ်၏ ဘီအဆင့်အသင်းတွင် သုံးရာသီကြာ ၅၅ ပွဲ ပါဝင်ကစားခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် အိုဆာဆူနာအသင်းသို့ ပြန်လာရန် စာချုပ်သစ် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး၊ ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ပြီးခဲ့သည့် နှစ်ရာသီအတွင်း စပိန်နိုင်ငံ Pamplona မြို့ အခြေစိုက်ကလပ်အတွက် ပထမဦးစားပေး ကစားသမားဖြစ်ခဲ့ပြီး လာလီဂါတွင် ၇၆ ပွဲ ကစားခဲ့သည်။
လျင်မြန်ပြီး တိုက်စစ်ကိုပံ့ပိုးပေးနိုင်သော အဆိုပါညာနောက်ခံလူ အရီဆိုက အက်သလက်တစ် ဘီဘာအိုအသင်း၌ စံချိန်တင် ၅၇၂ ပွဲ ကစားပြီးနောက် ပြီးခဲ့သည့်ရာသီကုန်တွင် အနားယူသွားခဲ့သည့် အော်စကာ ဒီ မားကို့စ် (Oscar de Marcos) ၏ နေရာတွင် အစားထိုးဝင်ရောက်ကစားမည် ဖြစ်သည်။
ပြီးခဲ့သည့်ရာသီ၌ လာလီဂါတွင် စတုတ္ထနေရာ ရရှိခဲ့ပြီးနောက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်သို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေသည့် အက်သလက်တစ် ဘီဘာအိုအသင်းက ဆော်ဒီအာရေဗျ အသင်းတစ်သင်းဖြစ်သော Al-Nassr မှ စပိန်နိုင်ငံ လက်ရွေးစင်ကစားသမား Aymeric Laporte ကိုလည်း ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရလုနီးပါးဖြစ်နေကြောင်း သိရသည်။ (Xinhua)
——————-
(English Version)
Athletic Bilbao signs right back Areso from Osasuna for second time
MADRID, July 22 (Xinhua) — Right back Jesus Areso completed a return to Athletic Bilbao on Tuesday when he joined the club from Osasuna for the second time in his career.
Areso joins for a fee close to his 12-million-euro (14 million US dollars) release clause and has signed a six-year contract until the end of June 2031, with Athletic holding off interest from Atletico Madrid.
The transfer marks the 26-year-old’s second move from Osasuna to Athletic Bilbao, following his initial transfer in 2017, when Athletic paid 450,000 euros for his services.
He spent three seasons in the club’s B-team making 55 appearances, but rejected offers of a new contract to return to Osasuna in 2021 and after overcoming a serious leg injury, he has been first choice for the Pamplona-based club in the last two seasons, making 76 appearances in La Liga.
A rapid and powerful attacking right back, Areso replaces Oscar de Marcos, who retired at the end of last season after a record 572 appearances for the club.
Athletic is also thought to be close to a deal to re-sign Spain international Aymeric Laporte from Saudi Arabian side Al-Nassr as the club prepares to return to the Champions League next season after last season’s fourth place finish in La Liga.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.