International Organizations
စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဆာအူးလ် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့မည်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဆာအူးလ်မှာ ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ရန်အတွက် ရီယိုဒီဂျနေးရိုးမြို့သို့ ဇူလိုင် ၂၂ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ် အဆိုပါ ကစားသမားမှာ ရီယိုဒီဂျနေးရိုးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖလာမင်ဂိုအသင်း ပရိသတ်များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့သော်လည်း မီဒီယာများအား တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။
၎င်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်နှင့် ချုပ်ဆိုထားသည့် ၂၀၂၆ ခုနှစ် ဇွန်လအထိ သက်တမ်းကျန်ရှိသော စာချုပ်အား ဖျက်သိမ်းခဲ့ပြီးနောက် ဖလာမင်ဂိုနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် ကစားသမားအား ဆေးစစ်မှုပြုလုပ်ပြီးနောက် ဇူလိုင် ၂၃ ရက်၌ သဘောတူညီချက်အား တရားဝင်ကြေညာဖွယ်ရှိကြောင်း သိရသည်။
ဆာအူးလ်အနေဖြင့် ၂၀၁၂ ခုနှစ်တွင် အက်သလက်တီကိုအသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာပြီးနောက် အသင်းအတွက် ၄၂၇ ပွဲ ပါဝင်ကစားခဲ့သလို စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၁၉ ပွဲ ပါဝင်ကစားခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်ရာသီတွင် ဆီဗီလာအသင်း၌ အငှားဖြင့် သွားရောက်ကစားခဲ့ရာ ၂၆ ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတွင် ရာယို ဗယ်လက်ကာနိုအသင်း၌လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်း၌လည်းကောင်း အငှားဖြင့် သွားရောက်ကစားခဲ့သည်။
ယခုအပြောင်းအရွှေ့ ပြီးမြောက်ခဲ့ပါက ဆာအူးလ်မှာ အက်သလက်တီကို အသင်းဖော်ဟောင်းနှင့် လက်ရှိ ဖလာမင်ဂိုနည်းပြဖြစ်သူ ဖိလစ်ပီ လူးဝစ်စ်နှင့် ပြန်လည်လက်တွဲရမည်ဖြစ်သည်။ ဖိလစ်ပီ လူးဝစ်စ်မှာ အဆိုပါ စပိန်နိုင်ငံသားအား ဘရာဇီးသို့ ခေါ်ယူနိုင်ရန် ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်သည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဖလာမင်ဂိုအသင်းမှာ အသင်း ၂၀ ပါဝင်သည့် ဘရာဇီး စီးရီးအေပြိုင်ပွဲတွင် အဆင့်-၂ ၌ ရပ်တည်နေကာ ဩဂုတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် ကိုပါ လစ်ဘာတာဒိုးရက်စ် ဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်၌ အင်တာနေစီယွန်နယ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့၏ လာလီဂါပွဲစဉ်၌ ဘာစီလိုနာကစားသမား ရောဘတ် လီဝန်ဒေါစကီးနှင့် အက်သလက်တီကို မက်ဒရစ်ကစားသမား ဆာအူးလ် နီဂွက်ဇ် (အပေါ်) တို့အား တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Ex-Spain midfielder Saul set for Flamengo move
RIO DE JANEIRO, July 22 (Xinhua) — Former Spain international midfielder Saul arrived in Rio de Janeiro on Tuesday ahead of an expected move to Flamengo.
The 30-year-old signed autographs and posed for photos with dozens of Flamengo fans at the city’s international airport but did not speak to the media.
Local press reported that he has agreed to a three-year deal with Flamengo after terminating his contract with Atletico Madrid, which had been due to run until June 2026.
The agreement is expected to be officially announced on Wednesday following a routine medical.
Capped 19 times for Spain, Saul made 427 appearances for Atletico after graduating from the club’s youth academy in 2012. He spent last season on loan at Sevilla, playing 26 games, scoring once and providing six assists.
He also had loan spells at Rayo Vallecano in 2013-14 and Chelsea in 2021-22.
The transfer will reunite Saul with Flamengo manager and former Atletico teammate Filipe Luis, who reportedly led efforts to bring the Spaniard to Brazil.
Flamengo is second in Brazil’s 20-team Serie A and will face Internacional in the last 16 of the Copa Libertadores in August.
English Caption 1
Ferran Torres (R) of Barcelona vies with Saul Niguez of Atletico de Madrid during a La Liga football match between FC Barcelona and Atletico de Madrid in Barcelona, Spain, Dec. 3, 2023. (Photo by Joan Gosa/Xinhua)
English Caption 2
Robert Lewandowski of Barcelona reacts with Saul Niguez (top) of Atletico de Madrid during a La Liga football match between FC Barcelona and Atletico de Madrid in Barcelona, Spain, Dec. 3, 2023. (Photo by Joan Gosa/Xinhua)