Connect with us

China

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးနှင့် ဥရောပသမဂ္ဂ (အီးယူ) ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာတို့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပပြုလုပ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေးနှင့်စပ်လျဉ်း၍ စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ဝန်ထောင်း ရှင်းလင်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ဝန်ထောင်းက ဥရောပသမဂ္ဂ (အီးယူ) ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ကော်မရှင်နာ Maros Sefcovic နှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဇူလိုင် ၂၂ ရက်က တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရသည်။
နှစ်ဦးနှစ်ဖက်သည် တရုတ်-ဥရောပသမဂ္ဂ (အီးယူ) စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ အရေးကြီး ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်းနှင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အီးယူ၏ ရုရှားနိုင်ငံအပေါ် ၁၈ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုများတွင် တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုကို ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ဝမ်က ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်းလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
——————
(English Version)
Chinese commerce minister holds video meeting with EU trade commissioner
BEIJING, July 23 (Xinhua) — Chinese Commerce Minister Wang Wentao held a meeting via video link with the European Commissioner for Trade and Economic Security Maros Sefcovic on Tuesday, according to a statement released Wednesday by China’s Ministry of Commerce.
The two sides conducted frank and in-depth discussions on China-European Union (EU) economic and trade cooperation and related key issues. Wang also made solemn representations regarding the EU’s inclusion of two Chinese financial institutions in its 18th round of sanctions against Russia, said the statement.

English Caption
Wang Wentao, minister of commerce, speaks at a press conference on economy for the second session of the 14th National People’s Congress (NPC) in Beijing, capital of China, March 6, 2024. (Xinhua/Li Xin)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.