Connect with us

China

တရုတ်နိုင်ငံ တောင်ပိုင်း အဓိကလေကြောင်းဗဟိုချက်က ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသည် ခရီးစဉ်ပေါင်း သန်း ၄၀ ကျော်ကို ဝန်ဆောင်မှုပေး ကွမ်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ အဓိကပို့ဆောင်ရေးဗဟိုချက်ဖြစ်သော ကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်က ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသည် ခရီးစဉ်ပေါင်း သန်း ၄၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ကြောင်း ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလမှ ဇွန်လအထိ လေကြောင်းခရီးစဉ်ပေါင်း ၂၆၆,၀၀၀ ကို ဝန်ဆောင်မှုပေးခဲ့ကာ ၎င်းပမာဏသည် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး၊ ကုန်စည်နှင့် စာပို့မှုပမာဏမှာ ၁.၁၆၉ သန်း တန်ရှိရာ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ယင်းလေဆိပ်က ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း ယင်းလေဆိပ်သည် ၎င်း၏ခရီးစဉ်ကွန်ရက်ကို သိသိသာသာ ချဲ့ထွင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယားမြို့နှင့် ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့များသို့ ပျံသန်းသော အဓိက ရပ်ဝန်းနှင့် ပိုးလမ်းမ ခရီးစဉ်များအပါအဝင် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၁၉ ခုကို ခရီးစဉ်ကွန်ရက်အတွင်း ထည့်သွင်းခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံ တောင်ပိုင်း၏ အဓိကလေကြောင်းဗဟိုချက်ဖြစ်သော အဆိုပါကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်က ကမ္ဘာ့နေရာပေါင်း ၉၃ ခုသို့ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၁,၆၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ (Xinhua) #MajorSouthChinaAirHub #Over40MillionPassengerTrips #တရုတ်နိုင်ငံတောင်ပိုင်းအဓိကလေကြောင်းဗဟိုချက် #ခရီးသည်ခရီးစဉ်ပေါင်းသန်း၄၀ကျော် ———————– (English Version) Major south China air hub handles over 40 million passenger trips in H1 GUANGZHOU, July 22 (Xinhua) – Guangzhou Baiyun International Airport, a major transportation hub in south China’s Guangdong Province, said Tuesday that it handled over 40 million passenger trips in the first half of 2025, up 9.2 percent year on year. The airport also reported handling 266,000 flights from January to June, up 7 percent, and its cargo and mail volume at 1.169 million tonnes, a year-on-year increase of 2 percent. During the period, the airport expanded its network significantly, adding 19 international routes, including key Belt and Road destinations like Surabaya in Indonesia and Kazakhstan’s Almaty. It now serves 93 international destinations with over 1,600 weekly flights. English Caption A C919 passenger jet operated by the China Southern Airlines takes off from Guangzhou Baiyun International Airport in south China’s Guangdong Province, Jan. 14, 2025. (Xinhua/Wang Ruiping)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern Airlines မှ ပြေးဆွဲသော C919 ခရီးသည်တင် ဂျက်လေယာဉ်တစ်စင်း ပျံတက်နေပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

xကွမ်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ အဓိကပို့ဆောင်ရေးဗဟိုချက်ဖြစ်သော ကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်က ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသည် ခရီးစဉ်ပေါင်း သန်း ၄၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ကြောင်း ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလမှ ဇွန်လအထိ လေကြောင်းခရီးစဉ်ပေါင်း ၂၆၆,၀၀၀ ကို ဝန်ဆောင်မှုပေးခဲ့ကာ ၎င်းပမာဏသည် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး၊ ကုန်စည်နှင့် စာပို့မှုပမာဏမှာ ၁.၁၆၉ သန်း တန်ရှိရာ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ယင်းလေဆိပ်က ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း ယင်းလေဆိပ်သည် ၎င်း၏ခရီးစဉ်ကွန်ရက်ကို သိသိသာသာ ချဲ့ထွင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယားမြို့နှင့် ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့များသို့ ပျံသန်းသော အဓိက ရပ်ဝန်းနှင့် ပိုးလမ်းမ ခရီးစဉ်များအပါအဝင် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၁၉ ခုကို ခရီးစဉ်ကွန်ရက်အတွင်း ထည့်သွင်းခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ တောင်ပိုင်း၏ အဓိကလေကြောင်းဗဟိုချက်ဖြစ်သော အဆိုပါကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်က ကမ္ဘာ့နေရာပေါင်း ၉၃ ခုသို့ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၁,၆၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————–

(English Version)
Major south China air hub handles over 40 million passenger trips in H1
GUANGZHOU, July 22 (Xinhua) – Guangzhou Baiyun International Airport, a major transportation hub in south China’s Guangdong Province, said Tuesday that it handled over 40 million passenger trips in the first half of 2025, up 9.2 percent year on year.
The airport also reported handling 266,000 flights from January to June, up 7 percent, and its cargo and mail volume at 1.169 million tonnes, a year-on-year increase of 2 percent.
During the period, the airport expanded its network significantly, adding 19 international routes, including key Belt and Road destinations like Surabaya in Indonesia and Kazakhstan’s Almaty. It now serves 93 international destinations with over 1,600 weekly flights.
English Caption
A C919 passenger jet operated by the China Southern Airlines takes off from Guangzhou Baiyun International Airport in south China’s Guangdong Province, Jan. 14, 2025. (Xinhua/Wang Ruiping)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.