Connect with us

International Organizations

ဗလင်စီယာနောက်ခံလူ မော့စကယ်ရာ အပြောင်းအရွှေ့အား အပြီးသတ်ရန် အာဆင်နယ်အသင်းနှင့် လာရောက်ပူးပေါင်း

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဘာနေဗျူး အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီစီယက်စ် ဂျူနီယာ (ယာ) နှင့် ဗလင်စီယာ ကစားသမား ခရစ္စသီယန် မော့စကယ်ရာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ဗလင်စီယာအသင်း၏ စပိန် ယူ-၂၁ နောက်ခံလူ ခရစ္စသီယန် မော့စကယ်ရာမှာ စင်ကာပူသို့ ရာသီကြို အာရှခြေစမ်းခရီးစဉ်အဖြစ် ‌ရောက်ရှိနေသည့် အာဆင်နယ်အသင်းနှင့် လာရောက်ပူးပေါင်းခဲ့ပြီးနောက် အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဟု သိရသည်။
မော့စကယ်ရာမှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိသော ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ကာ အာဆင်နယ်အနေဖြင့် ဗလင်စီယာအား ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၃ သန်း (အမေရိကန်ဒေါ်လာ ၁၇.၆ သန်း) ပေးချေသွားမည်ဟု သတင်းများအရ သိရသည်။
ဗလင်စီယာအသင်းအနေဖြင့် ပြီးခဲ့သည့် နှစ်ရာသီ၌ လာလီဂါမှ တန်းမဆင်းရရေးအတွက် ရုန်းကန်နေရချိန်တွင် အသက် ၂၁ နှစ်အရွယ် မော့စကယ်ရာမှာ အသင်း၏ တောက်ပလာသော ကစားသမား အနည်းငယ်ထဲမှ တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး အဆိုပါ လူငယ်ကြယ်ပွင့်ကစားသမားအနေဖြင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွင် ပွဲစဉ်နှစ်ပွဲသာ လွဲချော်ခဲ့သလို ပြီးခဲ့သည့် ဘောလုံးရာသီကလည်း တစ်ပွဲသာ လွဲချော်ခဲ့ကာ ၎င်း၏ အမြင့်ဘောနိုင်နင်းမှု၊ အမြန်နှုန်းတို့ဖြင့် အသင်းအား အကောင်းဆုံး ဆွဲတင်ပေးခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ရာသီ၌ ပရီးမီးယားလိဂ်တွင် အဆင့်-၂ ရရှိခဲ့သည်ထက် ပိုမိုစွမ်းဆောင်နိုင်ရန် ရည်မှန်းထားသည့် အာဆင်နယ်အသင်းအနေဖြင့် ချဲလ်ဆီးအသင်းမှ ဂိုးသမား ကယ်ပါ၊ တိုက်စစ်ကစားသမား နိုနီ မာဒူအက်ကေ၊ ဘရန့်ဖို့ဒ်ကွင်းလယ်ကစားသမား ခရစ်ရှန် နော်ဂ့ါဒ်၊ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မော့စကယ်ရာမှာ ယခုနွေရာသီတွင် အာဆင်နယ်အသင်းအတွက် ပဥ္စမမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာမည်ဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ရန်လည်း နီးစပ်နေပြီဖြစ်ကာ ဆွေးနွေးမှုများမှာ အလွန်နီးစပ်သည့် အဆင့်သို့ ရောက်ရှိနေပြီဟု သတင်းများတွင် ဖော်ပြထားသည်။
ထိုစဉ် အာဆင်နယ် ကစားသမားသစ် ဇူဘီမန်ဒီက အသင်းဝက်ဘ်ဆိုက်တွင် အင်တာဗျူး ဖြေကြားရာ၌ လန်ဒန်‌မြောက်ပိုင်းကလပ် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းတစ်ရပ်မှာ နည်းပြ မစ်ကယ် အာတေတာကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“သူ ကျွန်တော့်ကို ဘယ်လိုမြင်လဲဆိုတာ မသိပေမဲ့ ကျွန်တော့်အမြင်မှာတော့ သူက ဥရောပရဲ့ ထိပ်တန်းနည်းပြတစ်ယောက်ပါပဲ” ဟု ဇူဘီမန်ဒီက ပြောကြားခဲ့သည်။ (Xinhua)

…………………..
(English Version)
Mosquera joins Arsenal squad ahead of closing transfer
SINGAPORE, July 23 (Xinhua) — Valencia’s Spain Under-21 defender Cristhian Mosquera is on the verge of signing for Arsenal after joining up with the squad on the club’s Asian tour in Singapore.
Mosquera has reportedly agreed a five-year contract, with an option to extend his stay for a further year, with Arsenal paying Valencia an initial fee of 13 million pounds (17.6 million US dollars).
21-year-old Mosquera has been one of the few bright spots as Valencia has struggled to avoid relegation from La Liga in the past two seasons, with the youngster missing just two games in the 2023-24 campaign and just one last season, with his power in the air and pace vital factors in keeping the club in the elite.
He will be Arsenal’s fifth signing of the summer as the club aims to go one better than last season’s second place in the Premier League, with goalkeeper Kepa Arrizabalaga and forward Noni Madueke signing from Chelsea, midfielder Christian Norgaard coming in from Brentford and Martin Zubimendi joining from Real Sociedad.
Arsenal is also believed to be close to finalizing a deal for Swedish striker Viktor Gyokeres, with talks reportedly at an “extremely advanced stage.”
Meanwhile Zubimendi gave an interview on the club website explaining that Arsenal coach Mikel Arteta was one reason he had decided to join the north-London outfit.
“I don’t know what he saw in me but what I saw in him is that he’s a top coach in Europe,” Zubimendi said.
English Caption
Vinicius Junior (R) of Real Madrid vies with Cristhian Mosquera of Valencia CF during the Spanish league (La Liga) football match between Real Madrid and Valencia CF at Santiago Bernabeu Stadium, Madrid, Spain, on April 5, 2025. (Photo by Gustavo Valiente/Xinhua)