China
ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းက ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်းအား တရားဝင်ကြေညာ

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) ကို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဟိုင်နန်ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်စတင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ထိပ်တန်း စီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့သော ၁၉၇၈ ခုနှစ်၌ ၁၁ ကြိမ်မြောက် CPC ဗဟိုကော်မတီ တတိယမြောက် မျက်နှာစုံညီအစည်းအဝေး၏ သမိုင်းမှတ်တိုင်နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်သော ယင်းနေ့တွင် ကြေညာလိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်တံခါးဖွင့်လှစ်မှုအတွက် မဆုတ်မနစ်ကတိပြုမှုကို အလေးထားဖော်ပြလိုက်ခြင်းလည်းဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် လက်ထောက်အကြီးအကဲ ဝမ်ချန်းလျင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်း လည်ပတ်မှုက ဟိုင်နန် FTP ဖွံ့ဖြိုးတိုးတက်မှုနဲ့ တံခါးဖွင့်လှစ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်ရေးအတွက် အဓိကကျတဲ့ အစီအမံတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ဝမ်က ဆိုပြီး ယင်းမှာ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၌ “သမိုင်းမှတ်တိုင် တစ်ခု” ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတွင် အကောက်ခွန်လွတ်ကုန်ပစ္စည်းများဖြင့် စည်းကြပ်ခွန်လိုင်း အချိုးအစားကိုလည်း ၂၁ ရာခိုင်နှုန်းမှ ၇၄ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း၊ ဟိုင်နန်တွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း တန်ဖိုးမြှင့်ထုတ်လုပ်ထားသော သွင်းကုန်ပစ္စည်းများအနေဖြင့် ပြည်မကြီးသို့ အကောက်ခွန်မဲ့ဖြင့် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း Wang က ဆိုသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း ကန့်သတ် သို့မဟုတ် တင်းကြပ်ထားသည့် အချို့သောကုန်စည်များမှာလည်း ဟိုင်နန်ပြည်နယ်အတွင်း ပွင့်လင်းသောမူဝါဒများ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဟိုင်နန်ပြည်နယ်ရှိ အကောက်ခွန်လွတ် ကုန်ပစ္စည်းအရေအတွက်ကိုလည်း ၁,၉၀၀ ခန့်ရှိရာမှ ၆,၆၀၀ ခန့်အထိ တိုးမြှင့်မည်ဖြစ်ကာ တံခါးဖွင့်လှစ်မှု၌ အရေးပါသောမြှင့်တင်မှု အထိမ်းအမှတ်လည်း ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျောက်မင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ အကောက်ခွန်လွတ်ဈေးဝယ်စင်တာ၌ ဝယ်ယူနေသူများကို ၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းရှိ တစ်နေရာတည်းအပြီး လေယာဉ်ထိန်းသိမ်းရေးစခန်း၌ ပြုပြင်မွမ်းမံနေသည့် ပြည်တွင်းလေယာဉ်တစ်စင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Hainan Free Trade Port to officially launch island-wide independent customs operation
BEIJING, July 23 (Xinhua) — China’s Hainan Free Trade Port (FTP) will officially launch an island-wide independent customs operation on Dec. 18, 2025, as approved by the Communist Party of China (CPC) Central Committee, an official with the country’s top economic planner announced Wednesday.
The launch on this symbolic date, which marks the anniversary of the milestone Third Plenary Session of the 11th CPC Central Committee in 1978 that ushered in the reform and opening-up, underscores China’s unwavering commitment to high-standard opening-up, Wang Changlin, deputy head of the National Development and Reform Commission, said at a press conference.
“The island-wide independent customs operation is a flagship move for the development of the Hainan FTP and a key measure to further expand opening-up,” Wang said, calling it “a milestone” in China’s opening-up efforts.
The proportion of tariff lines with zero-tariff products in the Hainan Free Trade Port will increase from 21 percent to 74 percent, Wang said, adding that imported products that undergo at least 30 percent value-added processing in Hainan can enter the mainland tariff-free. Certain goods currently banned or restricted nationwide will enjoy open policies in Hainan.
Vice Minister of Finance Liao Min noted that the number of duty-free items in Hainan will increase from about 1,900 to around 6,600, marking a significant boost in openness.
Photo 1: The State Council Information Office (SCIO) holds a press conference on the development of Hainan Free Trade Port in Beijing, capital of China, July 23, 2025. (Xinhua/Pan Xu)
Photo 2: People shop at a duty-free shopping mall in Sanya, south China’s Hainan Province, May 29, 2025. (Xinhua/Yang Guanyu)
Photo 3: An inbound aircraft is under maintenance at a one-stop aircraft maintenance base in Hainan Free Trade Port in Haikou, south China’s Hainan Province, Feb. 17, 2025. (Xinhua/Zhang Liyun)