Asia
ကမ္ဘောဒီးယား ပြည်နယ်နှစ်ခု၏ နယ်စပ်ဒေသများအား ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ပြော

ဖနွမ်းပင်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မင်ချေးပြည်နယ်နှင့် ပရယ် ဗီဟီယာပြည်နယ်တို့၏ နယ်စပ်ဒေသများအား ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ် တက်ချို ဟွန်ဆန်က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။
ထိုင်းစစ်သားများက ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့ရာ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်ခုခံပြီး တန်ပြန်တိုက်ခိုက်ရုံမှအပ ရွေးချယ်စရာမရှိကြောင်း ၎င်း၏ တရားဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် တင်ထားသော ပို့စ်တစ်ခု၌ ဟွန်ဆန်က ရေးသားထားသည်။
ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိရန်၊ ဆန်နှင့် အခြားကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း မပြုရန်နှင့် ဈေးသည်များအနေဖြင့်လည်း ကုန်စည်ဈေးနှုန်းများကို တိုးမြှင့်ခြင်းမပြုကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
“ထိုင်းစစ်တပ်က ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေကို အရင်ဆုံး လက်နက်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ အတိုင်းအတာထဲကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ နယ်မြေပိုင်နက် ပြည့်စုံမှုကို ထိပါးချိုးဖောက်ခဲ့တဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေရဲ့ အကြောင်းမဲ့ ကျူးကျော်ရန်စမှုကို တုံ့ပြန်ခဲ့ပါတယ်” ဟု ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန undersecretary of state နှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီတာက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုင်းစစ်တပ်ကမူ ကမ္ဘောဒီးယားဘက်က စတင်ပစ်ခတ်ခဲ့သဖြင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Cambodian senate president says border areas of 2 Cambodian provinces shelled by Thai army
PHNOM PENH, July 24 (Xinhua) — Cambodian Senate President Samdech Techo Hun Sen said on Thursday that the Thai army shelled the border areas of Oddar Meanchey province and Preah Vihear province in Cambodia.
In a post on his official social media platforms, Hun Sen said Thai soldiers began to attack the Cambodian troops, and the Cambodian soldiers had no choice but to fight back and counterattack.
He urged people not to panic, nor to stockpile rice or other goods, and called on vendors not to increase the prices of goods.
“Thai military had launched first an armed assault on Cambodian forces, and Cambodian forces acted strictly within the bounds of self-defense, responding to an unprovoked incursion by Thai troops that violated our territorial integrity,” Lieutenant General Maly Socheata, undersecretary of state and spokesperson for Cambodia’s Ministry of National Defense, said in a statement.
A clash happened at the border areas between Thailand and Cambodia after the Cambodian side first opened fire, injuring a Thai soldier, the Thai Army said on Thursday.