International Organizations
ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်အား အငှားဖြင့်ခေါ်ယူနိုင်ပြီဟု အတည်ပြု

မက်ဒရစ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းက အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်အား မန်ချက်စတာ ယူနိုက်တက်အသင်းထံမှ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကလည်း ၎င်း၏ အပြောင်းအရွှေ့သတင်းအား ဗီဒီယိုမှတစ်ဆင့် တရားဝင်အတည်ပြုခဲ့သည်။
ရက်ရှ်ဖို့ဒ်အနေဖြင့် လာလီဂါနှင့် ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ချန်ပီယံ ဘာစီလိုနာအသင်းထံ ကနဦး တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းက ၎င်းအား ယူရို ၃၅ သန်း ဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိကြောင်း သိရသည်။ သို့သော် ဘာစီလိုနာအနေဖြင့် အဆိုပါ ကစားသမားအား အပြီးသတ်ခေါ်ယူလိုခြင်းမရှိပါက လျော်ကြေးပေးရမည့် အချက်ကိုလည်း စာချုပ်၌ ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။
“ဒီအသင်းက ကျွန်တော့်အတွက် အဓိပ္ပာယ်တွေအများကြီး သက်ရောက်မှုရှိပါတယ်။ ကျွန်တော့်အိမ်ကို ရောက်နေသလိုမျိုး ခံစားမိပြီး ဒီအသင်းဟာ ကစားသမားကောင်းတွေအနေနဲ့ သူတို့ရဲ့အစွမ်းအစကို ထုတ်ဖော်ပြသနိုင်တဲ့ နေရာကောင်းတစ်ခု၊ မိသားစုသဖွယ် နေရာတစ်ခုဖြစ်နေတဲ့ အချက်က ဒီကိုပြောင်းရွှေ့ဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ခုပါပဲ” ဟု ကစားသမား မိတ်ဆက်ပွဲတွင် ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။
ဇူလိုင် ၂၁ ရက်က ဘာစီလိုနာအသင်း၌ ဆေးစစ်မှုအောင်မြင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်အနေဖြင့် အပြောင်းအရွှေ့ ပြီးမြောက်နိုင်ရန် လစာ ၁၅ ရာခိုင်နှုန်း လျှော့ယူခဲ့သည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်၏ နှစ်သက်သဘောကျမှုကို မရရှိခဲ့သဖြင့် ဒုတိယရာသီဝက်တွင် အက်စတွန်ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရသည်။
ယခုအခါ ရက်ရှ်ဖို့ဒ်အနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ရာသီကြို ခြေစမ်းပွဲကစားရန် ဇူလိုင် ၂၄ ရက်တွင် အာရှသို့ထွက်ခွာမည့် ဘာစီလိုနာအသင်း လူစာရင်း၌ ပါဝင်လာမည်ဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ဘီဘာအိုအသင်းမှ စပိန်လက်ရွေးစင်ကစားသမား နီကို ဝီလီယမ်စ်အား ခေါ်ယူရန် နွေရာသီ အပြောင်းအရွှေ့နှစ်ခုဆက်တိုက် ကြိုးပမ်းခဲ့သော်လည်း ဝီလီယမ်စ်က ဘီဘာအိုနှင့် စာချုပ်သက်တမ်း တိုးခဲ့သည့်အတွက် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဘာစီလိုနာအနေဖြင့် ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ်စ် ဒီယက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုမှာလည်း အသင်း၏ ဘဏ္ဍာရေးအခြေအနေကြောင့် လီဗာပူးလ်အသင်း တောင်းဆိုထားသော ပမာဏအား ပေးချေနိုင်ခြင်းမရှိသဖြင့် အထမမြောက်ခဲ့ပေ။
ရက်ရှ်ဖို့ဒ်မှာ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့် ဂယ်ရီ လိုင်နီကာနောက်ပိုင်း ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့သလို နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ဘာစီလိုနာအတွက် ပါဝင်ကစားမည့် ဒုတိယမြောက် အင်္ဂလန်သား ဖြစ်လာခဲ့သည်။ ဘာစီလိုနာအသင်းတွင် နောက်ဆုံးကစားခဲ့သည့် အင်္ဂလန်ကစားသမားမှာ ဟာရိုး စတမ်ပါဖြစ်ပြီး ၁၉၂၂ ခုနှစ်နှင့် ၁၉၂၃ ခုနှစ်အတွင်း တစ်ရာသီကြာ ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Barcelona confirms Rashford signing on loan deal
MADRID, July 23 (Xinhua) — FC Barcelona confirmed the loan signing of England international forward Marcus Rashford from Manchester United on Wednesday with a video in which the player said the news was “official.”
Rashford joins the La Liga and Copa del Rey champion on an initial one-season loan, with Barcelona having the option to make the move permanent for around 35 million euros. However, there is also a clause that means the club has to pay compensation if it opts against this.
“What the club stands for means a lot for me. I feel like I am at home and a big factor in my choice to come here because it is a family place and a good place for good players to showcase their skills,” said Rashford at his presentation.
The 27-year-old, who passed his medical tests in Barcelona on Monday, is rumored to have taken a 15 percent pay cut in order to complete the move after falling out of favor with United coach Ruben Amorim last season and spending the second half of the campaign on loan at Aston Villa.
He will now form part of the squad that travels to Asia on Thursday to play matches in both South Korea and Japan.
Rashford’s signing at Barcelona comes after the club suffered an embarrassing failure to sign Spain international Nico Williams from Athletic Bilbao for the second consecutive summer, with Williams opting to sign a new contract with Athletic.
Meanwhile, efforts to bring in Colombian winger Luis Diaz were frustrated by Barca’s economic situation, which made it impossible for the club to get close to Liverpool’s demands.
Rashford becomes the first English player to join FC Barcelona since Gary Lineker was at the club between 1986-1989 and only the second Englishman to play for them in over 100 years, with Harold Stamper the last previous Englishman after a season at Barcelona between 1922 and 1923.
English Caption
Marcus Rashford (Top R) of Aston Villa competes during the UEFA Champions League round of 16 match between Club Brugge and Aston Villa FC at the Jan Breydel Stadium in Bruges, on March 4, 2025. (Xinhua/Peng Ziyang)