International Organizations
ဘာစီလိုနာအသင်းက ဂျပန်သို့သွားရောက်မည့် ရာသီကြို ခြေစမ်းခရီးစဉ်အား ဖျက်သိမ်း

မက်ဒရစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ခရီးစဉ် စီစဉ်သူများနှင့် စာချုပ်ဆိုင်ရာ ပြဿနာကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်မည့် ခြေစမ်းခရီးစဉ်အား အချိန်ကပ်၍ ဖျက်သိမ်းခဲ့ရပြီးနောက် ဘာစီလိုနာအသင်း၏ ရာသီကြိုပြင်ဆင်မှု အစီအစဉ်များကို အကြီးအကျယ် သက်ရောက်မှုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းအနေဖြင့် ဂျပန်နိုင်ငံတွင် ဇူလိုင် ၂၇ ရက်၌ ဗစ်ဆယ် ကိုဘေးအသင်းနှင့်လည်းကောင်း၊ ထို့နောက် တောင်ကိုရီးယားနိုင်ငံတွင် ဆိုးလ်အက်ဖ်စီ၊ ဒယ်ဂူအက်ဖ်စီတို့နှင့် ခြေစမ်းပွဲကစားရန် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ဂျပန်သို့ ထွက်ခွာရမည်ဖြစ်သော်လည်း ယခုအခါ ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကာ တောင်ကိုရီးယား ခရီးစဉ်မှာလည်း မရေမရာရှိနေဆဲဖြစ်သည်။
“ပွဲစီစဉ်သူဘက်က စာချုပ်ကို အကြီးအကျယ် ချိုးဖောက်ခဲ့တဲ့အတွက် ဇူလိုင် ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်မှာ ပါဝင်တော့မှာ မဟုတ်ဘူးဆိုတာကို ဘာစီလိုနာအသင်းက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း တောင်ကိုရီးယားကို သွားရောက်မယ့် နွေရာသီ ခြေစမ်းခရီးစဉ်ကတော့ ပွဲစီစဉ်သူဘက်က သတ်မှတ်ချက်တချို့နဲ့ ကိုက်ညီနေတဲ့အတွက် အဲဒီခရီးစဉ်ကို ပြန်ချိန်ညှိဖို့ အသင်းအနေနဲ့ စဉ်းစားသွားမှာပါ” ဟု ကလပ်အသင်းက ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
ဘာစီလိုနာအသင်းမှာ အဆိုပါ ခြေစမ်းပွဲများတွင် ပါဝင်ကစားခြင်းဖြင့် ယူရို ၁၅ သန်းဝန်းကျင် ရရှိမည်ဖြစ်သော်လည်း ယခုကဲ့သို့ ခရီးစဉ် တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းခဲ့ရခြင်းကြောင့် အသုံးစရိတ် လိုအပ်ချက် မြင့်မားနေသော အသင်း၏ စီးပွားရေးအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သလို လာလီဂါ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်နေသည့် နည်းပြ ဟန်ဆီဖလစ်ခ်၏ အသင်းအနေဖြင့် ခြေစမ်းပွဲကစားရန် အသင်းသစ်များကိုလည်း အလျင်အမြန် ရှာဖွေရတော့မည်ဖြစ်သည်။
လတ်တလောတွင် ဘာစီလိုနာအသင်းအနေဖြင့် ရာသီကြိုခြေစမ်းပွဲ ကစားရန် နောက်ထပ်စီစဉ်ထားသော ပွဲစဉ်မှာ ဩဂုတ် ၁၀ ရက်၌ ကိုမိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တစ်ပွဲသာရှိပြီး ဩဂုတ် ၁၆ ရက်တွင်မူ လာလီဂါ ရာသီအဖွင့်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနှင့် ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ (Xinhua)
………………..
(English Version)
Barcelona cancels pre-season trip to Japan at short notice
MADRID, July 24 (Xinhua) — FC Barcelona’s pre-season plans are in ruins after the club was forced to cancel its visit to Japan at short notice due to a contractual problem with the tour organizers.
The Barca squad was due to fly to Japan on Thursday morning ahead of a game against Vissel Kobe on Sunday, before travelling to South Korea to face Seoul FC and Daegu FC. However, the Japanese leg of the tour has now been cancelled and the South Korean part is in the balance.
“FC Barcelona announces that it has been forced to suspend its participation in the match scheduled for next Sunday in Japan due to a serious breach of contract by the promoter. However, the Club will consider readjusting the South Korean portion of the summer tour…provided certain conditions are met by the promoter,” explained the club in a statement.
The cancellation of at least part of the tour is a blow to Barcelona’s economy, with the cash-strapped club due to receive an important injection of around 15 million euros for playing the games, but it is also a sporting blow as Hansi Flick’s side will have to look for new rivals at short notice as Flick looks to prepare for the new La Liga season.
Barca’s only other pre-season game that is currently scheduled is against Como on August 10, before the new La Liga campaign starts in Mallorca on August 16.
English Caption
Members of Barcelona celebrate with the trophy during the victory ceremony after the Laliga football match between Barcelona and Villarreal CF in Barcelona, Spain, on May 18, 2025. (Photo by Joan Gosa/Xinhua)