Connect with us

China

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှုဖြစ်လာမည်ဟု SCO ပညာရှင်များ ‌မျှော်မှန်း

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များအဖွဲ့ ထိပ်သီးအစည်းအဝေး၌ ပါဝင်တက်ရောက်သူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများမှ ပညာရှင်များသည် SCO အခန်းကဏ္ဍနှင့် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရန် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စုစည်းရောက်ရှိခဲ့ကြကာ ပိုမိုကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှုက ပူးပေါင်းဆောင်ရွက်နှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိကျင်းပလျက်ရှိသော SCO မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ ထိပ်သီးအစည်းအဝေးကို ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။ ဆင်ဟွာသတင်းအေဂျင်စီ၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ (CASS) ၊ ဟဲနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ပူးတွဲကြီးမှူး ကျင်းပခြင်းဖြစ်ပြီး SCO အဖွဲ့ဝင်နိုင်ငံ ၂၆ နိုင်ငံမှ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့များ၊ အစိုးရအဖွဲ့များ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအား အလေးထားလျက် ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော SCO အဖွဲ့သည် အဖွဲ့ဝင်ခြောက်နိုင်ငံရှိရာမှ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၊ လေ့လာသူနိုင်ငံ နှစ်နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံအထိ တိုးချဲ့လာနိုင်ခဲ့သည်။ SCO အနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို ဖန်တီးလျက် ပိုမိုနီးကပ်သော စီးပွားရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကို အထောက်အကူပြုနိုင်မည်ဟု အစည်းအဝေး၌ ပါဝင်ဆွေးနွေးကြသော ပညာရှင်များက ယုံကြည်ထားကြသည်။
“SCO က ပထဝီ-စီးပွားရေးလုပ်ငန်း အမျိုးအစားသစ်တစ်ခု ဖြစ်လာဖို့ လက်တွေ့ကျတဲ့အခြေအနေတွေ ပိုင်ဆိုင်ထားပါတယ်” ဟု CASS အောက်ရှိ ရုရှား၊ အရှေ့ဥရောပနှင့် ဗဟိုအာရှ လေ့လာရေးအင်စတီကျု အကြီးအကဲ ဆွန်းကျွမ်းကျစ်က ဇူလိုင် ၂၄ ရက်၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေး၏ တတ်သိပညာရှင်ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများအဖြစ် အီရန်နှင့် ဘီလာရုစ် စသည့်နိုင်ငံများ ဝင်ရောက်လာခြင်းဖြင့် SCO သည် ဒေသတွင်း စီးပွားရေးကြွယ်ဝမှုကို ပံ့ပိုးပေးနိုင်မည့် နိုင်ငံစုံကုန်းတွင်းစင်္ကြံများ ဖော်ထုတ်မည့် အလားအလာရှိကြောင်း ဆွန်းက အလေးထားပြောခဲ့သည်။
ယူရေးရှားဒေသ အဓိကအချက်အချာဖြစ်သည့်အားလျော်စွာ SCO သည် ပွင့်လင်း၍ ထိရောက်မှုရှိသော သယ်ယူပို့ဆောင်ရေးစနစ်အား တည်ထောင်နိုင်ခဲ့ပြီး တိုက်ကြီးတစ်ခွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို သိသိသာသာ အကျိုးဆောင်ပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5rp
……………………………………..
(English Version)
China Focus: SCO scholars expect better connectivity for regional development
ZHENGZHOU, July 24 (Xinhua) — Scholars from the Shanghai Cooperation Organization (SCO) countries are upbeat that greater connectivity will enhance cooperation and joint development, as they gathered in central China’s Henan Province to discuss the SCO’s role and sustainable development in a changing world.
The ongoing SCO Media and Think Tank Summit is taking place in Zhengzhou, the capital of Henan, from Wednesday to Sunday. Co-hosted by Xinhua News Agency, the Chinese Academy of Social Sciences (CASS), and the Henan provincial government, the event has attracted more than 400 representatives from media outlets, think tanks and governments of 26 SCO countries, as well as international and regional organizations.
Since its establishment in 2001 with a focus on security cooperation, the SCO has expanded from six member states to 10 member states with two observer states and 14 dialogue partners. The participating scholars believe that the SCO can support closer economic and people-to-people ties, creating a new pattern of regional cooperation.
“The SCO possesses the practical conditions to become a new type of geo-economic entity,” said Sun Zhuangzhi, head of the Institute of Russian, Eastern European and Central Asian Studies under the CASS, at a think tank forum held at the summit on Thursday.
Sun highlighted that with the accession of Iran and Belarus as member states, the SCO has the potential to develop multiple overland corridors, which can support regional economic prosperity.
As a key Eurasia hub, the SCO can establish an open and efficient transportation system, significantly contributing to economic development and connectivity across the continent, he added. xhtxs.cn/5rp
Photo : Participants of the Shanghai Cooperation Organization (SCO) Media and Think Tank Summit pose for photos outside the venue in Zhengzhou, central China’s Henan Province, July 24, 2025. (Xinhua/Wu Jingdan)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.