International Organizations
အမ်မာဆန် ရွိုင်ရယ်လ် ဖလာမင်ဂိုအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဖလာမင်ဂိုအသင်းသည် ညာနောက်ခံလူ အမ်မာဆန် ရွိုင်ရယ်လ်အား ခေါ်ယူရန် အေစီမီလန်အသင်းနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ဘရာဇီးမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
၂၀၂၈ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ကစားရန် စာချုပ်အား သဘောတူညီပြီးနောက် အသက် ၂၆ နှစ်အရွယ် အဆိုပါ ညာနောက်ခံ ကစားသမား အမ်မာဆန်သည် ဆေးစစ်မှုခံယူရန်အတွက် ဇူလိုင် ၂၆ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းစာများက ဇူလိုင် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။
ဖလာမင်ဂိုအသင်းက မီလန်အသင်းနှင့် စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေသေးသည့် ၎င်းနောက်ခံလူကို ခေါ်ယူရန်အတွက် ယူရို ၉ သန်း ပေးချေရန် သဘောတူခဲ့ကြောင်း သိရသည်။
အမ်မာဆန်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် တော့တင်ဟမ် ဟော့စပါးအသင်းမှ ပြောင်းရွှေ့လာပြီးနောက် အီတလီ စီးရီးအေ ကလပ် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားခဲ့သည်။
အမ်မာဆန် ရွိုင်ရယ်လ်အား ခေါ်ယူမှုသည် ဇူလိုင် ၁၀ ရက်တွင် ဘရာဇီးနိုင်ငံ၏ ရာသီအလယ် အပြောင်းအရွှေ့ကာလ စတင်ခဲ့ပြီးနောက် ဖလာမင်ဂိုအသင်း၏ ဒုတိယမြောက် ခေါ်ယူမှုဖြစ်ပြီး၊ စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း ဆောလ် (Saul) နှင့် တွဲကစားမည်ဖြစ်သည်။ (Xinhua)
—————-
(English Version)
Emerson Royal set for Flamengo move
RIO DE JANEIRO, July 24 (Xinhua) — Flamengo has reached an agreement with AC Milan to sign right-back Emerson Royal, according to media reports in Brazil.
The 26-year-old will arrive in Rio de Janeiro for a medical on Saturday, having agreed in principle to a deal running until December 2028, local press said on Thursday.
Flamengo reportedly agreed to pay nine million euros to release the defender, who had three years remaining on his Milan contract.
Emerson made 26 appearances across all competitions for the Italian Serie A club following his August 2024 move from Tottenham.
He is set to be the second signing for Flamengo since Brazil’s mid-season transfer window opened on July 10, joining former Spain international midfielder Saul.
English Caption
Members of Flamengo celebrate with the trophy after winning the final against Corinthians at the Copa do Brasil 2022 in Rio de Janeiro, Brazil, Oct. 19, 2022. (Xinhua/Wang Tiancong)