Africa & Middle East
အမေရိကန်အနေဖြင့် ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေမည်ဟု အမေရိကန် အထူးသံတမန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း အမေရိကန်၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဆက်လက်၍ ဝစ်ကော့ဖ်က အမေရိကန် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှာ ဟားမက်စ်အဖွဲ့၏ လတ်တလော တုံ့ပြန်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ရန် ကာတာမှ အမေရိကန်သို့ ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း၊ ဟားမက်စ်၏ တုံ့ပြန်မှုမှာ တစ်ကိုယ်ကောင်းဆန်ကြောင်း ပြောကြားခဲ့သည်။
“ဂါဇာအပစ်အခတ်ရပ်စဲရေး ရယူဖို့ ဆန္ဒမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့ လတ်တလော တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အဖွဲ့ကို ပြန်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းသံတမန်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဓားစာခံတွေ အိမ်ပြန်နိုင်ဖို့၊ ဂါဇာလူထုအတွက် ပိုမိုတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်အောင် ကြိုးပမ်းဖို့ တခြားရွေးချယ်စရာ နည်းလမ်းတွေကို စဉ်းစားသွားမှာပါ” ဟု ဝစ်ကော့ဖ်က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ တော်မီ ပစ်ဂေ့ါထ်က ဇူလိုင် ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်က စဉ်းစားနေသည်ဟုဆိုသော အခြားရွေးချယ်စရာ နည်းလမ်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ပြောဆိုခဲ့ခြင်းမရှိပေ။
အစ္စရေးနိုင်ငံကလည်း ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ရန်အတွက် ကာတာနိုင်ငံ ဒိုဟာမြို့သို့ ရောက်ရှိနေသည့် ယင်း၏ ဂါဇာအပစ်အခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့အား ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟားမက်စ်အဖွဲ့က ယင်းနေ့အစောပိုင်းတွင် စေ့စပ်ညှိနှိုင်းသူများ၏ ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ လွတ်မြောက်ရေးဆိုင်ရာ အဆိုပြုချက်ကို အကြောင်းပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးက ဆိုသည်။
အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV News ကမူ ဆွေးနွေးမှုများ ပျက်ပြယ်သွားခြင်းမဟုတ်ဟု အဆိုပါ ဆွေးနွေးမှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။
“ဒါက သက်ဆိုင်တဲ့ ဘက်အသီးသီးအကြား ညှိနှိုင်းဆောင်ရွက်မှုတစ်ခုပါပဲ။ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်နေပြီမို့လို့ ထဲထဲဝင်ဝင် ဆွေးနွေးသုံးသပ်မှုတွေ လုပ်ဆောင်ဖို့ ကိုယ်စားလှယ်အဖွဲ့ကို ပြန်ခေါ်လိုက်တာပါ။ ဆွေးနွေးမှုအရှိန်အဟုန်က အပြုသဘောဆောင်နေတုန်းပါပဲ” ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပါလက်စတိုင်း လက်နက်ကိုင် ၂၀၀ ဦးနှင့် ဂါဇာအရပ်သား ၂,၀၀၀ ဦးအား ပြန်လွှတ်ပေးရေးနှင့် အခြား အချက်များကို ဟားမက်စ်အဖွဲ့က တောင်းဆိုခဲ့သည်ဟု အခြား သတင်းရင်းမြစ်တစ်ဦးအား ကိုးကား၍ Kan TV News က ဖော်ပြခဲ့သည်။
ထိုအရေအတွက်မှာ အစ္စရေးဘက်က သဘောတူထားသည့် လက်နက်ကိုင် ၁၂၀ ခန့်နှင့် အရပ်သား ၁,၂၀၀ ဦးအား ပြန်လွှတ်ပေးရေး အပါအဝင် စေ့စပ်ညှိနှိုင်းသူများက အဆိုပြုထားသည်ထက် သိသိသာသာ ကျော်လွန်နေသည်ဟု အဆိုပါ ရုပ်သံ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
……………….
(English Version)
U.S. to seek “alternative options” for ceasefire in Gaza: U.S. envoy
WASHINGTON, July 24 (Xinhua) — U.S. Special Envoy to the Middle East Steve Witkoff said Thursday that the United States will seek “alternative options” for a ceasefire in Gaza.
Meanwhile, he announced that the U.S. negotiating team is returning home from Qatar for consultations upon Hamas’ latest response which he called “selfish.”
“We have decided to bring our team home from Doha for consultations after the latest response from Hamas, which clearly shows a lack of desire to reach a ceasefire in Gaza,” the envoy wrote on social media platform X.
“We will now consider alternative options to bring the hostages home and try to create a more stable environment for the people of Gaza,” Witkoff went ahead.
At a news briefing Thursday, U.S. State Department deputy spokesperson Tommy Pigott did not reveal any details on what the “alternative options” the United States is considering.
Also on Thursday, Israel decided to recall its Gaza ceasefire negotiating team from Qatar’s Doha for consultations, the Israeli Prime Minister’s Office said in a statement.
The decision followed Hamas’ response to the mediators’ proposal earlier in the day for a 60-day ceasefire and the release of Israeli hostages and Palestinian prisoners, it said.
Israel’s state-owned Kan TV News, citing a source close to the negotiations, reported that “the talks did not collapse.”
“This is a coordinated move between all parties,” it reported. “There are fateful decisions that need to be made, and that is why the delegation returned for further consultations. The momentum is still positive.”
Citing another source, Kan TV News reported that Hamas is, among other things, demanding the release of 200 Palestinian militants and 2,000 Gazan civilians who were detained after Oct. 7, 2023, when the Gaza war erupted.
According to Kan, these numbers are much higher than what Israel agreed to in the mediators’ proposal, which includes the release of about 120 militants and another 1,200 civilians.
English Caption
Palestinians wait to receive free food from a charity kitchen in Gaza City, on July 24, 2025. (Photo by Rizek Abdeljawad/Xinhua)