International Organizations
ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန် နောက်ကျောဒဏ်ရာ ခွဲစိတ်မှုခံယူရမည်ဖြစ်သဖြင့် သုံးလကြာ အနားယူရမည်

မက်ဒရစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်း ဂိုးသမားဖြစ်သူ မာ့ခ်-အန်ဒရေ တာစတီဂျန်က ၎င်း၏နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က ကြေညာခဲ့ရာ ၎င်းအနေဖြင့် အနည်းဆုံးသုံးလခန့် အနားယူရတော့မည်ဟု သိရသည်။
ပြီးခဲ့သည့်ရာသီတွင် ပြင်းထန် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရသည့် ဂျာမနီလက်ရွေးစင် ကစားသမား တာစတီဂျန်အဖို့ ခက်ခဲသော ကာလနှင့် ရင်ဆိုင်နေရချိန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ၎င်းဒဏ်ရာရရှိနေချိန်တွင် ဝါရင့် ပိုလန်ဂိုးသမား ရှက်ဇနီအား ခေါ်ယူအားဖြည့်ခဲ့သလို ယခုလအစောပိုင်းကလည်း ရှက်ဇနီအား စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့သည်။ ထို့အတူ ဘာစီလိုနာအနေဖြင့် အက်စပန်ညိုဂိုးသမား ယိုအန် ဂါစီယာအား စာချုပ်လျော်ကြေး ယူရို ၂၅ သန်းပေးချေ၍ ခေါ်ယူခဲ့ပြီးနောက် ကစားသမားများ၏ လုပ်ခလစာကို ထိန်းညှိလျှော့ချရန် ပြင်ဆင်လျက်ရှိရာ အသင်း၌ တာစတီဂျန်၏ အနာဂတ်မှာ မရေမရာရှိလာခဲ့ပြီဖြစ်သည်။
“ဒီနေ့ဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့နေ့တစ်နေ့ပါပဲ” ဟု တာစတီဂျန်က အင်စတာဂရမ်၌ ရေးသားခဲ့ပြီး ၎င်းအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝလာပြီဟု ခံစားမိသော်လည်း ကံမကောင်းစွာဖြင့် ဒဏ်ရာပြဿနာမှ ရုန်းထွက်နိုင်ခြင်း မရှိသေးဟု ပြောကြားခဲ့သည်။
“ဘာစီလိုနာအသင်း ဆေးအဖွဲ့နဲ့ရော ပြင်ပက ပညာရှင်တွေနဲ့ပါ အလေးအနက် ဆွေးနွေးပြီးနောက် ကျွန်တော် အပြည့်အဝ ပြန်လည်ကောင်းလာဖို့ အမြန်ဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းက နောက်ကျောဒဏ်ရာကို ခွဲစိတ်မှုခံယူဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။
ယခုတစ်ကြိမ်မှာ တာစတီဂျန်အဖို့ ဒုတိယအကြိမ် နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှု ဖြစ်လာမည်ဟု သိရသည်။ ၎င်းအနေဖြင့် ပထမတစ်ကြိမ် ခွဲစိတ်မှုခံယူပြီးနောက် ၆၆ ရက်ကြာ အနားယူခဲ့ရကြောင်း၊ ယခုတစ်ကြိမ်တွင်မူ အန္တရာယ်တစ်စုံတစ်ရာ မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် သုံးလခန့်အနားယူရန် လိုအပ်လိမ့်မည်ဟု ဆရာဝန်များက ယူဆကြောင်း တာစတီဂျန်က အလေးအနက်ပြောကြားခဲ့သည်။
သို့ဖြစ်ရာ တာစတီဂျန်အနေဖြင့် ယခုတစ်ကြိမ် ခွဲစိတ်မှုခံယူရာတွင် အနည်းဆုံး အောက်တိုဘာလကုန်အထိ အနားယူရမည်ဖြစ်ရာ ဘာစီလိုနာအသင်းက ပထမရာသီဝက်အတွက် ပထမအသင်းလူစာရင်း၌ ၎င်းအား ထည့်သွင်းမှတ်ပုံတင်ဖွယ်မရှိသလို ၎င်းအနေဖြင့်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အပြောင်းအရွှေ့ဈေးကွက် ပြန်မဖွင့်မီအချိန်အထိ အသင်းပြောင်းရွှေ့နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Back operation to sideline Ter Stegen for three months
MADRID, July 24 (Xinhua) — Marc-Andre ter Stegen will be out for at least three months after the FC Barcelona goalkeeper announced on Thursday that he will undergo surgery for a back injury.
The news comes at a difficult time for the German international, who missed nearly all of last season with a torn cruciate knee ligament.
Barcelona signed Wojciech Szczesny to cover his absence and renewed the Polish goalkeeper’s contract earlier this month. The club has also activated the 25 million euros release clause to bring in Joan Garcia from Espanyol, casting doubt on ter Stegen’s place in the squad as the club looks to trim its wage bill.
“Today is a personally difficult day for me,” ter Stegen wrote on Instagram, adding that he felt “in very good shape, although unfortunately I am not free from pain.”
“After intensive discussions with the FC Barcelona medical team and external experts, the quickest and safest way for me to fully recover is through back surgery.”
This will be the goalkeeper’s second back operation. He noted that he missed 66 days after the first procedure, but that “this time, the doctors believe about three months will be necessary as a precaution, to avoid any risks.”
The operation means ter Stegen will be sidelined until at least the end of October, making it unlikely that Barcelona will register him in the first-team squad for the first half of the season. It also all but rules out a transfer before the window reopens in January 2026.
English Caption
Germany’s goalkeeper Marc Andre ter Stegen fails to save the goal during the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)