Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တာဝန်ရှိသူများက နွေရာသီနှင့် ရေကြီးချိန်ကာလများတွင် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်း

တရုတ်နိုင်ငံ၊ မြို့တော် ပေကျင်းရှိ Beijing Ershang Meat Food Group Co., Ltd. တွင် ဝန်ထမ်းများက အသားများ ဖြတ်တောက်သည့်လုပ်ငန်း ဆောင်ရွက်နေကြပုံကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က တွ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးကော်မရှင်ရုံးက နွေရာသီ ပိတ်ရက်ကာလနှင့် ရေကြီးချိန်ကာလများအတွင်း စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် ဒေသဆိုင်ရာ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးရုံးများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ဈေးကွက်ကြီးကြပ်ရေး စီမံအုပ်ချုပ်မှုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါအကြောင်းကြားစာတွင် လုပ်ငန်းခွင်များ၊ အဆောက်အအုံများ၊ စက်ကိရိယာများ၊ ကုန်ကြမ်းဝယ်ယူမှု၊ ပြုပြင်ထုတ်လုပ်မှု၊ သိုလှောင်စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ်များကို ဘက်ပေါင်းစုံမှ ပြည့်စုံစွာ အကဲဖြတ်ရန် တိုက်တွန်းထားသည်။

ဆန်၊ ဂျုံ၊ စားသုံးဆီ၊ အသား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များအပါအဝင် မရှိမဖြစ်လိုအပ်သော အစားအသောက်ပစ္စည်းများအပေါ် ကြီးကြပ်မှုကို ဒေသဆိုင်ရာ တာဝန်ရှိသူများက တိုးမြှင့်လုပ်ဆောင်ရန်လည်း ယင်းအကြောင်းကြားစာတွင် အလေးပေးဖော်ပြထားသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ် အုပ်စုများအတွက် ထုတ်လုပ်ထားသည့် အစားအသောက်များအပြင် ရေကြီးရေလျှံမှုဒဏ်ခံရသော ဒေသများတွင် ထုတ်လုပ်သည့်၊ လှူဒါန်းသည့် သို့မဟုတ် ရောင်းချသည့် အစားအသောက်များကိုလည်း အထူးကြပ်မတ်ရန် တိုက်တွန်းထားသည်။

တရားမဝင် သို့မဟုတ် စည်းကမ်းမလိုက်နာသည့် လုပ်ဆောင်မှုများ တွေ့ရှိပါက ချက်ချင်းစစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါအကြောင်းကြားစာတွင် ဖော်ပြထားပြီး၊ ရေကြီးရေလျှံမှုဒဏ်ခံရသော ဒေသများနှင့် ကျေးလက်ဒေသများ၊ ဆင်းရဲနွမ်းပါးသော မြို့ပြရပ်ကွက်များကဲ့သို့သော အဓိကနေရာများတွင် အတုအပ၊ အရည်အသွေးနိမ့်၊ သက်တမ်းကုန် သို့မဟုတ် မသန့်ရှင်းသော အစားအသောက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပြင်းထန်စွာ နှိမ်နင်းရန်လည်း အဆိုပါအကြောင်းကြားစာတွင် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
—————————————-
English Version
Chinese authorities urge boosted food safety measures during summer, flood season

BEIJING, July 26 (Xinhua) — The office of the food safety commission of the State Council has issued a notice urging local food safety offices to boost food safety measures during the summer vacation and flood season, according to the State Administration for Market Regulation.
The notice urges the comprehensive assessment of risks in premises, facilities, equipment, the procurement of raw materials, processing, storage management and the health of personnel.
It emphasizes that local authorities should strengthen their supervision over essential food items, including rice, flour, cooking oil, meat, eggs, dairy products and condiments. Particular focus should be placed on foods intended for vulnerable population groups such as infants or elderly people, as well as foods that are produced, donated to or sold in areas impacted by flooding.
Any evidence of illegal or non-compliant practices should prompt immediate verification processes and legal action, the notice says, urging a stringent crackdown on the production and distribution of counterfeit, substandard, expired or contaminated foods in flood-hit areas and key regions, such as rural areas and rundown urban communities.

English Caption
Staff members work on the meat segmenting line at the Beijing Ershang Meat Food Group Co., Ltd. in Beijing, capital of China, July 15, 2020. [Photo/Xinhua]