Connect with us

Asia

ထိုင်းနိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် ဆန္ဒရှိဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထပ်လောင်းပြောကြား

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းရှိ အော့ဒါမင်ချေးပြည်နယ်မှ နေရပ်စွန့်ခွာလာသည့် ဒေသခံများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားစစ်တပ်နှင့် ထိုင်းစစ်တပ်တို့အကြား “ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန်” ကမ္ဘောဒီးယားနိုင်ငံက ဆန္ဒရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ဇူလိုင် ၂၇ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။ဟွန်မန်နက်က ၎င်းအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇူလိုင် ၂၆ ရက် ညပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း အော့ဒါမင်ချေးပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း တစ်ခု၌ နေရပ်စွန့်ခွာလာသည့် ကမ္ဘောဒီးယား ပြည်သူများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆွေးနွေးမှုအတွင်း ထရမ့်က စစ်သည်များနှင့် အရပ်သားများ အပါအဝင် နှစ်ဖက်စလုံးတွင် လူအများအပြား သေဆုံး/ဒဏ်ရာရရှိစေမည့် စစ်ပွဲ သို့မဟုတ် တိုက်ပွဲဖြစ်ပွားမှုကို မြင်တွေ့လိုခြင်းမရှိကြောင်း၊ နှစ်နိုင်ငံအကြား အမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရရှိသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်ဟု ဟွန်မန်နက်က ဆိုသည်။
“ကမ္ဘောဒီးယားနိုင်ငံက နှစ်ဖက်စစ်တပ်အကြား ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူလက်ခံကြောင်း မိမိအနေနဲ့ သမ္မတကြီး ဒေါ်နယ်ထရမ့်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး အကြောင်းပြန်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဆွေးနွေးရန် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်သူ ပရက်ခ် ဆိုခွန်းအား တာဝန်ပေးထားကြောင်း ဟွန်မန်နက်က ဆိုသည်။ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲလျက်ရှိသည်။ (Xinhua)

………………………………………………………………….
(English Version)
Cambodian PM reiterates willingness for “immediate and unconditional ceasefire” along border with Thailand
PHNOM PENH, July 27 (Xinhua) — Cambodian Prime Minister Hun Manet on Sunday reiterated Cambodia’s willingness for an “immediate and unconditional ceasefire” between the armed forces of Cambodia and Thailand.
In a social media post, Hun Manet said he had a phone discussion on Saturday night with U.S. President Donald Trump over the issue of armed clashes along the Cambodia-Thailand border.
During the conversation, Trump expressed his desire not to see war or fighting that would lead to many deaths and injuries on both sides, including soldiers and civilians, and wished to see an immediate ceasefire and peace between the two countries, said Hun Manet.
“In response, I made it clear to Honorable President Donald Trump that Cambodia agreed with the proposal for an immediate and unconditional ceasefire between the two armed forces,” he said.
Hun Manet said he had assigned Prak Sokhonn, Cambodian deputy prime minister and minister of foreign affairs and international cooperation, to discuss with U.S. Secretary of State Marco Rubio over the ceasefire proposal.
Clashes in the border areas between Cambodia and Thailand began on Thursday, with both sides accusing each other of violating international law.
English Caption 1
Residents evacuate from the Thailand-Cambodia border area in Oddar Meanchey province, Cambodia on July 24, 2025. (Photo by Phal Lim/Xinhua)
English Caption 2
Cambodian evacuees from Cambodia-Thai border conflict gather at a refuge in Oddar Meanchey province, Cambodia on July 26, 2025. (Photo by Sao Khuth/Xinhua)