Connect with us

Social, Education & Health

တရုတ်နိုင်ငံ အစိုးရက ဗီယက်နမ်ကျောင်းသား ၃၄ ဦးအား ပညာသင်ဆု ချီးမြှင့်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုး ပြည်နယ်၊ Gui'an New Area ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှုသီတင်းပတ် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားကျောင်းသားကိုယ်စားလှယ်များ တက်ရောက်နေကြပုံကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသည် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် တရုတ်နိုင်ငံ အစိုးရပညာသင်ဆု ရရှိခဲ့ကြသည့် ဗီယက်နမ်ကျောင်းသား ၃၄ ဦးအား ကျောင်းဝင်ခွင့်လက်မှတ်များ ပေးအပ်သည့် အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့ကြောင်း သိရသည်။ပညာသင်ဆုရရှိသူများအား မိမိတို့၏ ကိုယ်ပိုင်ခြေလှမ်းများဖြင့် တရုတ်နိုင်ငံကို စူးစမ်းလေ့လာရန်၊ အသိပညာဖြင့် ဘဝကို ပြောင်းလဲရန်နှင့် ရိုးသားမှုဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး He Wei က ဇူလိုင် ၂၄ ရက်တွင် အားပေးတိုက်တွန်းခဲ့သည်။

ပညာသင်ဆုရရှိသူများအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီတိုးတက်မှုမှ လှုံ့ဆော်မှုများ ရယူကာ မိမိတို့၏ ငယ်ရွယ်နုပျိုမှုနှင့် ဉာဏ်ပညာကို ဆိုရှယ်လစ်စနစ်အတွက် မြှုပ်နှံပြီး၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု တိုးတက်စေရေးအတွက် ပံ့ပိုးကူညီနိုင်လိမ့်မည်ဟုလည်း ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ငုယင်ဟိုင်တန်းက ဗီယက်နမ်နိုင်ငံ၏ ပညာရေးကဏ္ဍအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

တန်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ပ၌ ရောက်ရှိနေချိန်ကို တန်ဖိုးထားရန်၊ ကြိုးစားလေ့လာရန်နှင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်များဖြစ်လာစေရန်အပြင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရေးတံတားတစ်ခုဖြစ်လာစေရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန်လည်း အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
English Version
34 Vietnamese students awarded Chinese government scholarship

HANOI, July 27 (Xinhua) — The Chinese Embassy in Vietnam recently held a ceremony to present admission letters to 34 Vietnamese students who have been awarded Chinese government scholarships for academic year 2025/26.
Chinese Ambassador to Vietnam He Wei on Thursday urged the recipients to discover China with their own footsteps, transform their lives with knowledge, and forge friendships with sincerity.
He also expressed hope that they would draw inspiration from China’s modernization, dedicate their youth and wisdom to the cause of socialism, and contribute to mutual understanding between the peoples of the two nations.
Nguyen Hai Thanh, deputy director general of the International Cooperation Department under Vietnam’s Ministry of Education and Training, thanked China for its support to Vietnam’s education sector.
Thanh called on the students to cherish their time abroad, study diligently, and strive to become both pillars of their nation’s development and a bridge of friendship between Vietnam and China.

English Caption
Representatives of foreign students attend the opening ceremony of the 2024 China-ASEAN Education Cooperation Week in Gui’an New Area, southwest China’s Guizhou Province, Aug. 21, 2024. (Xinhua/Tao Liang)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.