Culture & Entertainment
တရုတ်နိုင်ငံက စိုက်ပျိုးရေးထုတ်ကုန်များ သုံးစွဲမှု အရှိန်မြှင့်တင်ရေး လုပ်ဆောင်မည်

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက စိုက်ပျိုးရေးထုတ်ကုန်များ သုံးစွဲမှု အရှိန်မြှင့်တင်ရေးအတွက် ထောက်ပံ့မှုများ ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် ဝယ်လိုအားကို လှုံ့ဆော်ရန် ရည်ရွယ်သည့် လမ်းညွှန်ချက်များကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် အခြားအစိုးရဌာန ကိုးခုတို့က ပူးပေါင်းထုတ်ပြန်သည့် ယင်းလမ်းညွှန်ချက်များသည် စားသုံးသူများ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စိမ်းလန်းပြီး အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ထောက်ပံ့မှုကို အထိရောက်ဆုံး အသုံးချရန် တိုက်တွန်းထားသည်။
စိမ်းလန်းပြီး သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားသည့် မူရင်းဒေသထွက်ကုန်များနှင့် လက်မှတ်ရ ထုတ်ကုန်များအတွက် စံနှုန်းများကို မြှင့်တင်ရန်၊ အရည်အသွေး အကဲဖြတ်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်းကို မြှင့်တင်ရန်၊ ပုံစံသစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ကုန်ပစ္စည်းအသစ်များ ဖန်တီးရန်နှင့် ဒေသတွင်းထူးခြားသော အစားအစာများကို ဆန်းသစ်တီထွင်ရန်အတွက် အစီအမံများကိုလည်း အဆိုပါ လမ်းညွှန်ချက်များတွင် သီးခြားဖော်ပြထားသည်။
ဖြန့်ဖြူးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့်ပတ်သက်၍ အဆိုပါလမ်းညွှန်ချက်များက ထုတ်လုပ်မှု၊ ထောက်ပံ့မှုနှင့် စျေးကွက်ရှာဖွေမှုတို့ကို ပိုမိုကောင်းမွန်စွာ ချိန်ညှိရေးအပေါ် အလေးပေးထားပြီး၊ ပွဲတော်နှင့် ပြပွဲပလက်ဖောင်းများ ဖန်တီးခြင်း၊ သုံးစွဲမှုအခြေအနေများ ကြွယ်ဝစေခြင်း၊ e-commerce ၏ အားသာချက်များကို အသုံးချခြင်းနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့အတွက် အော့ဖ်လိုင်း ရောင်းချမှုလမ်းကြောင်းများကို အသေးစိတ်အစီအမံများဖြင့် ချဲ့ထွင်ရန်လည်း တိုက်တွန်းထားသည်။
စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ပြီး သုံးစွဲမှုနေရာအသစ်များ ဖန်တီးကာ ပြည်တွင်းနှင့် နိုင်ငံတကာစားသုံးသူစျေးကွက်များအကြား ပူးပေါင်းဆောင်ရွက်မှုကို လှုံ့ဆော်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါလမ်းညွှန်ချက်များအရ သိရသည်။ (Xinhua)
——————————————————
English Version
China to promote consumption of agricultural products
BEIJING, July 27 (Xinhua) — China on Sunday released a set of guidelines to boost consumption of agricultural products, with efforts to optimize supply and stimulate demand.
These guidelines, jointly issued by the Ministry of Agriculture and Rural Affairs and nine other government departments, urge efforts to make the most effective use of the supply of green and high-quality agricultural products to meet multi-tiered consumer demands.
The guidelines specifically outline measures to elevate standards for green, organic, geographically indicated and certified products, promote quality evaluation and grading, develop new-type processed goods and innovate local specialty foods.
Regarding circulation innovation, the guidelines focus on better aligning production, supply and marketing — while broadening offline sales channels, with detailed arrangements for creating festival and exhibition platforms, enriching consumption scenarios, leveraging e-commerce advantages and promoting inter-regional cooperation.
Efforts will be made to advance the integration of agriculture, culture and tourism to create new consumption spaces and stimulate synergy between domestic and international consumer markets, according to the guidelines.
English Caption
An aerial drone photo taken on Feb. 18, 2025 shows farmers operating agricultural machines to carry out field management in Qiaocheng District of Bozhou City, east China’s Anhui Province. (Photo by Liu Qinli/Xinhua)