Politics, Law & Military
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာ၊ တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးက ရှန်ဟိုင်းစိတ်ဓာတ်အရ ကူးလူးဖလှယ်မှု အဆင့်မြှင့်တင်ရေးအား တိုက်တွန်း

ကျိန့်ကျိုး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ကျိန့်ကျိုးမြို့တွင် ဇူလိုင် ၂၅ ရက်၌ ကျင်းပခဲ့ပြီး ရှန်ဟိုင်းစိတ်ဓာတ် ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြသလို SCO မူဘောင်အတွင်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မီဒီယာနှင့် ပညာရှင်ပိုင်းအား ပေါင်းစည်းပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုအရ ဆင်ဟွာသတင်းဌာန၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ (CASS) နှင့် ဟဲနန်ပြည်နယ်အစိုးရတို့ ပူးတွဲကြီးမှူးကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
“ရှန်ဟိုင်းစိတ်ဓာတ် မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ထိပ်သီးအစည်းအဝေးကို SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့အစည်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ ကိုယ်စားလှယ်များ ဆုံစည်းကြခြင်းသည် ပိုမိုနီးကပ်သော SCO အေးအတူပူအမျှအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးအား အထူးအလေးထားခြင်းလည်း ဖြစ်သည်။
ယင်းထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၅ ရက်၌ ကျင်းပခဲ့ခြင်းဖြစ်ကာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးပြုမှု၊ သာတူညီမျှရှိမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ယဉ်ကျေးမှုအမျိုးမျိုးကို လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လျှောက်လှမ်းမှု စသည်တို့အား အလေးထားဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကျင်းပသောနေရာ၌ အစည်းအဝေး တက်ရောက်သူတစ်ဦးက တရုတ်ရိုးရာဝတ်စုံ စမ်းသပ်ဝတ်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထို့ပြင် ရှန်ဟိုင်းစိတ်ဓာတ်အရ တတ်သိပညာရှင်များနှင့် မီဒီယာများအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းနှင့် SCO အတွင်း ကူးလူးဖလှယ်မှုနှင့် စည်းလုံးညီညွတ်မှု မြှင့်တင်ရေး အားကောင်းခိုင်မာသောအလားအလာကို ပေးစွမ်းလျက်ရှိသည်ဟု အစည်းအဝေး တက်ရောက်လာသူများက ယုံကြည်ထားကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5s4
……………………………………..
(English Version)
Xinhua Headlines: SCO media, think tank summit calls for enhanced exchange under Shanghai Spirit
ZHENGZHOU, July 25 (Xinhua) — The Shanghai Cooperation Organization (SCO) Media and Think Tank Summit held its plenary session in Zhengzhou on Friday, emphasizing the importance of upholding the Shanghai Spirit and uniting the media and academia to advance exchange and cooperation within the SCO framework.
The ongoing SCO Media and Think Tank Summit, co-hosted by Xinhua, the Chinese Academy of Social Sciences (CASS) and the Henan provincial government under the guidance of the State Council Information Office, is taking place in the capital of central China’s Henan Province, beginning on Wednesday and ending on Sunday.
Themed “Upholding the Shanghai Spirit to Build a More Beautiful Home,” the event gathered more than 400 representatives of nearly 200 media outlets, think tanks and government agencies from SCO member states, observer states and dialogue partners, as well as international and regional organizations.
As the SCO Summit in Tianjin approaches, the gathering of media and think tank representatives is of great significance to building a closer SCO community with a shared future.
The summit’s plenary session held on Friday emphasized the importance of upholding the Shanghai Spirit of mutual trust, mutual benefits, equality, consultation, respect for the diversity of civilizations, and the pursuit of common development.
Participants believe that under the Shanghai Spirit, think tanks and the media play crucial roles and offer strong potential in promoting exchange and unity within the SCO. xhtxs.cn/5s4
Photo 1, 2: This photo taken on July 25, 2025 shows a scene at the plenary session of the Shanghai Cooperation Organization (SCO) Media and Think Tank Summit in Zhengzhou, capital of central China’s Henan Province. (Xinhua/Gao Jie)
Photo 3: A participant (R) of the Shanghai Cooperation Organization (SCO) Media and Think Tank Summit tries traditional Chinese attire at the venue of the summit in Zhengzhou, central China’s Henan Province, July 25, 2025. (Xinhua/Bai Xueqi)