Connect with us

International Organizations

အာဆင်နယ်အသင်းက ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အား ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ၌ ဖင်လန်အသင်းမှ ဆာကူ လာတူပါ (အောက်) နှင့် ဆွီဒင်အသင်းမှ ဗစ်တာ ယိုကယ်ရက်စ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်အား ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း (ဒေါ်လာ ၇၄ သန်း)၊ ဖြစ်နိုင်ဖွယ်ရှိသော အပိုဆုကြေး ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ယိုကယ်ရက်စ်အနေဖြင့် ဇူလိုင် ၂၆ ရက်က ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီးနောက် လန်ဒန်အခြေစိုက် ကလပ်အသင်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကာ ရာသီကြို ခြေစမ်းပွဲကစားရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ၎င်း၏ အသင်းဖော်အသစ်များနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။

“ဒါက ကျွန်တော့်အတွက် သင့်တော်တဲ့အသင်းဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြီးခဲ့သည့် ရာသီတွင် ပေါ်တူဂီလိဂ်၌ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ယိုကယ်ရက်စ်က ပြောကြားခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလက အာဆင်နယ်အသင်းအား အိမ်ကွင်း၌ ၁-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်အတွက် အဓိကအ‌ကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ရာသီက ကျွန်တော် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတုန်းက သူတို့အသင်းက သိပ်ကိုအင်အားတောင့်တင်းပြီး ရင်ဆိုင်ဖို့ သိပ်ခက်ခဲတဲ့ အသင်းတစ်သင်းပဲလို့ ကျွန်တော် အမှန်တကယ် ယူဆမိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“အဲဒါကြောင့်ပဲ ကျွန်တော် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာပါ။ ဒီအသင်းဟာ ခမ်းနားတဲ့သမိုင်းကြောင်းနဲ့ ကြီးမားလှတဲ့ ပရိသတ်အင်အားကို ပိုင်ဆိုင်ထားပါတယ်” ဟု ယိုကယ်ရက်စ်က ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် အသင်းပရိသတ်များကို အလွန်နှစ်သက်သဘောကျမိသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

အာဆင်နယ်နည်းပြ မစ်ကယ် အာတေတာက အဆိုပါတိုက်စစ်မှူး ရောက်ရှိလာသည့်အပေါ် ကြိုဆိုခဲ့ကြောင်း သိရသည်။ “ဗစ်တာမှာ အရည်အသွေးတွေ အများကြီးရှိပါတယ်။ သူဟာ လျင်လျင်မြန်မြန် ကစားအားကောင်းကောင်းနဲ့ တိုက်စစ်မြားဦးမှာ ‌နေရာယူကစားလေ့ရှိပြီး ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ မယုံနိုင်လောက်တဲ့ သွင်းဂိုးအရေအတွက်ကို သွင်းယူထားပါတယ်” ဟု ၎င်းက ဆိုသည်။

“သူဟာ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း မြင့်မားပြီး အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နိုင်စွမ်းရှိသလို ဂိုးဧရိယာထဲမှာ အကွက်မြင်မြင် ရွေ့လျားမှုတွေနဲ့လည်း ပြိုင်ဘက်ကို အဆက်မပြတ် ခြိမ်းခြောက်နိုင်ပါတယ်” ဟု အာတေတာက ဆက်လက်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အကြိတ်အနယ် လှုပ်ရှားနေပြီး စပိန်လက်ရွေးစင် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ၊ ဘရန့်ဖို့ဒ်ကွင်းလယ်လူ ခရစ်ရှန် နော်ဂ့ါဒ်၊ ချဲလ်ဆီးကစားသမားများဖြစ်သည့် ကယ်ပါနှင့် နိုနီ မာဒူအက်ကေ၊ ဗလင်စီယာအသင်းမှ ယူ-၂၁ နောက်ခံလူ ခရစ္စသီယန် မော့စကယ်ရာတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ (Xinhua)
………………………………………………………………………….
(English Version)
Arsenal signs striker Gyokeres on 5-year deal
LONDON, July 26 (Xinhua) — Arsenal has sealed the signing of Swedish striker Viktor Gyokeres from Sporting Lisbon for 55 million pounds (74 million U.S. dollars), with a possible extra 8.5 million pounds in incentives.
Gyokeres has agreed a five-year deal with the London-based club after passing his medical tests on Saturday and will now join up with his new teammates in Singapore.
“I just felt that it was the right club for me,” said the 27-year-old, who netted 39 league goals in Portugal last season, adding that his side’s 5-1 defeat at home to Arsenal in the UEFA Champions League last November had been a factor in his decision.
“When I was playing against Arsenal last season, I could really feel it was a very strong team and very difficult to play against.”
“That made me choose Arsenal, and of course all the history the club has and the massive fanbase,” he said, adding that he was also impressed by the club’s supporters.
Arsenal coach Mikel Arteta welcomed the arrival of the striker. “Viktor has so many qualities. He is a quick and powerful presence up front, with incredible goalscoring numbers at club and international levels.”
“He brings a clinical edge with a high conversion rate of chances into goals, with his intelligent movement in the box making him a constant threat,” added Arteta.
Arsenal has been busy in this summer’s transfer market, with the arrival of players such as Spain international midfielder Martin Zubimendi, Christian Norgaard from Brentford, Chelsea duo Kepa Arrizabalaga and Noni Madueke, and Valencia’s Spain under-21 defender Cristhian Mosquera.
English Caption
Saku Ylatupa (bottom) of Finland vies with Viktor Gyokeres of Sweden during the international friendly soccer match in Doha, capital of Qatar, Jan. 8, 2019. (Xinhua/Nikku)