Asia
ဘင်္ဂလားဒေ့ရှ် လေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးအား တရုတ်ဆေးအဖွဲ့က ဆက်လက်ကုသမှုပေး

ဒါကာ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့် တတိယဆေးရုံမှ ဆေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှ ဒဏ်ရာရရှိသူအား ဘင်္ဂလားဒေ့ရှ် မီးလောင်ဒဏ်ရာနှင့် ရုပ်ပြင်ခွဲစိတ်ကုသမှုပညာ အင်စတီကျု (Bangladesh Institute of Burns and Plastic Surgery) တွင် ဇူလိုင် ၂၆ ရက်၌ ဆက်လက်ကုသပေးခဲ့ကြသည်။
ဆရာဝန်များနှင့် သူနာပြုများသည် ဒဏ်ရာရလူနာအား ဒဏ်ရာကို ရောဂါကူးစက်မှုမှ ကာကွယ်ခြင်းနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်ဆရာဝန်များအား အကြံဉာဏ်များနှင့် လူနာအား စောင့်ရှောက်ရေးနည်းလမ်းများကို ပေးအပ်ခြင်း၊ လူနာ၏ အခြေအနေများအား စစ်ဆေးခြင်း၊ ခွဲစိတ်ကုသမှုများ၌ ပါဝင်ခြင်း၊ ဒဏ်ရာများသန့်စင်ပေးရေးနှင့် အနာဆေးထည့်ပတ်တီးစည်းပေးရေး၌ ကူညီလုပ်ဆောင်ပေးခြင်း၊ သွေလွှတ်ကြောပေါက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးခြင်းများ စသည့်လုပ်ငန်းစဉ်များကို ဇူလိုင် ၂၆ ရက်က လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးအဖွဲ့သည် စင်ကာပူနှင့် အိန္ဒိယမှ ဆေးအဖွဲ့များ အပါအဝင် ဘင်္ဂလားဒေ့ရှ်ဆရာဝန်များနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။
တရုတ်ဆေးအဖွဲ့ ခေါင်းဆောင် လျိုစူးဟွာက ၎င်းတို့အဖွဲ့သည် ဒဏ်ရာရသူအား ကုသရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းအား ပံ့ပိုးကူညီနိုင်သမျှအရာအားလုံး လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ အရေးပေါ်ဆေးဝါးကူညီရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒါကာမြို့တွင် ဇူလိုင် ၂၆ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသာစုဘဝဖူလုံရေးဝန်ကြီးဌာန အတွင်းဝန် Md Saidur Rahman အပါအဝင် အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆရာဝန်များ တက်ရောက်ခဲ့ကြသည်။
ထိုဆေးဝါးကူညီရေးပစ္စည်းများတွင် လိုအပ်သောဆေးဝါးများနှင့် ခွဲစိတ်ခန်းသုံးကိရိယာများ အမျိုးအစား ၂,၀၀၀ ကျော် ပါဝင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံးနှင့် ဝူဟန့် တတိယဆေးရုံတို့က ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးများသည် ဘင်္ဂလားဒေ့ရှ်ဘက်၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံဘက်က အရေးပေါ် ပေးပို့ခဲ့ခြင်းဖြစ်ကာ တာဝန်သိနိုင်ငံကြီးတစ်နိုင်ငံအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အချင်းချင်း ကူညီရိုင်းပင်းခြင်းနှင့် ကောင်းတူဆိုးဖက် အတူတကွရပ်တည်မည်ဟူသော နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုအဖြစ်လည်းကောင်း တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို ရောင်ပြန်ဟပ်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း ယောင်က ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်များပေါ် အခြေခံ၍ တတ်စွမ်းနိုင်သမျှ အကူအညီများ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောခဲ့သည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ် မီးလောင်ဒဏ်ရာနှင့် ရုပ်ပြင်ခွဲစိတ်ကုသမှုပညာ အင်စတီကျု (Bangladesh Institute of Burns and Plastic Surgery) တွင် လူနာတစ်ဦးအား ခွဲစိတ်ကုသမှု မပြုလုပ်မီ ရင်ဘတ်ဓာတ်မှန် X-ray အား ကြည့်ရှုနေသော တရုတ်ဆေးအဖွဲ့ ခေါင်းဆောင် လျိုစူးဟွာ (ဝဲ) နှင့် လုပ်ဖော်ဆောင်ဖက်နှစ်ဦးတို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Chinese medical team continues treatment of injured in Bangladeshi plane crash
DHAKA, July 27 (Xinhua) — The Chinese medical team from Wuhan Third Hospital on Saturday continued to treat the injured from a plane crash that happened on July 21 in Dhaka, capital of Bangladesh, at the Bangladesh Institute of Burns and Plastic Surgery.
The doctors and nurses on Saturday offered advice to the Bangladeshi doctors about preventing wound infection and the methods of routine care for the injured, checked the patients’ conditions, performed operations, offered assistance on cleaning the wounds and changing the dressings, and assisted in arterial punctures.
The medical team also held consultations with Bangladeshi doctors, along with medical teams from Singapore and India.
Liu Shuhua, leader of the Chinese medical team, said that they are willing to do whatever they can to support and assist the Bangladeshi side in treating the injured.
Also on Saturday, the handover ceremony of China’s emergency medical supplies to Bangladesh was held here. Chinese Ambassador to Bangladesh Yao Wen and Md Saidur Rahman, secretary of the Ministry of Health and Family Welfare of Bangladesh, along with other officials and doctors, attended the event.
The medical supplies include more than 2,000 items of necessary medicines and surgical instruments, which were supplied by the Foreign Affairs Office of Yunnan Province and the Wuhan Third Hospital of China.
At the ceremony, Yao said that the batch of medical supplies was urgently dispatched by the Chinese side at the request of Bangladesh, reflecting China’s humanitarian spirit as a responsible major country, as well as the deep friendship between China and Bangladesh in helping each other and standing together through thick and thin.
He affirmed that China would continue to provide assistance within its capacity based on Bangladesh’s needs.
Photo 1: Liu Shuhua (L), leader of the Chinese medical team, performs a surgery on a patient at the Bangladesh Institute of Burns and Plastic Surgery in Dhaka, Bangladesh, July 26, 2025. (Xinhua)
Photo 2: Liu Shuhua (R), leader of the Chinese medical team, and two colleagues take a chest X-ray for a patient ahead of a surgery at the Bangladesh Institute of Burns and Plastic Surgery in Dhaka, Bangladesh, July 26, 2025. (Xinhua)