China
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး အာကာသကဏ္ဍက ပိုမိုတောက်ပသောအနာဂတ်ကို အားအင်ဖြည့်တင်းပေး

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး အာကာသကဏ္ဍသည် အောင်မြင်မှုအသီးအပွင့်များ ရရှိထားပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်သို့ပင် ရှေးရှုလျှောက်လှမ်းလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့်အပိုင်း၌ ဧည့်သည်တော် ဆွေးနွေးသူများက ပြောကြားခဲ့ကြသည်။
လွန်ခဲ့သည့်လအနည်းငယ်က တရုတ်အာကာသလုပ်ငန်း GalaxySpace သည် တရုတ်နိုင်ငံ၏ အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်း broadband ဆက်သွယ်ရေးစမ်းသပ်ဂြိုဟ်တုအစုအဝေးအား အခြေခံထားသည့် မိုဘိုင်း-ဂြိုဟ်တု ဆက်သွယ်ရေးနည်းပညာကို အောင်မြင်စွာသရုပ်ပြနိုင်ခဲ့သည်။
အဆင့်မြင့်နည်းပညာများက နောက်ဆုံး၌ ပြည်သူနှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုရမည်ဖြစ်ကြောင်း GalaxySpace ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ ကောင်းချန်းဖုန်းက ပြောခဲ့ပြီး ယင်းကုမ္ပဏီအနေဖြင့် သုတေသန၊ ထုတ်လုပ်မှုနှင့် အသုံးပြုမှုအား ပိုမိုကောင်းမွန်စွာ ပေါင်းစည်းမှုကို ရှာဖွေလျက်ရှိကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဆန်းသစ်တီထွင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားတာဖြစ်ပြီး ထင်သာမြင်သာရှိတဲ့ ရလဒ်တွေ ပေးစွမ်းတဲ့ တီထွင်ဆန်းသစ်မှုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ကောင်းက ဆိုသည်။
၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော GalaxySpace ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ဂြိုဟ်တုအင်တာနက် solutions ပံ့ပိုးသူနှင့် ဂြိုဟ်တုထုတ်လုပ်သူ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းကုမ္ပဏီအား တရုတ်နိုင်ငံအတွင်း စီးပွားဖြစ် လေကြောင်းအာကာသကဏ္ဍ၌ ပထမဆုံး နည်းပညာကုမ္ပဏီအဖြစ်လည်း အသိအမှတ်ပြုထားကြောင်း သိရသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် GalaxySpace ကုမ္ပဏီကဲ့သို့ ၎င်းတို့၏ ဆန်းသစ်တီထွင်မှုစွမ်းဆောင်ရည် မြှင့်တင်သည့် စီးပွားရေးလုပ်ငန်းများအား အထောက်အကူပြုရေး အစီအမံများကို လုပ်ဆောင်လျက်ရှိသည်။
ကြိုးပမ်းအားထုတ်မှုများက နိုင်ငံအဆင့် သိပ္ပံ-နည်းပညာ တီထွင်ဆန်းသစ်မှုဆိုင်ရာ မူဝါဒချမှတ်ရာတွင် နက်နက်ရှိုင်းရှိုင်းပါဝင်လာစေရန် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို သုတေသနနှင့် တိုးတက်မှု (R&D) ရင်းနှီးမြှုပ်နှံမှု ခိုင်မာအားကောင်းရန် စီးပွားရေးလုပ်ငန်းများကို ဆက်လက်တွန်းအားပေးမည်ဖြစ်ကာ R&D ကော်ပိုရိတ်အောင်မြင်မှုများ စီးပွားဖြစ်လက်ခံကျင့်သုံးမှု ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူ Qin Haoyuan က ပြောခဲ့သည်။
“နိုင်ငံရဲ့ မူဝါဒပိုင်း ပံ့ပိုးမှုနဲ့အတူ ကျွန်တော်တို့အနေနဲ့ စီးပွားရေးလုပ်ငန်းသုံး အာကာသကဏ္ဍရဲ့ သင့်တင့်လျောက်ပတ်တဲ့ တိုးတက်မှုကို အဆင့်သစ်ဆီ မြှင့်တင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Gao က ဆိုသည်။ (Xinhua)
……………………………………..
(English Version)
(China Economic Roundtable) China’s commercial space sector powers ahead to brighter future
BEIJING, July 28 (Xinhua) — China’s commercial space sector has already notched up fruitful achievements and is moving forward to an even better future, according to guest speakers on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
A few months ago, Chinese space firm GalaxySpace successfully demonstrated mobile-to-satellite communication technology based on the country’s first low-Earth orbit broadband communication test constellation.
Advanced technologies must ultimately serve the public and society, said Gao Qianfeng, co-founder and vice president of the company, adding that the firm is exploring the better integration of research, production and application.
“We will be determined to innovate and believe that innovation delivers tangible results,” said Gao.
Established in 2018, GalaxySpace is a leading satellite internet solutions provider and satellite manufacturer in China. It was also recognized as the first unicorn company in commercial aerospace in the country.
In recent years, China has taken measures to help enterprises like GalaxySpace improve their innovation capability.
Efforts will continue to be made in supporting enterprises to deeply participate in national sci-tech innovation policymaking, encourage enterprises to strengthen research and development (R&D) investment, and accelerate the commercial adoption of corporate R&D breakthroughs, said Qin Haoyuan, an official with the Ministry of Science and Technology.
“With the country’s policy support, we are confident that we can propel development of the commercial space sector to a new phase,” said Gao.
Photo: This photo taken on Jan. 8, 2025 shows the Tianlu-1 satellite developed by China’s private satellite manufacturer GalaxySpace at the Jiuquan Satellite Launch Center in northwest China. (GalaxySpace/Handout via Xinhua)