Connect with us

International Organizations

မန်ချက်စတာစီးတီးအသင်းက ဂိုးသမား ထရက်ဖို့ဒ်အား ပြန်လည်ခေါ်ယူ

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ရှိ Camping World ဘောလုံးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-G ပွဲစဉ်တစ်ပွဲအဖြစ် အီတလီကလပ် ဂျူဗင်တပ်စ်အသင်းနှင့် အင်္ဂလန်ကလပ် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ မန်ချက်စတာစီးတီး ကစားသမားများ အသင်းလိုက် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီးအသင်းက ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်အား ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း (ဒေါ်လာ ၃၆.၂ သန်း) ဖြင့် ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကာ ထရက်ဖို့ဒ်အနေဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂလန် ယူ-၂၁ အသင်းတွင် ၁၉ ပွဲ ပါဝင်ကစားထားသည့် အသက် ၂၂ နှစ်အရွယ် ထရက်ဖို့ဒ်အနေဖြင့် ဘန်လေအသင်း၌ နှစ်ရာသီကြာ ကစားပြီးနောက် မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
“ဒါက ကျွန်တော့်အတွက် သိပ်ကောင်းပါတယ်” ဟု မန်ချက်စတာစီးတီးအသင်း ဝက်ဘ်ဆိုက်တွင် ထရက်ဖို့ဒ်က မှတ်ချက်ပြုခဲ့သည်။ “မန်စီးတီးအတွက် ကစားခွင့်ရဖို့က ကျွန်တော် ၁၂ နှစ်သားအရွယ်မှာ ဒီအသင်းကို ရောက်လာပြီးကတည်းက ထားရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တစ်ခုပါ” ဟု ၎င်းက ဆိုသည်။
ကနဦးအနေဖြင့် ထရက်ဖို့ဒ်မှာ ကာလိုင်းယူနိုက်တက်မှ မန်ချက်စတာစီးတီးသို့ ၂၀၁၅ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် ပထမအသင်းတွင် ပွဲထွက်ခွင့်မရခဲ့သော်လည်း အက်ခရင်တန် စတန်လေ၊ ဘော်လ်တန် ဝမ်းဒါးရားစ်အသင်းတို့ထံ အငှားထွက်ကစားခဲ့ရာတွင် လက်စွမ်းပြနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် ဘော်လ်တန်အသင်းအတွက် ကလပ်စံချိန်တင်အဖြစ် clean sheet ၂၆ ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွင် ဘန်လေအသင်းသို့ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့ရာ ဘန်လေအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသည့်နှစ်တွင် ၂၈ ပွဲ ပါဝင်ကစားခဲ့ပြီး ယမန်နှစ် ရာသီတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ခွင့် ရခဲ့စဉ်က ပထမဦးစားပေး ဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့သည်။
ထရက်ဖို့ဒ်မှာ ချန်ပီယံရှစ်တွင် ၄၆ ပွဲ ကစားခဲ့ရာ ၁၆ ဂိုးသာ ခွင့်ပြုခဲ့ရပြီး ပေးဂိုးအနည်းဆုံးစံချိန်ကို ရယူနိုင်ခဲ့ကာ တစ်ရာသီလုံးတွင် clean sheet ၂၉ ကြိမ် ရရှိအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့သည်။
“ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခရီးက တစ်မူထူးခြားနေတယ်ဆိုတာ သိပါတယ်။ ကျွန်တော် ဒီကိုပြန်လာနိုင်မယ်လို့ အမြဲတမ်း ယုံကြည်ထားတာပါ။ ဒီအသင်းကနေ ထွက်ခွာခဲ့တုန်းက တစ်နေ့ကျရင် ကျွန်တော် ဒီကိုပြန်လာနိုင်မယ်လို့ အမြဲတမ်း ယုံကြည်ထားတာပါ။ ဒီအခိုက်အတန့်ကို ရောက်လာဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ” ဟု ထရက်ဖို့ဒ်က ထပ်လောင်းပြောကြားခဲ့သည်။
၎င်းအနေဖြင့် နည်းပြ ပက်ပ် ဂွါဒီယိုလာလက်အောက်တွင် ပထမဂိုးသမားနေရာအတွက် ဘရာဇီးဂိုးသမား အီဒါဆန်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ နောက်ထပ်ဂိုးသမားတစ်ဦးဖြစ်သူ စတီဖန် အော်တေဂါမှာမူ အသင်းမှထွက်ခွာဖွယ်ရှိကာ ဘန်လေအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)


………………..
(English Version)
Manchester City re-signs goalkeeper Trafford
LONDON, July 29 (Xinhua) — Manchester City has re-signed goalkeeper James Trafford from Burnley for a fee of 27 million pounds (36.2 million U.S. dollars), with Trafford signing a five-year contract.
The move sees the 22-year-old, who has played 19 times for the England Under-21 team, return to the club after two seasons with Burnley.
“It’s brilliant for me,” commented Trafford on the Manchester City website.
“To play for Man City has been one of my goals since I joined the club when I was 12 years old.”
Trafford initially joined Manchester City from Carlisle United in 2015 and although he never made his first-team debut, he enjoyed successful loan spells with Accrington Stanley and Bolton Wanderers, setting a club record of 26 clean sheets in a season for the latter in the 2022-23 campaign.
He then joined Burnley for the 2023-24 season for 19 million pounds, making 28 appearances as the club was relegated from the Premier League, while last season he was first choice as the club won promotion back to the top-flight.
Trafford conceded a record-low 16 goals in 46 Championship matches and keeping an incredible 29 clean sheets in the season.
“I know my journey would look differently and throughout it, I always believed I would be coming back. When I left, I always believed that one day I would be back, and I’ve worked to achieve this moment,” added Trafford.
He will compete with Brazilian goalkeeper Ederson to be first choice for Manchester City coach Pep Guardiola, while Stefan Ortega looks likely to leave the club, with Burnley a possible destination.
English Caption
Players of Manchester City pose for photo before the group G match between Italy’s Juventus FC and England’s Manchester City at the FIFA Club World Cup 2025 at the Camping World Stadium, Orlando, the United States, June 26, 2025. (Xinhua/Huang Zongzhi)