Connect with us

Asia

ဂျပန်နိုင်ငံ အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စတင်

တိုကျို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အထက်လွှတ်တော် (ဒိုင်းယက်လွှတ်တော်ရှိ အထက်လွှတ်တော်) ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို ဇူလိုင် ၃ ရက်တွင် တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
၁၇ ရက် ကြာမြင့်မည့် ယခုမဲဆွယ်စည်းရုံးမှုသည် လက်ရှိ အောက်လွှတ်တော်တွင် အနည်းစုဖြစ်နေသည့် အာဏာရညွန့်ပေါင်းအဖွဲ့အနေနှင့် အပြိုင်အဆိုင် အမတ်နေရာ ၁၂၅ နေရာအနက် အနည်းဆုံး ၅၀ နေရာ အနိုင်ရရှိခြင်းဖြင့် အထက်လွှတ်တော်တွင် အများစုအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်းရှိမရှိဆိုသည့် အချက်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၁၉ ဦးသည် ရွေးကောက်ပွဲနယ်မြေများနှင့် အချိုးကျကိုယ်စားပြုစနစ်များတွင် မှတ်ပုံတင်ထားကြောင်း NHK ရုပ်သံလိုင်းက ဖော်ပြခဲ့ပါသည်။ ထိုအထဲတွင် အမျိုးသမီး ၁၅၂ ဦး ပါဝင်ပြီး ကိုယ်စားလှယ်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနီးပါး ရှိကာ ဂျပန်နိုင်ငံ ရွေးကောက်ပွဲသက်တမ်းတစ်လျှောက် ဒုတိယအကြိမ် အမျိုးသမီးကိုယ်စားလှယ် အများဆုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်လာသည်။
ငွေကြေးဖောင်းပွမှု တုံ့ပြန်ဆောင်ရွက်နိုင်ရေးသည် ရွေးကောက်ပွဲ၏ အဓိကအကြောင်းအရာတစ်ခုဖြစ်နေပြီး၊ ပါတီများက ငွေသားတိုက်ရိုက်ပေးချေမှုများ၊ စားသုံးခွန်လျှော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်မှုကို ဖြေရှင်းရန် ကြားဝင်ဆောင်ရွက်မှုကဲ့သို့သော အစီအမံများကို ဆောင်ရွက်ရန် အဆိုပြုနေလျက်ရှိသည်။
ပင်စင်၊ လူမှုဖူလုံရေး၊ မွေးဖွားနှုန်းကျဆင်းမှုနှင့် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန် ဖိအားများကို တုံ့ပြန်မှုအပါအဝင် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍လည်း စကားစစ်ထိုးပွဲများ ဖြစ်လာနိုင်ဖွယ် ရှိကြောင်းသိရသည်။
မဲဆန္ဒပေးခြင်းကို ဇူလိုင် ၂၀ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။
ဂျပန်နိုင်ငံ အထက်လွှတ်တော်တွင် အမတ် ၂၄၈ ဦး ရှိပြီး အမတ် နေရာထက်ဝက်ခန့်အား ရွေးချယ်ရန် သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည်။ အာဏာရညွန့်ပေါင်းအဖွဲ့သည် လက်ရှိ အထက်လွှတ်တော်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်မရှိသည့် အမတ် ၇၅ နေရာအား ပိုင်ဆိုင်ထားသည်။ ယင်းမှာ အထက်လွှတ်တော်တွင် အမတ်နေရာ အများစုအား ဆက်လက်ထိန်းထားနိုင်ရန် လာမည့်ရွေးကောက်ပွဲတွင် နောက်ထပ် အမတ် နေရာ ၅၀ အနိုင်ရရန် လိုအပ်မည်ဖြစ်သည်။
လွှတ်တော်အမတ်များသည် ခြောက်နှစ်သက်တမ်း တာဝန်ထမ်းဆောင်ကြပြီး ရွေးကောက်ပွဲတွင် ဒေသန္တရ မဲဆန္ဒနယ်မြေများနှင့် နိုင်ငံအနှံ့ အချိုးကျကိုယ်စားပြုစနစ်ကို ရောနှောကျင့်သုံးခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Japan’s upper house election campaign kicks off
TOKYO, July 3 (Xinhua) — The election campaign for Japan’s House of Councillors, or the upper house of the Diet, was officially launched on Thursday.
The 17-day campaign will determine whether the ruling coalition, currently a minority in the lower house, can retain a majority in the chamber by securing at least 50 of the 125 contested seats.
A total of 519 candidates have registered across electoral districts and proportional representation, including 152 women, nearly 30 percent of the total, marking the second-highest female representation on record, national broadcaster NHK reported.
The central issue in the election is countering inflation, with parties proposing measures such as direct cash payments, reductions or abolition of the consumption tax, and interventions to address surging rice prices.
Additional debate is expected on pensions, social security, declining birthrates, and foreign policy, including responses to U.S. tariff pressures.
Voting is scheduled for July 20.
The upper house has 248 members, and elections are held every three years to choose about half of the seats. The ruling coalition currently holds a total of 75 non-contested seats in the House of Councillors, which means they need to win 50 more seats in the current election to maintain a majority in the Upper House.
Members serve a six-year term, and the election uses a mix of local districts and nationwide proportional representation.