Connect with us

Asia

တောင်ကိုရီးယား လွှတ်တော်က ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းမှုကို အတည်ပြု

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တောင်ကိုရီးယားလွှတ်တော် အစည်းအဝေး တက်ရောက်နေသော ကင်မင်-ဆော့ခ် (အရှေ့) အား တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS via Xinhua)

ဆိုးလ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ လွှတ်တော်က ကင်မင်-ဆော့ခ် (Kim Min-seok) အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရေး အမည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၃ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
အာဏာရ ဒီမိုကရက်တစ်ပါတီ၏ သက်တမ်းလေးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်နေသူ ဥပဒေပြုအမတ် ကင်အား ခန့်အပ်ရေးကို ထောက်ခံမဲ ၁၇၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ပယ်မဲ ၃ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အာဏာရပါတီ ထိန်းချုပ်ထားသော အမတ် ၃၀၀ ရှိသည့် အမျိုးသားလွှတ်တော်၏ အတိုက်အခံ ကွန်ဆာဗေးတစ် ပြည်သူ့အင်အားပါတီ ဥပဒေပြုအမတ်များက ကင်အား ဆန္ဒအလျောက် နုတ်ထွက်မှုရန် တိုက်တွန်းလျက် အဆိုပါ မဲပေးခြင်းကိုလည်း ပယ်ချခဲ့ကြောင်း သိရသည်။
ကင်အား တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ၎င်းတာဝန်ထမ်းဆောင်ချိန် ဇွန် ၄ ရက်တွင် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)
………………….
(English Version)
S. Korea’s parliament approves prime minister nominee
SEOUL, July 4 (Xinhua) — South Korea’s parliament approved the appointment of prime minister nominee Kim Min-seok on Thursday.
The motion to appoint Kim, the ruling Democratic Party’s four-term lawmaker, was approved with 173 votes in favor, three against and three invalid.
Of the 300 members of the ruling party-controlled National Assembly, lawmakers of the conservative opposition People Power Party refused to vote on it, calling for Kim’s voluntary resignation.
Kim was nominated as prime minister on June 4 when President Lee Jae-myung took office.
Photo: Kim Min-seok (front) attends a meeting of South Korea’s parliament in Seoul, South Korea, July 3, 2025. (NEWSIS via Xinhua)