North America
ကယ်လီဖိုးနီးယား တောမီး တစ်ညတည်းနှင့် ဧက ၅၀,၀၀၀ ကျော်အထိ ပျံ့နှံ့

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းရှိ တောမီးလောင်မှုသည် ဇူလိုင် ၃ ရက်အထိ တစ်ညတာအတွင်း လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ပြီး အဝေးပြေးလမ်းမကြီး တစ်စိတ်တစ်ပိုင်းကို ပိတ်ထားခဲ့ရကြောင်း သိရသည်။
ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) မှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆန်လူးဝစ် အိုဘီစပိုခရိုင်တွင် စတင်လောင်ကျွမ်းခဲ့သော ‘Madre’ တောမီးသည် ဇူလိုင် ၃ ရက် ညနေပိုင်းအထိ ဧက ၅၂,၅၉၃ (၂၁၂.၈ စတုရန်းကီလိုမီတာ) အထိ ပျံ့နှံ့ခဲ့ပြီး မီးထိန်းချုပ်နိုင်မှု ၅ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။
“တောမီးက တစ်ညလုံး ဆက်လက်ပြင်းထန်စွာ လောင်ကျွမ်းနေပြီး၊ လေဝင်လေထွက်ရှိတဲ့ တောင်ကြောထိပ်တွေနဲ့ မြေမျက်နှာပြင်အနိမ့်ပိုင်းတွေမှာ အလျင်မြန်ဆုံးနှုန်းနဲ့ ပျံ့နှံ့နေပါတယ်” ဟု Cal Fire က လက်ရှိအခြေအနေကို ဖော်ပြခဲ့ပြီး၊ ယခုတောမီးသည် ယခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် အကြီးဆုံးတောမီးဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဆန်လူးဝစ် အိုဘီစပိုခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီး ၁၆၆ အနီးတွင် နေထိုင်ကြသော ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်များ ထုတ်ပြန်ထားပြီး အဝေးပြေးလမ်းမကြီး၏ လမ်းပိုင်းအချို့ကိုလည်း ပိတ်ထားခဲ့ရသည်။
တောမီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version )
Wildfire in California spreads to over 50,000 acres in one night
LOS ANGELES, July 3 (Xinhua) — A wildfire in central California rapidly expanded overnight into Thursday, forcing evacuations and a partial highway shutdown as the massive blaze grew.
According to the latest data released by the California Department of Forestry and Fire Protection (Cal Fire), the Madre Fire, ignited Wednesday afternoon in San Luis Obispo County, had spread to 52,593 acres (212.8 square km) as of Thursday evening, with only 5 percent containment.
“The fire continues to burn actively throughout the night, with greatest rates of spread observed on exposed ridge tops and drainages in alignment,” the Cal Fire described the current situation, adding that the fire is the largest in California so far this year.
Evacuation orders have been issued near Highway 166 in the county and part of the highway has been closed.
The cause of the wildfire is under investigation.
This photo taken on Sept. 7, 2024 shows a wildfire in San Bernardino County, California, the United States. (Photo by Qiu Chen/Xinhua)