Connect with us

International Organizations

ချဲလ်ဆီးနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်၌ ပါလ်မီးရက်စ်အတွက်သာ အီစတေဗို အာရုံစိုက်ကစားမည်

ဖီလာဒဲလ်ဖီးယား၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ပါလ်မီးရက်စ်အသင်း၏ ဆယ်ကျော်သက် တောင်ပံကစားသမား အီစတေဗိုအနေဖြင့် ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ၎င်း၏ ကလပ်အသင်းသစ်ဖြစ်လာမည့် ချဲလ်ဆီးနှင့် ရင်ဆိုင်ရာတွင် အာရုံထွေပြားခြင်းမရှိဘဲ လက်ရှိအသင်းအတွက်သာ အာရုံစိုက်ကစားမည်ဖြစ်ကြောင်း ပါလ်မီးရက်စ် နည်းပြဖြစ်သူ အာဘယ်လ် ဖာရဲရားက ပြောကြားခဲ့သည်။
အသက် ၁၈ နှစ်အရွယ် အီစတေဗိုမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့မည်ဖြစ်သော်လည်း လက်ရှိတွင် ပါလ်မီးရက်စ်အသင်း ချန်ပီယံဖြစ်ရေးအတွက်သာ အာရုံစိုက်ထားဆဲဖြစ်သည်ဟု ဖာရဲရားက ဆိုသည်။
“ဆွေးနွေးမှုတွေ ပြုလုပ်တုန်းက ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကို သူကိုယ်တိုင်ရော ကလပ်အသင်းဘက်ကပါ သိထားပြီးပါပြီ” ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဖာရဲရားက သတင်းထောက်များကို ပြောကြားခဲ့သည်။
အီစတေဗိုမှာ ကလပ်ကမ္ဘာ့ဖလားတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း အဆိုပါ ဘရာဇီးလက်ရွေးစင်ကစားသမားမှာ ပါလ်မီးရက်စ်အသင်း ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု နည်းပြဖာရဲရားက ဆိုသည်။ အသင်း၏ အတောက်ပဆုံး ကြယ်ပွင့်ဖြစ်သော အီစတေဗိုမှာ ဖီလာဒဲလ်ဖီးယားတွင် အံ့မခန်း စွမ်းဆောင်မှုများကို ထပ်မံပြသနိုင်မည်ဟုလည်း ၎င်းက မျှော်လင့်ထားသည်။
“သူ အမြဲတမ်းလုပ်နေကျအတိုင်းပဲ လုပ်သွားပါလိမ့်မယ်။ သူကျွန်တော်တို့အသင်းမှာ ရှိနေတုန်းမို့လို့ သူဖြည့်ဆည်း‌ပေးရမယ့် တာဝန်တွေ ရှိနေပါသေးတယ်။ ပါလ်မီးရက်စ်မှာ သူ့ရဲ့အချိန်တွေ ပြီးဆုံးသွားပြီဆိုရင်တော့ သူ့ရဲ့အသင်းသစ်အတွက် ဆက်ပြီးဖြည့်ဆည်းပေးရမှာပါ” ဟု ဖာရဲရားက ဆိုသည်။
ပါလ်မီးရက်စ်မှာ ၁၆ သင်းအဆင့်၌ ပြည်တွင်းပြိုင်ဘက် ဘိုတာဖိုဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သလို ချဲလ်ဆီးကလည်း ဘင်ဖီကာကို အချိန်ပိုတွင် ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………..
(English Version)
Palmeiras’ Estevao focused as he faces future club Chelsea
PHILADELPHIA, July 3 (Xinhua) — Palmeiras manager Abel Ferreira says teenage winger Estevao won’t be distracted when he faces future club Chelsea in Friday’s Club World Cup quarterfinal.
Estevao is set to join the Premier League side after the tournament, but the 18-year-old remains focused on the Brazilian club’s title push, according to Ferreira.
“He and the club already knew that this could happen when negotiations were taking place,” Ferreira told reporters on the eve of the match.
Estevao is yet to register a goal or an assist in the tournament, but Ferreira said the Brazil international had been vital in Palmeiras’ march to the last eight. He expects another influential performance from his brightest star in Philadelphia.
“He will do what he has always done and while he is with us, he will have tasks to fulfill,” Ferreira said. “After his time at Palmeiras ends, he will fulfill them in the new group.”
Palmeiras reached the quarterfinals by beating Brazilian rivals Botafogo 1-0 in the round of 16 while Chelsea advanced with a 4-1 extra-time win over Benfica.