Connect with us

Africa & Middle East

ဂါဇာဒေသ၏ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဟု အစ္စရေးစစ်တပ် ပြော

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးလုပ်ဆောင်နေပုံကို အစ္စရေးကာကွယ်ရေးတပ်က ၂၀၂၅ ခုနှစ် မေ ၁၉ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Israel Defense Forces/Handout via Xinhua)

ဂျေရုဆလမ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၆၅ ရာခိုင်နှုန်းကျော်ကို စစ်ရေးအရ ထိန်းချုပ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ဇူလိုင် ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်နှင့်အတူ အဓိကအားဖြင့် ဂါဇာဒေသ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စရေးထိန်းချုပ်ထားသော နယ်မြေများကို ဖော်ပြသည့် စစ်သုံးမြေပုံနှင့် ယင်းဒေသအနှံ့၌ IDF တပ်ခွဲများ တပ်ဖြန့်ချထားပုံတို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်အနေဖြင့် မတ်လအတွင်း ဂါဇာစစ်ဆင်ရေး ပြန်လည်စတင်ချိန်က ယင်းဒေသ၏ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးရုပ်သံ Channel 12 News ၏ အဆိုအရ သိရသည်။
လွန်ခဲ့သော သီတင်းပတ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာဒေသ၌ အကြီးတန်းတပ်မှူးလေးဦး အပါအဝင် စစ်သွေးကြွ ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း IDF က သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးလေတပ်ကလည်း မတ်လ ၁၈ ရက်မှစ၍ လက်နက်တိုက်များ၊ ဒုံးကျည်ပစ်လွှတ်သည့်နေရာများ၊ မြေအောက်ဘန်ကာများ အပါအဝင် စစ်ဘက် အခြေခံအဆောက်အအုံ ၇,၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော အစ္စရေး၏ ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်း ၅၇,၁၃၀ ဦးထက်မနည်း သေဆုံးကာ ၁၃၅,၁၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဇူလိုင် ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


……………..
(English Version)
Israeli army claims control of 65 pct of Gaza
JERUSALEM, July 4 (Xinhua) — The Israel Defense Forces (IDF) announced in a statement Friday that it currently maintains operational control of over 65 percent of the Gaza Strip.
The statement was accompanied by a military map highlighting areas under Israeli control, primarily in the north, south, and eastern parts of the enclave, along with the deployment of IDF divisions across the region.
According to Israel’s Channel 12 News, when the Israeli military resumed its offensive in Gaza in March, it set a goal of controlling 75 percent of the territory.
The IDF reported that over the past week, its forces have killed more than 100 militants in Gaza, including four senior commanders. Since March 18, the Israeli Air Force has struck over 7,500 military infrastructure, including weapons depots, rocket launch sites, and underground bunkers.
Israel’s offensive in Gaza, which began in October 2023, has resulted in at least 57,130 documented Palestinian deaths and 135,173 injuries, according to Gaza’s health authorities on Thursday.
English Caption
The photo released by Israel Defense Forces on May 19, 2025 shows Israeli troops during an operation in the Gaza Strip. (Israel Defense Forces/Handout via Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.