Politics, Law & Military
လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်သော ရေတပ်စစ်ရေယာဉ်စု၏ အလည်အပတ် ခရီးစဉ်အား ဟောင်ကောင်တွင် ချီးကျူးထောမနာပြု

ဟောင်ကောင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်သော စစ်ရေယာဉ်စုသည် ဟောင်ကောင်သို့ ပထမဆုံးအကြိမ် အလည်အပတ်ခရီးစဉ် သွားရောက်လျက်ရှိရာ ထိုခရီးစဉ်အား နိုင်ငံ၏ စစ်အင်အားကို ထုတ်ဖော်ပြသမှု အဖြစ်သာမက ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား ဆက်ဆံရေး ခိုင်မာနက်ရှိုင်းစေရန် ဦးတည်သော ခြေလှမ်းတစ်ရပ်အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက်ရှိသည်။လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း၊ ဒုံးကျည်တင် ဖျက်သင်္ဘော ယန်အန်း၊ ဒုံးကျည်တင် ဖျက်သင်္ဘော ကျန့်ကျန်းနှင့် ဒုံးကျည်တင် ဖရီးဂိတ်စစ်သင်္ဘော ယွင့်ချိန်တို့မှာ ငါးရက်ကြာ အလည်အပတ်ခရီးစဉ် စတင်သည့်အနေဖြင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) သို့ ဇူလိုင် ၃ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသတွင် ဆန်းတုန်း လေယာဉ်တင်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ လာရောက်လည်ပတ်သူများအား ဖျော်ဖြေနှုတ်ခွန်းဆက်နေသည့် စစ်သည်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ ရေတပ်စစ်ရေယာဉ်စု ရောက်ရှိလာသည့်နေ့တွင် ဟောင်ကောင်ဒေသခံ ရာပေါင်းများစွာက ကမ်းခြေတစ်လျှောက်တွင် စုဝေးကာ ကြည့်ရှုခဲ့ကြပြီး ဒေသတွင်း မီဒီယာများကလည်း အပြေးအလွှား လာရောက်သတင်းယူခဲ့ကြသည်။
PLA ဟောင်ကောင်မြို့စောင့်တပ်၏ ခိုင်ခိုင်မာမာ အခြေချတည်ရှိမှု၊ ခေတ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ထားသော ရေတပ်စစ်ရေယာဉ်စု၏ ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုတို့က “အရှေ့တိုင်း၏ ပုလဲရတနာ” ဟူ၍ တင်စားခေါ်ဝေါ်သည့် ဟောင်ကောင်ဒေသကို အရှိန်အဝါ ပိုမိုထွန်းလင်းတောက်ပစေကာ ဟောင်ကောင်အား “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအရ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင်စေလျက် ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ရာတွင် နိုင်ငံ၏ စွမ်းပကားနှင့် သန္နိဋ္ဌာန်ချမှုတို့ကို ထင်ဟပ်စေသည်ဟု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အကြီးအကဲ လီကျားချောင်းက ပြောကြားခဲ့သည်။
HKSAR အစိုးရ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ် Chan Kwok-ki ကလည်း လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း၏ ကုန်းပတ်ပေါ်တွင် ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေတပ်စစ်ရေယာဉ်စု၏ အလည်အပတ်ခရီးစဉ်မှာ ဟောင်ကောင်လူထုအနေဖြင့် အမိနိုင်ငံ၏ စစ်ရေးအင်အားကို မျက်ဝါးထင်ထင် ပိုမိုသိရှိနားလည်လာစေသလို နိုင်ငံ၏ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာကြီးမြတ်မှုတို့အပေါ် ကျောင်းသားလူငယ်များ၏ သိရှိနားလည်မှုကို မြှင့်တင်ရာတွင်လည်း အထောက်အကူဖြစ်စေမည်ဟု ၎င်းက ယုံကြည်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4W3
……………………………………
(English Version)
Naval fleet led by Shandong aircraft carrier visit wins praise in Hong Kong
HONG KONG, July 5 (Xinhua) — A fleet of the Chinese People’s Liberation Army (PLA) Navy led by the aircraft carrier Shandong made its first visit to Hong Kong, a move widely seen as not only a demonstration of military strength but also a step toward deepening ties between Hong Kong and the mainland.
The naval fleet, comprising the aircraft carrier Shandong, the Yan’an missile destroyer, the Zhanjiang missile destroyer, and the Yuncheng missile frigate, arrived in Hong Kong on Thursday to begin a five-day visit.
On the day the naval fleet arrived, hundreds — if not thousands — of Hong Kong residents gathered along the shore to watch. Local media rushed to cover the story.
Chief executive of China’s Hong Kong Special Administrative Region (HKSAR) John Lee said that both the steadfast presence of the PLA garrison in Hong Kong and the cordial visit by the modernized naval fleet have made the “Pearl of the Orient” shine brighter, reflecting the country’s ability and determination in safeguarding peace, while allowing Hong Kong, under “one country, two systems,” to continue to play its part in the nation’s development.
Chief Secretary for Administration of the HKSAR government Chan Kwok-ki attended the deck reception on the Shandong aircraft carrier. He believed the visit by the naval fleet allowed the wider public in Hong Kong to witness the strength of the country’s military and would help enhance students’ sense of national identity and pride. xhtxs.cn/4W3
English Caption 1
A visitor poses for photos on the aircraft carrier Shandong in Hong Kong, south China, July 5, 2025. (Xinhua/Zhu Wei)
English Caption 2
Soldiers perform for visitors on the deck of the aircraft carrier Shandong in Hong Kong, south China, July 5, 2025. (Xinhua/Zhu Wei)